Author: admin
-
စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော
စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော ထားအိ/People’s Spring ပြည်ထောင်စုရှေ့နေချုပ်ဆိုသူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။ လတ်တလော လေ့လာတွေ့ရှိရသော အချက်အလက်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ထားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍတွင် အလွဲသုံးစားပြုမှုများ၏ စိုးရိမ်ဖွယ်ရာ အတိုင်းအတာကို မီးမောင်းထိုးပြနေသည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၆ရက်တွင်ကျင်းပသော(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ပြောသည်။ အဆိုပါအစည်းအဝေး အစီအစဉ်အမှတ် ၈၅ – ” ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့်…
-
မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ
မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအကြား အချင်းချင်း စကားများ ရန်ဖြစ်ကြကြောင်း၊ မြ၀တီမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများအဖြစ် သတ်မှတ်ပြီး…
-
Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို
Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို ရန်ကုန်၊ အောက်တိုဘာ ၁၉ မန္တလေးရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို ယမန်နေ့ ညနေပိုင်း ပစ်ခတ်ခံရကြောင်း မန္တလေးရှိ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းအကြား ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲသံလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ စစ်နှင့်ပျူစောထီးများ လိုက်ပါသော Double Cab စစ်ကားတစ်စီးမှာလည်း အတင်းမောင်းပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…
-
တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ▪️KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်ရောက်
တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ▪️KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်ရောက် ဟန်နွေ/People’s Spring တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့(အောက်တိုဘာ ၁၈) ညတွင် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။ စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေနှင့် ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ပန်ဝါမြို့ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ ပန်ဝါအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးအောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကို ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ “စခ စခန်းကုန်ပြီ မရှိတော့ဘူး။…
-
မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ) အောက်တိုဘာ ၁၈၊ ၂၀၂၄ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad – TNI အဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို Dragon Squad အဖွဲ့သားတွေက မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)၊ (၂) တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
-
စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ…
စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ… အောက်တိုဘာ ၁၈ ၊ ၂၀၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃…
-
ရန်ကုန်မှာ ဧည့်စာရင်း စည်းကမ်းသတ်မှတ်ချက်စာအုပ်နဲ့ ပြောင်းတိုင်ခိုင်းပြီးနောက် ဧည့်စာရင်းတိုင်ခ နှစ်ဆမြင့်တက်
ရန်ကုန်မှာ ဧည့်စာရင်း စည်းကမ်းသတ်မှတ်ချက်စာအုပ်နဲ့ ပြောင်းတိုင်ခိုင်းပြီးနောက် ဧည့်စာရင်းတိုင်ခ နှစ်ဆမြင့်တက် CJ Platform ရန်ကုန်မြို့မှာ အခုအောက်တိုဘာလ ဒုတိယအပတ်အတွင်းကစလို့ ဧည့်စာရင်းတိုင်ရာမှာ စည်းကမ်းသတ်မှတ်ချက်တွေ အများအပြားရေးသားထားတဲ့ စာအုပ်တွေနဲ့ ဧည့်စာရင်းပြောင်းတိုင်နေရတယ်လို့ ဧည့်စာရင်းနဲ့နေထိုင်သူတွေဆီကနေ သိရပါတယ်။ အရင် ဗလာစာအုပ်နဲ့ ဧည့်စာရင်းတိုင်နေရာကနေ မြို့နယ် ထွေ/အုပ်ရုံးတံဆိပ်တွေအပါအဝင် စည်းကမ်းသတ်မှတ်ချက်တွေထည့်ရေးထားတဲ့ ဧည့်စာရင်းစာအုပ်တွေနဲ့ ရပ်/ကျေးရုံးတွေဆီ သွားတိုင်လာရတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။ အဲဒီလိုပြောင်းပေးပြီးနောက် ဧည့်စာရင်းတိုင်ခတွေလည်း မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ အင်းစိန်မြို့နယ်မှာ စာအုပ်ဖိုး ၁၅၀၀ အပြင် အရင် ကျပ် ၅၀၀ လောက်ပဲ ဧည့်စာရင်းတိုင်ခပေးရပေမဲ့ အခုတော့ ၁၀၀၀ ကျပ်ကောက်ခံနေတယ်လို့ သိရပါတယ်။ “တိုင်နေကျဗလာစာအုပ်မှာ ဓာတ်ပုံကပ်ပြီး အဲဒီလိုမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ရက်ကမှ အသစ်သွားတိုင်တော့ စာအုပ်ပြောင်းပေးလိုက်တာ။…
-
⭐️ သတင်းကောင်းကို RCS လုပ်ကြပါ⭐️
⭐️ သတင်းကောင်းကို RCS လုပ်ကြပါ⭐️ တောင်ကိုရီးယားရောက် တော်လှန်ပြည်သူတို့အတွက် စစ်ကောင်စီသံရုံး ဆိုတာ မလိုအပ်တော့ပါ။ တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအဖွဲ့ဝင် တော်လှန်ပြည်သူများကို သတင်းကောင်းပေးလိုက်ပါတယ်။ နိုင်ငံရေးခိုလှုံခွင့်ကမရ၊ passport က သက်တန်းမရှိ၊ အိုဗာစတေးဖြစ်ရတော့မယ့် အခြေအနေရောက်ပြီး စိတ်ဒုက္ခရောက်မနေကြပါနဲ့။ အခွန်တွေ လတိုင်းဆောင်ပြီး လူသ-တ်အားပေးလုပ်နေရလို့ စိတ်မညစ်ပါနဲ့။ တော်လှန်ရေးအဖွဲ့များ အနေနဲ့ NUG ရုံးက ပတ်စပို့သက်တမ်း တိုးပေးနေပါတယ်။ ဒါကို တောင်ကိုရီးယား လဝက က လက်ခံပါတယ်။ မိမိတို့ အဖွဲ့အတွင်း ပြန်လည် သတင်းဖြန့်ဝေကြပါ။ သတင်းကောင်းပါ။ ဒါကို မသိသေးတဲ့သူတွေ များနေပါတယ်။ စစ်ကောင်စီ သံရုံက ထုတ်ပြန်စာဟာ ပြည်သူတွေကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ တော်လှန်အဖွဲ့တွေအနေနဲ့ (လုံးဝ) စောင်ဂရုစိုက်စရာမလိုပါ။ တောင်ကိုရီးယား လဝကက လက်ခံထားတာမို့…
-
စွယ်တော်ကုန်းစခန်းသိမ်းပိုက်မှု ၁၂၀ မမ လက် နက်ကြီး ၂လက်နှင့် ပွိုင့်ဖိုက်စက်သေနတ် အပါအဝင် လက်နက်များစွာရဟု KNU ထုတ်ပြန် ▪︎ဒေသတွင်း ပြည်သူများကို လက်နက်ကြီးပစ်ခတ်ကျူးလွန်ခဲ့သည့် စခန်းကို ၇လကြာ ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေး
စွယ်တော်ကုန်းစခန်းသိမ်းပိုက်မှု ၁၂၀ မမ လက် နက်ကြီး ၂လက်နှင့် ပွိုင့်ဖိုက်စက်သေနတ် အပါအဝင် လက်နက်များစွာရဟု KNU ထုတ်ပြန် ▪︎ဒေသတွင်း ပြည်သူများကို လက်နက်ကြီးပစ်ခတ်ကျူးလွန်ခဲ့သည့် စခန်းကို ၇လကြာ ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေး ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီမြို့ လုံခြုံရေးအရေးပါသည့် စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီးနှင့် စက်သေနတ်ကြီးမပါအဝင် လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ် တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား KNLA ပူးပေါင်းတပ်က အောက်တိုဘာလ (၁၇)…
-
ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ
ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ ရန်ကုန်၊ အောက်တိုဘာ ၁၈ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းသို့ စေလွှတ်လျက်ရှိရာ ရှေ့တန်းရောက်ရှိချိန်တွင် စစ် တပ်အရာရှိများက အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ တပ်သားသစ်များကို မူးယစ်ဆေးဝါး တိုက်ကျွေး သုံးစွဲခိုင်းမှုများရှိနေကြောင်း စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်စခန်းများထံသို့ အပို့ခံရသည့် စစ်မှုထမ်းအပတ်စဉ် ၁ ဆင်း သင်တန်းသား တပ် သားသစ်တစ်ဦးက ၎င်းတို့တပ်မှ စစ်အရာရှိ ဗိုလ်ကြီးက ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲနိုးနိုးကြားရှိရန်အတွက် အားဆေးသောက်သုံးရန်လိုအပ်သည်ဟုဆိုကာ မက်သာဖက်တမင်း…