Author: admin

  • တရုတ်နှင့် စစ်ကောင်စီတို့ ဖိအားပေး၍ လူထုထိခိုက်မှုအလွန်ပြင်းထန်ဟု TNLA ပြော

    တရုတ်နှင့် စစ်ကောင်စီတို့ ဖိအားပေး၍ လူထုထိခိုက်မှုအလွန်ပြင်းထန်ဟု TNLA ပြော

    by

    in

    တရုတ်နှင့် စစ်ကောင်စီတို့ ဖိအားပေး၍ လူထုထိခိုက်မှုအလွန်ပြင်းထန်ဟု TNLA ပြော မေ ၄၊၂၀၂၅။ရဲခေါင်၊ဟန်နွေ/People’s Spring တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ပေးသည့် ဖိအားကြောင့် လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောသည်။ TNLAနှင့် ဖိအားမျိုးစုံကြုံလာရနိုင်သည့် အခြေအနေမေးမြန်းချက်အပေါ် ဗိုလ်မှူးကြီး တားပန်လက ဖိအား တောက်လျှောက်ရှိနေပြီး လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ဟု တရုတ်နှင့် စစ်ကောင်စီတို့၏ ဖိအားပေးမှု အခြေအနေများကို ရှင်းပြသည်။ စစ်ကောင်စီက ၂၀၂၄ ဇန်နဝါရီကတည်းက ဖြတ်လေးဖြတ် ပြုလုပ်သကဲ့သို့ တရုတ်နိုင်ငံကလည်း ၂၀၂၄ ဇွန်လမှစ၍ ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။ “နှစ်ဖက်စလုံး စကစဘက်ကလည်း ပိတ်တယ်။ တရုတ်နိုင်ငံ အစိုးရဘက်ကကလည်း…

  • ငလျင်ကြောင့် လူနေထိုင်ရန် မသင့်တော်ဘဲ အက်ကွဲနေသည့် အိမ်ရာများတွင် စစ်ကောင်စီက ပြန်လည်နေထိုင်ခိုင်းနေ၍ ဝန်ထမ်းများ ထိတ်လန့်နေ

    ငလျင်ကြောင့် လူနေထိုင်ရန် မသင့်တော်ဘဲ အက်ကွဲနေသည့် အိမ်ရာများတွင် စစ်ကောင်စီက ပြန်လည်နေထိုင်ခိုင်းနေ၍ ဝန်ထမ်းများ ထိတ်လန့်နေ

    by

    in

    ငလျင်ကြောင့် လူနေထိုင်ရန် မသင့်တော်ဘဲ အက်ကွဲနေသည့် အိမ်ရာများတွင် စစ်ကောင်စီက ပြန်လည်နေထိုင်ခိုင်းနေ၍ ဝန်ထမ်းများ ထိတ်လန့်နေ ဧရာဝတီတိုင်းမ် မေ ၃ ရက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ဝန်ထမ်းအိမ်ရာ ‌၄၀၀၀ ကျော်ရှိသည့်အနက် အင်အားပြင်းငလျင်ကြောင့် ထက်ဝက်ခန့်ပျက်စီးသွားပြီး ကျန်အဆောက်အဦများမှာလည်း လူနေ ထိုင်ရန် အန္တရာယ်ရှိသည့် အခြေအနေရှိနေကြောင်း သိရသည်။ အဆိုပါအဆောက်အဦများတွင် အရပ်ဘက်ဝန်ထမ်းများကို ပြန်လည်နေထိုင်ခိုင်းနေပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားသည့် အဆောက်အဦများတွင် မူလ‌နေထိုင်ခဲ့သည့်သူများကိုလည်း သင့်လျော်သည့် နေရာထိုင်ခင်းများ စီစဉ်ပေးထားမှုမရှိကြောင်း သိရသည်။ “စစ်ရုံးချုပ်ထဲမှာလည်း အပျက်အစီးအတော်များတယ်။ ‌လိုင်းခန်းအဆောက်အဦတွေ မြေကြီးထဲ ရောက်ကုန်တယ်။ အကုန်နီးပါး အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်ခဲ့တာ။ ဝန်ထမ်းအိမ်ရာတွေ အတော်များများက အောက်ခြေတွေစောင်းပြီးတော့ မြေကြီးထဲနစ်ဝင်ကုန်တာ။ မိုးရွာတော့မြေနူးပြီး ပြိုကျမယ့်အန္တရာယ်ကို စိုးရိမ်နေရတယ်”ဟု နေပြည်တော်ရုံးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို…

  • မန္တလေးနဲ့ပြင်ဦးလွင် က ရွာအချို့ မိုးကြီးပြီးတောင်ကျရေကြောင့်ရေကြီးနေ

    မန္တလေးနဲ့ပြင်ဦးလွင် က ရွာအချို့ မိုးကြီးပြီးတောင်ကျရေကြောင့်ရေကြီးနေ

    by

    in

    မန္တလေးနဲ့ပြင်ဦးလွင် က ရွာအချို့ မိုးကြီးပြီးတောင်ကျရေကြောင့်ရေကြီးနေ မေ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring မန္တလေး တိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ရွာအချို့အမှာ မိုးများပြီး တောင်ကျရေစီးဝင်တာကြောင့် ရေကြီးရေလျှံမှုတွေ ဒီနေ့ မေလ ၄ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပုသိမ်ကြီးမြို့နယ်ထဲကဆိုရင် အုန်းချောကျေးရွာအုပ်စုရှိ ဆည်တော်လေး၊ ဂိုက်တန်း၊ ဒီးဒုတ် ကျေးရွာတွေ ၊ ပြင်ဦးလွင်မြို့နယ်မှာ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းနေရာ က ဇီပင်ကြီး၊ သုံးတောင်၊ ကျင်ဂနိုင် စတဲ့ ကျေးရွာတွေမှာ တောင်ကျရေများပြီး ရေကြီးမှုဖြစ်ပေါ်နေပါတယ်။ ” ဆည်တော်လေး တလျှောက်က ရွာတွေအကုန်ရေကြီးနေတာ အိမ်တွေထဲရေဝင်တယ်” လို့ အုန်းချောကျေးရွာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ လွန်ခဲ့တဲ့ ၃ရက်ကတည်းက မိုးဆက်တိုက်ရွာနေပြီး ဒီနေ့…

  • ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်

    ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်

    by

    in

    ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင် ရန်ကုန်၊ မေ ၄ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တစ်ရက်ထဲတွင် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၂ ရက်နေ့တွင် မြို့ပေါ်ဈေးလာသည့် လူငယ်များ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများကို ထွေအုပ်ရုံးသို့ ခေါ်ဆောင်သွားကြောင်း၊ ဝမ်းတွင်းမြို့တွင် ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ တောင်းကာ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်သူများကို တပ်ထဲ ပို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။…

  • စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်း ပိုက်ထားသော မြို့နယ်များ စစ်ကောင်စီထံသို့ ပြန်ပေးရန် အစီအစဉ် မရှိ

    စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်း ပိုက်ထားသော မြို့နယ်များ စစ်ကောင်စီထံသို့ ပြန်ပေးရန် အစီအစဉ် မရှိ

    by

    in

    စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်း ပိုက်ထားသော မြို့နယ်များ စစ်ကောင်စီထံသို့ ပြန်ပေးရန် အစီအစဉ် မရှိ ရန်ကုန်၊ မေ ၄ စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်းပိုက်ထားသော မြို့နယ်များ ပြန်ပေးရန် မရှိသေးကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ TNLA အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း၊ ယခုအချိန်မှ စစ်အာဏာရှင် အမြစ်ဖြတ်ရေး မလုပ်ဆောင်နိုင်လျှင် နောင်မျိုးဆက်များအထိ အပစ်ရပ်လိုက်၊ ဆွေးနွေးလိုက်၊ တိုက်ပွဲ ပြန်ဖြစ်လိုက်ဖြင့် သံသရာ လည်နေမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးတာပန်းလက…

  • ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို

    ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို

    by

    in

    ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို 3 May 2025 By Ra Wai / MPA ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာအများစုကို ကေအိုင်အေနှင့်မဟာ မိတ်တို့က သိမ်းပိုက်ထားပြီဖြစ်ပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) မှာလည်း တော်လှန်ရေးတပ်တို့၏ ထိုးစစ်အောက်တွင် ပြိုဆင်းနေပြီဖြစ်ကြောင်း ဗန်းမော်စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။ “အခြေအနေက မနေ့ (မေနှစ်ရက်) ကစပြီး စိတ်ကြိုက်ထိုးစစ်ဆင်နေပြီလို့ သိရတယ်။ စခ ဘက်က လုပ်စရာဆိုလို့ လေကြောင်းပဲရှိတယ်။ ကျန်တာ တောက်လျှောက်ပြိုနေပြီဆိုတော့ ပွဲပြီးဖို့ရာ ရက်ပိုင်းအလိုလို့ ပြောရမလားပဲ” ဟု ၎င်းက…

  • ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    by

    in

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်၊ မေ ၄ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် ဝန်းကျင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်ရှိ မြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်း ၃ လုံးတွင်လက်ပစ်ဗုံးကပ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်း၍ ထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုက်ကြီးမြို့နယ်မှ ပြည်သူတချို့ကို ဆက်သွယ်မေးမြန်းရာ ယမန်နေ့ ညပိုင်း ဧည့်စာရင်းစစ်မှုနှင့် စစ်ဆေးရေးတချို့…

  • အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက်

    အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက်

    by

    in

    အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက် မေ၄၊ ၂၀၁၅။ရဲခေါင်/People’s Spring ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်းတိုက်ပွဲအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များ မိခင်တပ်ရင်းသို့ပြန်လာကြရာ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။ စလင်းမြို့နယ်ပကဖမှ ရဲဘော်အင်အား ၁၀၀သည် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ အာရက္ခတပ်တော် (AA)နှင့်အတူ အမ်းမြို့သိမ်း စစ်ဆင်ရေးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းစစ်ဆင်ရေးတို့အတွင်း တာဝန် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့ပြီးပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်း စလင်းမြို့နယ် ပကဖမှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော် တစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း အသိပေးသည်။ အမိမြေပြန်ရောက်လာသော ရဲဘော်များအား ဒေသခံ ပြည်သူများက ဝမ်းပန်းတသာကြိုဆိုဂုဏ်ပြုရင်း ကျဆုံးရဲဘော်များအား အလေးနီပြုဦးညွှတ်ကြောင်း ဖော်ပြသည်။ “စစ်ဆင်ရေးအကျိုးအမြတ်အနေနဲ့ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွေ့အကြုံစစ်ရေးအတွေ့အကြုံနဲ့ အာရက္ခတပ်တော်ရဲ့လေ့ကျင့်ရေးစစ်ရေးအတွေ့အကြုံများစွာရခဲ့ပါတယ်”ဟု စလင်း…

  • ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

    ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

    by

    in

    ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ ရန်ကုန်၊ မေ ၄ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားမှာ ယမန်နေ့ညပိုင်း မိုင်းပေါက်ကွဲပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်အချိန် မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုး ကောင်းတံတားမှာ မိုင်းခွဲခံရခြင်းဖြစ်ပြီး တံတားမှာ လုံး၀ပြိုကျပျက်စီးသွားကြောင်း၊ ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ် မိုင်းခွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း မိုင်းခွဲခံရ၍ မိုးကောင်းတံတား ပျက်စီးခဲ့ကြောင်း…

  • ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

    ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

    by

    in

    ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး ရန်ကုန်၊ မေ ၄ အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်ရောက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီအောင်ပွဲအခမ်းအနား လုံခြုံရေး တာဝန်မယူဟု ယူကရိန်း သမ္မတ Volodymyr Zelenskyက သတိပေးလိုက်သည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ Xi Jinping ၊ အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာတချို့…