စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး


စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၄

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီး အလောဘွမ်တိုက်ပွဲအတွင်း KIA က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ရာ လေယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း ၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သန်းထွန်းလင်း ၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင် တို့သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးလာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ တွင် AA က ပစ်ချခဲ့ရာ ဗိုလ်မှူး စိုးမိုးလှိုင် ၊ DSA-47 သေဆုံးခဲ့ပြီး အဆိုပါ ရဟတ်ယာဉ် ပျက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ပလက်ဝ မြို့နယ်တွင် AA က တွေ့ရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေး မြို့သို့ စစ်ဆင်ရေး လာသော စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့သော်လည်း သေဆုံးသူအရေအတွက်နှင့် ရဟတ်ယာဉ်ပျက်ကိုမူ မတွေ့ခဲ့ရပေ။
၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ကရင်နီပြည်တွင် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင် နှင့် ဗိုလ် အောင်ဖြိုးကျော်
တို့ မောင်းနှင်တဲ့ လေယာဉ်အမှတ် ၃၉၃၅ K-8W တိုက်လေယာဉ်ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုံက ပစ်ချခဲ့ရာ ရွာသစ်ဒေသ အနီးတွင် ပျက်ကျခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၁၂၅/၂၀၂၃ ဖြင့် လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင် ကို “ ဗိုလ်မှူး/ သူရဘွဲ့ ” နှင့် ဗိုလ်အောင်ဖြိုးကျော် ကို “ ဗိုလ်ကြီး/ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ” ပေးအပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီပြည်တွင် လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး နှင့် တွဲဖက် လေယာဉ်မှူး ဗိုလ် ဇာနည်ထက်မောင် တို့ မောင်းနှင်တဲ့ K-8W အပေါ့စား တိုက်လေယာဉ်ကို ကရင်နီ တော်လှန်ရေး အင်အားစုများက ပစ်ချခဲ့ရာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး ကို ဖမ်းမိခဲ့ပြီး တွဲဖက် လေယာဉ်မှူး ပျောက်ဆုံးခဲ့သဖြင့် သေဆုံးသွားတယ်လို့ ယူဆရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် အခြေစိုက် အမှတ် ၂၇ ရဟတ်ယာဉ်အုပ်မှ လေယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့် ၊ ဗိုလ်ကြီး ကောင်းစံသိဏ်း ၊ ဗိုလ်ကြီး စိုးပိုင်ကျော် ၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း ၊ တပ်ကြပ်ကြီး စိုးလွင်ဦး ၊ တပ်ကြပ် ကြီး မျိုးမင်းဦး ၊ တပ်ကြပ်ကြီး ဝေယံဦး နှင့် တပ်ကြပ်ကြီး စွမ်းထက်အောင် တို့ လိုက်ပါသော Mi-17 ရဟတ်ယာဉ် ကို ဝိုင်းမော်မြို့နယ် နန်ဆန်ယန် အနီး KIA က ပစ်ချခဲ့ရာ အားလုံး သေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နာရေး ရက်လည်ဆွမ်းသွတ်ကို မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ရှမ်းမြောက်ဒေသတွင် လေယာဉ်မှူး ဗိုလ်မှူး ကျော်သူရ နှင့် တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး ကောင်းထက်စံ တို့ မောင်းနှင်တဲ့ FTC 2000 G တိုက်လေယာဉ်ကို KIA က ကွတ်ခိုင် နမ့်ဖတ်ကာတွင် ပစ်ချနိုင်ခဲ့ပြီး လေယာဉ်ပျက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ လေယာဉ်မှူးနှင့်တွဲဖက်လေယာဉ်မှူးမှာ လေယာဉ်ပျက်နှင့်အတူ သေဆုံးခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်သို့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ခမရ ၉ ယာယီတပ်ရင်းမှူး ဗိုလ်မှူး စိုးလွင်ထွန်း ၊ လေယာဉ်မှူး ဗိုလ်မှူး တိုးဦး၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီး ၁ ဦး၊ ဒရုန်းကျွမ်းကျင်အရာရှိ ဗိုလ်ကြီး ၁ ဦး ၊စက်ပြင် အရာခံဗိုလ် သို့မဟုတ် တပ်ခွဲ တပ်ကြပ်ကြီး ၁ ဦး တို့ လိုက်ပါသော Eurocopter AS 365 Dauphin သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ကို KNLA မှ ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့သည်။
🔴 ၂၀၂၄ မေ ၆ ကရင်နီ
Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ကရင်နီတပ်ပေါင်းစုက ဖားဆောင်း မြို့နယ်ထဲမှာ ပစ် ဘောလခဲ မြို့နယ်ထဲမှာ ပျက်ကျခဲ့ပြီး သေဆုံး အရေအတွက် မသိရပါ။
၂၀၂၅ ခုနှစ် မေ ၂၀ ရက်နေ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော Mi-17 1V သယ်ယူပို့ဆောင်ရေးကို ပစ်ချခဲ့ရာ ရဟတ်ယာဉ် လေယာဉ်မှူး ဗိုလ်ကြီး မျိုးထက်အောင် (DSA – 51) ၊ ဗိုလ်ကြီး ကျော်မြင့်ထူး (DSA – 52) နဲ့ ဗိုလ်ကြီး ချမ်းသာ (DSA – 53) တို့နှင့်အတူ စစ်ကူ ဗျူဟာမှူး အပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့သည်။ ရဟတ်ယာဉ်ပျက်ကို ရွှေကူမြို့နယ် စီငန်းရွာ အနီးတွင် ပြန်လည် တွေ့ရှိခဲ့ရသည်။
၂၀၂၅ ခုနှစ် မေ ၂၁ ရက်နေ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာရင်း ပစ်ခတ်ခံရမှုကြောင့် ရွှေကူမြို့တွင် ဆင်းသက်ထားသော Mi17 ရဟတ်ယာဉ်ကို KIA က အသေခံဒရုန်းဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကူလာသော F-7 တိုက် လေ ယာဉ် ကို PLA က ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်ကြီး နေမင်းကျော် သေဆုံးခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်နေ့ ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ ခလရ ၁၃၄ တပ် ရင်း စခန်းဌာနချုပ် သိမ်းတိုက်ပွဲတွင် စစ်ကူလာသော FTC 2000 G တိုက်လေ ယာဉ်ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ပစ်ချခဲ့ရာ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာ အနီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦး အလောင်း ကို တိုက် လေယာဉ်ပျက်နှင့်အတူ တွေ့ရှိရသည်။