စလင်းမြို့အထွက်ရှိ စစ်တပ် ဂိတ် စခန်းငယ်ကို မိုင်းခွဲ မှု ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးဟုဆို

စလင်းမြို့အထွက်ရှိ စစ်တပ် ဂိတ် စခန်းငယ်ကို မိုင်းခွဲ မှု ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးဟုဆို
ရန်ကုန်၊ ဇူလိုင် ၆
မကွေးတိုင်း၊ စလင်းမြို့ အထွက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ် စခန်းငယ်ကို မိုင်းခွဲ တိုက်ခိုက်ရာ ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ ညီနောင် – စလင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် စလင်းမြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဂိတ်ချထားသော စခန်းငယ် တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက အပြင်းစားမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဗိုလ်မှူး မိုးဝေယံလင်း အပါ အဝင် စစ်သား ၆ ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး စစ်သား အလောင်းများကို လူနာတင် ယာဉ်ကားများဖြင့် စလင်းဆေးရုံသို့ တင်ဆောင်သွားကြောင်း သိရသည်။
“စလင်းမြို့တောင် အထွက်က အကြမ်းဖက် စစ်အုပ်စု ဂိတ်ချထားသော စခန်းငယ်တစ်ခုကို ကျနော်တို့ အပြင်း စားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဖောက်ခွဲ တိုက်ခိုက်မှု အတွင်းမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် ၆ ဦးတို့ နေရာမှာ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေး အလောင်းတွေကို လူနာတင်ယာဉ်ကားနဲ့ စလင်းဆေးရုံကို သယ်သွားတယ်” ဟု ပြည်သူ့ ညီ နောင် – စလင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့ပြ(UG)ကျားပေါက်အဖွဲ့၊ပြည်သူ့ လုံခြုံရေး(ပလဖ)ယာယီ၊ ဗမာ့တပ်တော် (Bamar Army)နှင့်၊ ပေါက်တောင် ပိုင်း ကျန်းမာရေးသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများကို စစ်ကောင်စီတပ်က အမိန့်ပြန်သဂြိုလ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)