Category: News

  • May-29မုန်တိုင်းအထူးသတင်းမုန်တိုင်းကြီးဝင်မဲ့လမ်းကြောင်းမြေပုံနဲ့တကွထွက်လာပြီ-

    May-29မုန်တိုင်းအထူးသတင်းမုန်တိုင်းကြီးဝင်မဲ့လမ်းကြောင်းမြေပုံနဲ့တကွထွက်လာပြီ-

    by

    in

    ———————– (၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်) ===================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဆာဂါကျွန်း(Sagar Island)နှင့် ခီပူပါရာမြို့(Khepupara) တို့အကြားမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မွန်ဂလမြို့ (Mongla)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊…

  • မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ

    မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ

    by

    in

    မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ ဇေအောင်/People’s Spring မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေလို့ ကံတလူတိုးဂိတ်မှာ မန္တလေးဘက်က ပြန်လာတဲ့ကားတွေ ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ လမ်းက အခြေအနေမကောင်းဘူး။ ပစ်ခတ်မှုဖြစ်ထားလို့ ဖြတ်သွားလို့မရသေးဘူး။”လို့ ဒေသ ခံတဦးက ပြောပါတယ်။ ကားတွေကို အစီးရေအနည်းငယ်စီ ခွဲလွှတ်ပေးနေပြီး နေ့လယ်ပိုင်းအထိ ယာဥ်ကြောတွေပိတ်နေတယ်လို့ သွားလာနေသူတချို့က ပြောပြပါတယ်။ တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်ကောင်စီယာဥ် (၈)စီးဟာ ဒီကနေ့မနက် ဆယ်နာရီလောက်မှာ စစ်ကိုင်း တပ်မ(၃၃)ထဲ ဝင်ရောက်သွားတယ်လို့ မြေပြင်ကင်းထောက်တွေဆီက သိရပါတယ်။ မုံရွာ-မန္တလေးလမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း လမ်းပိုင်းနေရာအချို့မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။…

  • တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

    တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

    by

    in

    တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNLA ပူးပေါင်းတပ်များက တို်ကခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၁၉ ရက်နေ့ KNU တပ်မဟာ ၃ နယ်မြေ ၊ တောင်ငူခရိုင်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာရာ KNLA ပူးပေါင်းတပ်များက စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင်…

  • စစ်ကောင်စီတပ်မှ စစ်သားများ ကြောက်ရွံ့နေပြီး စစ်မတိုက်ရဲတော့ဟု KNLA ထံသို့ အလင်းဝင်လာသူ စစ်မှုထမ်း တပ်သားသစ်များ ပြောဆို

    စစ်ကောင်စီတပ်မှ စစ်သားများ ကြောက်ရွံ့နေပြီး စစ်မတိုက်ရဲတော့ဟု KNLA ထံသို့ အလင်းဝင်လာသူ စစ်မှုထမ်း တပ်သားသစ်များ ပြောဆို

    by

    in

    စစ်ကောင်စီတပ်မှ စစ်သားများ ကြောက်ရွံ့နေပြီး စစ်မတိုက်ရဲတော့ဟု KNLA ထံသို့ အလင်းဝင်လာသူ စစ်မှုထမ်း တပ်သားသစ်များ ပြောဆို ရန်ကုန်၊ မေ ၂၉ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားများ ကြောက်ရွံ့နေပြီး စစ်မတိုက်ရဲတော့ကြောင်း KNLA ထံသို့ အလင်း ဝင်လာသူ စစ်မှုထမ်း တပ်သားသစ်များ ပြောဆိုလိုက်သည်။ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ သမန်းကုန်းရွာ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အပါအဝင် ပေါ်တာဆွဲဖမ်းဆီးခံရသူ ၃ ဦးသည် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး၍ KNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ်…

  • ကနဲလေးတပ်စခန်း သိမ်းပိုက်ပြီး မြင်ကွင်းများ

    ကနဲလေးတပ်စခန်း သိမ်းပိုက်ပြီး မြင်ကွင်းများ

    by

    in

    ကနဲလေးတပ်စခန်း သိမ်းပိုက်ပြီး မြင်ကွင်းများ ​မေ ၂၉၊၂၀၂၅။/People’s Spring မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် နဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ရက်မှာ မော်ခီစခန်းကို စတိုက်ပြီးနောက် မေလ ၂၁ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်းနဲ့ ဘလယ်ဒိုတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခံရတာပါ။ မေလ ၂၃ရက်ညပိုင်းမှာတော့ ဘလက်ဒိုတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ မနေ့က(မေလ ၂၈ရက်)မှာ ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ သိမ်းပိုက်ရခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ ကနဲလေးစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုအနေအထားကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်သား ၅၂ဦးကတော့…

  • စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသော ဂါတ်တန်းဗလီကို ပြင်ဆင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက အဓမ္မချိတ်ပိတ်

    စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသော ဂါတ်တန်းဗလီကို ပြင်ဆင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက အဓမ္မချိတ်ပိတ်

    by

    in

    စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသော ဂါတ်တန်းဗလီကို ပြင်ဆင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက အဓမ္မချိတ်ပိတ် ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့တွင် မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် ပြိုကျပျက်စီးနေသော ဂါတ်တန်းဗလီကို ပြင်ဆင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက အဓမ္မချိတ်ပိတ်လိုက်ကြောင်း စစ်ကိုင်းမြို့ အစ္စလမ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ မေလလယ်ပိုင်းတွင် စစ်ကောင်စီက ငလျင်ကြောင့် ပြိုကျပျက်စီးနေသော စစ်ကိုင်း၊ ဂါတ်တန်းဗလီကို ၃ ရက်အတွင်း ဖယ်ရှားပေးရမည်ဟု အမိန့်ထုတ်လာပြီး မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် အဓမ္မချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကိုင်းမြို့မှ အစ္စလမ်ဘာသာဝင်များ၏ ဝတ်ပြု ကိုးကွယ်ရာ ဂါတ်တန်း ဗလီကျောင်းတော်သည် ရဲစခန်းဝင်းအတွင်း တည်ရှိခြင်းဖြစ်ပြီး စစ်ကိုင်းမြို့မရဲစခန်းနှင့် ကပ်လျက်ရှိနေသော ယင်းဗလီမှာ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိနေပြီဖြစ်ကြောင်း၊…

  • KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်တပ်ရဟတ်ယာဉ်ကို  ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းထုတ်ပြန်

    KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်တပ်ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းထုတ်ပြန်

    by

    in

    KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်တပ်ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းထုတ်ပြန် ရန်ကုန်၊ မေ ၂၉ ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် စကခ ၂၁ ထံသို့ စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာပို့သော စစ်ရဟတ်ယာဉ်များကို KIA က ပစ်ခတ်ခဲ့မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်ရဟတ်ယာဉ် ၁ စီးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို KIA က ထုတ်ပြန်သည်။ မေလ ၂၀ ရက်နေ့ ဗန်းမော်သို့ စစ်ကူလာသော စစ်ရဟတ်ယာဉ် ၃ စီးအနက်မှ ၂ စီးကို KIA က ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့နယ်၊…

  • Breaking News- ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်

    Breaking News- ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်

    by

    in

    Breaking News- ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက် ရန်ကုန်၊ မေ ၂၉ ကရင်ပြည်နယ်၊မြဝတီမြို့ တောင်ဘက် ၊ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစခန်းကို KNAL ပူး ပေါင်းတပ်ဖွဲ့ က ယမန်နေ့ ညတွင်းချင်း တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကနဲလေးစစ်စခန်းကို မေလ ၂၁ ရက်နေ့ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၂၉ ရက်နေ့ ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့နံနက်ပိုင်း DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာသည့် အင်အား ၇၂…

  • စစ်ကိုင်းတိုင်းအထက်တွင် မိုးအဆမတန်ရွာပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်တက်လာနိုင်

    စစ်ကိုင်းတိုင်းအထက်တွင် မိုးအဆမတန်ရွာပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်တက်လာနိုင်

    by

    in

    စစ်ကိုင်းတိုင်းအထက်တွင် မိုးအဆမတန်ရွာပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်တက်လာနိုင် DVB စစ်ကိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ညာဒေသမှာ မိုးအဆမတန်ရွာနိုင်ပြီး ၄၈ နာရီအတွင်း ၁၂ လက်မကျော်အထိ ရွာနိုင်တယ်လို့ မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ မေ ၂၈ ရက် ဒီနေ့ညနေ ၅ နာရီခွဲအချိန်မှာ သတိပေးထားပါတယ်။ မေ ၂၈ ရက်ကနေ ၃၁ ရက်အထိနဲ့ ဇွန် ၃ ရက်အတွင်း ချင်းတွင်းမြစ်ညာပိုင်းဒေသတွေဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ထန်ပါကွေး၊ လေရှီးနဲ့ လဟယ်ဒေသအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်၊ ရွှေပြည်အေး၊ ဟုမ္မလင်း၊ ထမံသီ၊ ခန္တီး၊ ရှင်ဗွေယန် စတဲ့ ဒေသတွေမှာ မိုးများရာကနေ မိုးအလွန်များနိုင်တာကို ECMWF နဲ့ Meteoblue ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ၄၈…

  • ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ (ရုပ်/သံ)

    ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ (ရုပ်/သံ)

    by

    in

    ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ (ရုပ်/သံ) ရန်ကုန်၊ မေ ၂၈ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးသွားကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော အင်အား ၇၀​ ကျော်ပါ စစ်တပ်စစ်ကြောင်းကို DKBA…