Author: admin
-
နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)
နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ) ဒီဇင်ဘာ ၈၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ”တပ်ဖွဲ့ဝင်တွေကို ကယ်ပေးပါလို့ အကုန်လုံးဒီမှာ ပိတ်မိကုန်ပြီ။ ၁၅ တပ်မမှူးကလည်း အလွတ်ရုန်းသွားပြီ။ အောက်ခြေတပ်ဖွဲ့ဝင်ပဲ ကျန်ခဲ့တယ်”လို့ စစ်ကောင်စီတပ်သားက ဗီဒီယိုဖိုင်အတွင်း ပြောဆိုနေပါတယ်။ မောင်တောမြို့ရဲ့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက် မနေ့…
-
PDFတောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား အကြိမ်၄၀ကျော်တိုက်ခိုက် ▪️ဖာပွန်ရှိ တပ်စခန်းနှစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ် ၆၀ကျော်သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးဟုအသိပေး
PDFတောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား အကြိမ်၄၀ကျော်တိုက်ခိုက် ▪️ဖာပွန်ရှိ တပ်စခန်းနှစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ် ၆၀ကျော်သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးဟုအသိပေး ထားမြတ်/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။ ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီဒေသများပါဝင်သည့် တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၆ရက်အတွင်း PDFနှင့် ပူးပေါင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးသတင်းများအား အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများအား လက်ဦးမှုရယူ၍ သွားရောက်တိုက်ခိုက်ခဲ့မှု ၄၂ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၁ဦးသေဆုံးခဲ့သည်ဟု အတည်ပြုရရှိကြောင်း ဖော်ပြသည်။ တပတ်အတွင်းတိုက်ပွဲများ၌…
-
နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ပန်းတောင်းမြို့နယ်တွင်လည်း လူငယ်အများအပြား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရ
နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ပန်းတောင်းမြို့နယ်တွင်လည်း လူငယ်အများအပြား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရ ရန်ကုန်၊ ဒီဇင်ဘာ ၈ နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသဖြင့် လူငယ်များနှင့် အမျိုး သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်၊ မအူပင်၊ သိကြားစက်၊ ဆင်သေအုပ်စု၊ ကျွန်းဦး၊ ဇီးဖြူအုပ်စု၊ ကြံဖို ကျေးရွာများတွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်ရန် လူငယ်တပ်သားသစ်များ စုဆောင်းရမည်ဟုဆိုကာ နေအိမ်ထဲအထိ လူငယ်များကို ဝင်ရောက်ရှာဖွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ “နေ့ရောညပါ အိမ်ထဲထိ တံခါးဖွင့်ခိုင်းတယ်။ တပ်သားသစ်တွေ နိုင်ငံတော်ကို ကာကွယ်ရမယ့်…
-
ထီးလင်းမြို့မှ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး အောင်စိုးဦး အပါ အဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရရှိခဲ့သည့် စစ်တပ်၏ တိုက်ပွဲ လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား
ထီးလင်းမြို့မှ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး အောင်စိုးဦး အပါ အဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရရှိခဲ့သည့် စစ်တပ်၏ တိုက်ပွဲ လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၈ မကွေးတိုင်း၊ ထီးလင်းမြို့အနီး စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးခဲ့သည့် တိုက်ပွဲဖြစ်စဉ် လျှို့ဝှက် ရုံးအစီရင် ခံစာမှာ တော်လှန်ရေးတပ်များထံသို့ ပေါက်ကြားလာကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး…
-
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုနှင့် စစ်သားအများစုက လက်နက်ချ အလင်းဝင်ပြီး အသက်ရှင်လျက်ဖြင့် လိုရာသွားခွင့်ရရန် လိုလား၊ သို့သော် တပ်မှူးများက AA က ဖမ်းမိလျှင် သတ်ဖြတ်မည်ဖြစ်၍ အသေခံ တိုက်ပွဲဝင်ကြရန်သာ အမိန့်ပေးခြိမ်းခြောက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုနှင့် စစ်သားအများစုက လက်နက်ချ အလင်းဝင်ပြီး အသက်ရှင်လျက်ဖြင့် လိုရာသွားခွင့်ရရန် လိုလား၊ သို့သော် တပ်မှူးများက AA က ဖမ်းမိလျှင် သတ်ဖြတ်မည်ဖြစ်၍ အသေခံ တိုက်ပွဲဝင်ကြရန်သာ အမိန့်ပေးခြိမ်းခြောက် ရန်ကုန်၊ ဒီဇင်ဘာ ၈ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံထားရပြီး ခုခံနေသော်လည်း စစ်သားအများစုမှာ အလင်း ဝင်လိုပြီး အသက်ရှင်ခွင့်ရရန် လိုလားနေကြကြောင်း ရန်ကုန်နှင့် နေပြည်တော်တွင် နေထိုင်ကြသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်သားများ၏ မိသားစုများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။ နိုဝင်ဘာလအတွင်းမှစတင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ဒဏ် ရာရ စစ်သားအများအပြား ရောက်ရှိလာပြီး စစ်ကောင်စီက ဒဏ်ရာရ စစ်သားများကို ခေါ်ထုတ်ခြင်းမရှိဘဲ ထပ်မံ၍သာ ရဟတ်ယာဉ်ဖြင့် လူအင်အားများစွာ…
-
မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊
မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊ MN/MFP ၊ ဒီဇင်ဘာ – ၇ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ လူသစ်စုဆောင်းပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်နေတာကြောင့် လူငယ်အများစု ရှောင်တိမ်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေထဲ ညအချိန်တွေအပြင် နေခင်းတွေမှာပါ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ အများစုကို တပ်သားသစ်အဖြစ် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ “အခုက ငွေပေးလို့လည်း ပြန်မလွတ်လာတော့ဘူး။ ပေါ်တာဆွဲဖမ်းသွားပြီဆိုရင် စစ်မှုထမ်းထဲ ပါသွားပြီလို့သာ မှတ်လိုက်တော့။…
-
စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို
စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၇ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် တော်လှန်ရေး အင်အားစုများနှင့် မီဒီယာများက ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြု၍ ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန်နှင့် တပ်ပြင်စည်းရုံးရေးအား အလေးထားလုပ်ရန် စည်းရုံး ပြောဆိုခဲ့ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ခေါင်းဆောင်က ယမန်နေ့ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် (၆၆) သင်တန်း ဆင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း သိရသည်။ “သူဆိုလိုတာက မီဒီယာနဲ့ အတိုက်ခိုက်ခံနေရတယ်ပေါ့။ မီဒီယာက အမှန်တရားကိုပဲ ထောက်ပြတာ သူတို့က စစ်လော်ဘီတွေနဲ့…
-
မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား
မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား ရန်ကုန်၊ ဒီဇင်ဘာ ၇ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) ကို Brave Warriors for Myanmar…
-
စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး
စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး ဟာနာဆန်/People’s Spring စစ်ကောင်စီကို တော်လှန်နေတဲ့ ရေစကြိုပကဖအဖွဲ့မှာ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲများအတွင်းမှာ ရဲဘော် ၁၈ဦးအထိ ကျဆုံးခဲ့ရကြောင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)က သတင်းထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြိို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားကို ရေစကြိုမြို့နယ်တနေရာမှာ ဒီနေ့(ဒီဇင်ဘာ၇ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၇ ရက်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စခန်းသိမ်းခါနီး လေကြောင်းတိုက်ခိုက်ခံရလို့ ရေစကြိုပကဖအဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေက စုစုပေါင်း ရဲဘော်(၇)ဦးအထိ ကျဆုံးခဲ့ပါတယ်။ ရဲဘော်တွေကျဆုံးမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခမ်းအနားပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ရေစကြိုပကဖအနေနဲ့ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေမှာ ရဲဘော်(၁၈)ဦးအထိ…
-
AA က နခခ (၅)ကိုသိမ်းပိုက်ပြီးမောင်တော တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ် ▪︎မြန်မာ-ဘဂ်လားဒေရှ်နယ်စပ် ဒေသတစ်ခုလုံးကိုAA ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်
AA က နခခ (၅)ကိုသိမ်းပိုက်ပြီးမောင်တော တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ် ▪︎မြန်မာ-ဘဂ်လားဒေရှ်နယ်စပ် ဒေသတစ်ခုလုံးကိုAA ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် အိမ်သွင်/People’s Spring မောင်တောမြို့မှ တစ်ခုတည်းသော နောက်ဆုံးလက်ကျန်စခန်း နယ်ခြားစောင့်ရဲ ဌာနချုပ်- နခခ (၅)ကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီး တမြို့လုံးကို ရာနှုန်းပြည့် ထိန်းချုပ်နိူင်ပြီဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ” တပ်တော်က နခခ(၅)ထဲကို မနေ့က(ဒီဇင်ဘာလ ၆ရက်) ဝင်စီးနိုင်ပြီး ထိန်းချုပ်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ပစ်နေဆဲပါ။ ဒါပေမယ့် တပ်တော်က ရပြီးပါပြီ” ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ်၄ ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။ စစ်ကောင်စီက နခခ (၅) ကို လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့ပြီး…