Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)
ဇူလိုင် ၆၊ ၂၀၂၅
စစ်ကောင်စီက တိုက်ိခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12 လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ဦးခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး၊ လေယာဥ်ပြေးလမ်း နေရာအချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်း သိရတာပါ။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်တပ်ရင်း(၁) ပကဖ၊ ပခုက္ကူမြို့နယ်ပကဖ လက်နက်ကြီးတပ်ဖွဲ့ (Cobra One)၊ Coloum One ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Ba Nyein Guerrilla Force၊ ဧရာဒေါင်းနဲ့ ဧရာဒေါင်းတပ်စိပ်၊ PLO Young Force ဒေါင်းညီနောင် (PKU)၊ Soutthern(YSO)၊ Yesagyo Revolution Group(YRG)၊ ပြည်သူအားမာန် (YSO)၊ King Cobra၊ ဒေါင်းညီနောင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။