ရန်ကုန်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့်ရှိပြီး ၁၂ ဦးသာပြန်လွတ်လာဟု RSN ထုတ်ပြန်


ရန်ကုန်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့်ရှိပြီး ၁၂ ဦးသာပြန်လွတ်လာဟု RSN ထုတ်ပြန်
ဇူလိုင်-၄၊၂၀၂၅။ရောင်နီ/People’s Spring
ဇွန်လအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များမှ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂ ဦးသာရှိကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က အသိပေးသည်။
ဖမ်းဆီးခံရသူများအနက် ၁၉ ဦးသည် အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခြင်း ၊ စစ်မှူထမ်းအတွက် စာရင်းပါခြင်း နှင့် လမ်းပေါ်၌ပေါ်တာဆွဲခံရသည့် အကြောင်းအရာများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းအတွက် ပို့ဆောင်ခံခဲ့ရသည်ဟု RSN ကဆိုသည်။
“လူမှုကွန်ယက်မီဒီယာပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသောကြောင့်ဟု ဆိုကာ ထုတ်ပြန် ကြေညာ ၍ ဖမ်းဆီးခံရသူ ၇ ဦးထိ ရှိသည်။ တော်လှန်ရေး လှုပ်ရှားလို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၅ ဦး ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်တွင် ပါဝင်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရသူ ၃ ဦး ရှိသည်။” ဟု RSN ကထုတ်ပြန်ထားသည်။
မြို့နယ်များအနက် မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး ဇွန်လ အတွင် ၁၅ ဦးအထိ ဖမ်းဆီးခံရသည်ဟု RSN ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗိုလ်တထောင်မြိုနယ်၌ ဇွန် ၁၆ ရက်က ဆရာဝန်တစ်ဦးကို CDM လုပ်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည်ဟု ဗိုလ်တထောင်‌မြို့ခံတစ်ဦးကပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်က အင်းစိန်မြို့နယ် ပေါက်တောဝမှတ်တိုင်အနီး၌လူငယ်အမျိုးသား အမျိုး
သမီးများကို ဖမ်းဆီးမှုရှိသည်ဟု ကြားရကြောင်း ယင်းမြိုနယ်၌ နေထိုင်သူတစ်ဦးကပြောသည်။ လူမှုကွန်ယက်တွင်လည်းဇူလိုင် လဆန်းတွင် ​ပေါက်​တောဝတွင် စစ်​ကောင်စီက လူငယ်အချို့ကိုဖမ်းဆီးသွာသည်ဆို​သောဗီဒီယိုဖိုင်တခုပျံ့နှံ့လာသည်။ရုပ်သံမှတ်တမ်းတွင် လူသွားလူလာများရှိ​နေ​သော​နေ့ခင်းဘက်မှာပင် စစ်သားများကလူငး်အချို့ကို ကားဆီးဖမ်း​ခေါ်သွားသည်ကို​တွေ့ရ​​သော်လည်း ဘယ်ရက်ကဖြစ်ပွားခဲ့သည်ကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။
ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သပိတ်ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ သုံးဦးရှိပြီး တော်လှန်ရေးတွင်ပါဝင်လှုပ်ရှားခြင်း ၊စစ်ကောင်စီကို လူမှူကွန်ရက်မှ ဝေဖန်ခြင်းစသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦးရှိသည်ဟု RSN ကဆိုသည်။
ဖမ်းဆီးခံထားရသူများအနက် ၅၅ ဦး၏ သတင်းကို စုံစမ်း၍ မရကြောင်း RSN က​ဖော်ပြထား
သည်။
(စစ်​ကောင်စီက အဓမ္မစစ်သားစု​ဆောင်းထားသူများကို စစ်သင်တန်း​ပေးရန်ပြင်ဆင်​စဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ)