နတ်ရေကန်ဗျူဟာနှင့်ချိတ်ဆက်ထား​သောလမ်းပိုင်းများ၌ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုစစ်သား ၂၅ ဦးထက်မနည်းသေဆုံးဟုကာကွယ်​ရေးအဖွဲ့များ​ပြော


နတ်ရေကန်ဗျူဟာနှင့်ချိတ်ဆက်ထား​သောလမ်းပိုင်းများ၌ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုစစ်သား
၂၅ ဦးထက်မနည်းသေဆုံးဟုကာကွယ်​ရေးအဖွဲ့များ​ပြော
ဇူလိုင်-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
နတ်ရေကန်ဗျူဟာ နှင့် ချိတ်ဆက်ထားသော အမ်း-ပဒါန်းလမ်းပိုင်း နှင့် ပုသိမ်-မုံရွာ လမ်းပိုင်း၌ စစ်တပ်စစ်ကြောင်းများအား ဖြတ်တောက်တိုက်
ခိုက်ခဲ့သည့်တိုက်ပွဲများတွင်စစ်သား၂၅ဦးထက်မနည်းသေဆုံးပြီး ၆၀ကျော်ဒဏ်ရာရကြောင်း​တော်လှန်​ရေးအဖွဲ့များကထုတ်ပြန်သည်။
ပြီးခဲ့သည့်မတ်လကုန် မှ မေလကုန်ထိရက်သတ္တ
ပါတ်ပေါင်း (၈) ပတ်ကာလအတွင်း တိုက်ပွဲအ
ခြေအနေကိုအထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်
လပ်ရေး တပ်တော် (PIO/PIA) က ဇူလိုင်လ
၅ရက်၌ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။
စစ်တပ်စစ်ကြောင်းများအားမိုင်းဆွဲတိုက်ခိုက်မှု (၂) ကြိမ် ၊ ဖြတ်တောက်ထိတွေ့တိုက်ခိုက်မှု (၆) ကြိမ်ပြုလုပ်ခဲ့ပြီး (၂၅) ဦးထက် မနည်းသေဆုံးကာ (၆၃) ဦး ထပ် မနည်း ပြင်းထန်ထိခိုက်ဒဏ်
ရာရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။သို့​​သော်စစ်
သားများ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
လုံခြုံ‌ရေးအရ စိတ်ချရသည့်အခြေအနေတွင်မှသ
တင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု အထက်မင်းလှမြို့နယ်ပကဖတာဝန်ခံရန်ကြီးအောင်ကပြော
သည်။
စစ်ကောင်စီစစ်ကြောင်းများသည် အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာများကို၁၀ ကြိမ်ထက်
မနည်း စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့်နေ
အိမ် (၂) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ဘုန်း
ကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့ပြီး ပြည်သူ (၁) ဦး သေဆုံးကာ (၅) ဦးထက်မနည်းဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။
စစ်ကြောင်းထိုးစဉ်အဓမ္မစစ်မှုထမ်းခြင်းခံရသူ ၉ ဦး ရှိခဲ့ပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြောင်း သ
တင်းထုတ်ပြန်ထားသည်။
ထို့အပြင် နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်တွင်လည်း ပြီးခဲ့သည့် ဇွန်လကတိုက်ပွဲများဖြစ်ပွားခဲ့သည်။နတ်ရေကန်ဗျူဟာနှင့် ၁မိုင်ကျော်အကွာရှိခွန်ဇူရွာလမ်းခွဲမှ စစ်တပ်ကာကင်းစခန်းကိုCDF – Asho၊လူ့ဘောင်သစ်တပ်မတော် (NSA)၊ အရှိုချင်းကာကွယ်ရေးတပ် ( ACDF ) တို့က ဇွန်လ ၂၀ ရက်တွင်စီးနင်းတိုက်ခိုက်ခဲ့သည်။ လက်ရှ်ိတွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းမှပစ်ကူယူ၍ စစ်ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းနေကြောင်း သတင်းရရှိသည်။
အမ်းမြို့ကိုသိမ်းယူပြီးနောက်အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့် ပူးပေါင်းတပ်များပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ခဲ့သည်။
မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်
ကုန်းအောက်မှ အရေးပါသည့် စစ်တပ် တပ်စွဲထား​သောတောင် ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်း ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနှင့် ပူးပေါင်းတပ်များက ဖမ်းမိခဲ့သည်။
မေလနှောင်းပိုင်းတိုက်ပွဲများတွင်လည်းနတ်ရေ
ကန်ဗျူဟာအနီးရှိ အဓိက ကာကင်းစခန်းဖြစ်‌
သောဆက်သွယ်ရေးတာဝါတိုင်စခန်းကိုAAက သိမ်းယူခဲ့သည်။ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်
ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်းသိရသည်။
နတ်ရေကန်ဗျူဟာ နှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲ ၌ စစ်တပ်အတွက်တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးပြီး ရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပ်မ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုးထားသည်။
(အထက်မင်းလှ PDF နှင့် PIO/PIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PIO/PIA)