Author: admin

  • ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို

    ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို

    by

    in

    ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ပြီဟုဆို 3 May 2025 By Ra Wai / MPA ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာအများစုကို ကေအိုင်အေနှင့်မဟာ မိတ်တို့က သိမ်းပိုက်ထားပြီဖြစ်ပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) မှာလည်း တော်လှန်ရေးတပ်တို့၏ ထိုးစစ်အောက်တွင် ပြိုဆင်းနေပြီဖြစ်ကြောင်း ဗန်းမော်စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။ “အခြေအနေက မနေ့ (မေနှစ်ရက်) ကစပြီး စိတ်ကြိုက်ထိုးစစ်ဆင်နေပြီလို့ သိရတယ်။ စခ ဘက်က လုပ်စရာဆိုလို့ လေကြောင်းပဲရှိတယ်။ ကျန်တာ တောက်လျှောက်ပြိုနေပြီဆိုတော့ ပွဲပြီးဖို့ရာ ရက်ပိုင်းအလိုလို့ ပြောရမလားပဲ” ဟု ၎င်းက…

  • ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    by

    in

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်၊ မေ ၄ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် ဝန်းကျင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်ရှိ မြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်း ၃ လုံးတွင်လက်ပစ်ဗုံးကပ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်း၍ ထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုက်ကြီးမြို့နယ်မှ ပြည်သူတချို့ကို ဆက်သွယ်မေးမြန်းရာ ယမန်နေ့ ညပိုင်း ဧည့်စာရင်းစစ်မှုနှင့် စစ်ဆေးရေးတချို့…

  • အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက်

    အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက်

    by

    in

    အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက် မေ၄၊ ၂၀၁၅။ရဲခေါင်/People’s Spring ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်းတိုက်ပွဲအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များ မိခင်တပ်ရင်းသို့ပြန်လာကြရာ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။ စလင်းမြို့နယ်ပကဖမှ ရဲဘော်အင်အား ၁၀၀သည် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ အာရက္ခတပ်တော် (AA)နှင့်အတူ အမ်းမြို့သိမ်း စစ်ဆင်ရေးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းစစ်ဆင်ရေးတို့အတွင်း တာဝန် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့ပြီးပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်း စလင်းမြို့နယ် ပကဖမှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော် တစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း အသိပေးသည်။ အမိမြေပြန်ရောက်လာသော ရဲဘော်များအား ဒေသခံ ပြည်သူများက ဝမ်းပန်းတသာကြိုဆိုဂုဏ်ပြုရင်း ကျဆုံးရဲဘော်များအား အလေးနီပြုဦးညွှတ်ကြောင်း ဖော်ပြသည်။ “စစ်ဆင်ရေးအကျိုးအမြတ်အနေနဲ့ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွေ့အကြုံစစ်ရေးအတွေ့အကြုံနဲ့ အာရက္ခတပ်တော်ရဲ့လေ့ကျင့်ရေးစစ်ရေးအတွေ့အကြုံများစွာရခဲ့ပါတယ်”ဟု စလင်း…

  • ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

    ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

    by

    in

    ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ ရန်ကုန်၊ မေ ၄ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားမှာ ယမန်နေ့ညပိုင်း မိုင်းပေါက်ကွဲပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်အချိန် မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုး ကောင်းတံတားမှာ မိုင်းခွဲခံရခြင်းဖြစ်ပြီး တံတားမှာ လုံး၀ပြိုကျပျက်စီးသွားကြောင်း၊ ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ် မိုင်းခွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း မိုင်းခွဲခံရ၍ မိုးကောင်းတံတား ပျက်စီးခဲ့ကြောင်း…

  • ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

    ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး

    by

    in

    ရုရှား၏ အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီ အောင်ပွဲအခမ်းအနား လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်း သမ္မတ သတိပေး ရန်ကုန်၊ မေ ၄ အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့ တက်ရောက်မည့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီအောင်ပွဲအခမ်းအနား လုံခြုံရေး တာဝန်မယူဟု ယူကရိန်း သမ္မတ Volodymyr Zelenskyက သတိပေးလိုက်သည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ Xi Jinping ၊ အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတကာတချို့…

  • မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး(ရုပ်/သံ)

    မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး(ရုပ်/သံ)

    by

    in

    မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး(ရုပ်/သံ) ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို အရှင်ဖမ်းဆီး ရရှိခဲ့ကြောင်း ဗျူဟာအမှတ် ၆၄ တပ်ရင်းရုံးမှ ရုံးအဖွဲ့မှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းမူမြို့ပေါ်ရှိ ရွှေဧကရာဇ် ရွှေဆိုင်ကို အမည်မသိ လက်နက်ကိုင် သေနတ်သမား ၄…

  • နိုင်ငံတဝန်း တိုက်ပွဲများတွင် လူနှင့်ငွေအင်အား ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်းကို အသုံးပြုထားဟု NUG ပြော

    နိုင်ငံတဝန်း တိုက်ပွဲများတွင် လူနှင့်ငွေအင်အား ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်းကို အသုံးပြုထားဟု NUG ပြော

    by

    in

    နိုင်ငံတဝန်း တိုက်ပွဲများတွင် လူနှင့်ငွေအင်အား ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်းကို အသုံးပြုထားဟု NUG ပြော နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် မေ ၃ ရက် တစ်နိုင်ငံလုံး ဆင်နွှဲနေသည့် တိုက်ပွဲများတွင် လူနှင့်ငွေအင်အား အတိုင်းအတာတစ်ခုထိ ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်း အသုံးပြုထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံက သိရသည်။ အဆိုပါရာခိုင်နှုန်းသည် NUG အစိုးရအနေဖြင့် လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပြီးနောက်ပိုင်း ပြီးခဲ့သော လေးနှစ်တာအတွင်း သုံးစွဲအသုံးပြုခဲ့သည့် အနေအထားဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။ “လက်ရှိနိုင်ငံတဝန်း ဆင်နွှဲနေကြတဲ့ တိုက်ပွဲတွေ တော်တော်များများမှာ ကျွန်တော်တို့ MOD ရဲ့ လူအင်အား၊ ငွေအင်အား အတိုင်းအတာတစ်ခုထိ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေပါတယ်”…

  • ညောင်လေးပင်တွင် ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါအဝင် ပြည်သူ ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် စစ်တပ်နှင့်အတူ သတ်ဖြတ်ခဲ့ဟု ပျူစောထီးခေါင်းဆောင်လှိုင်မင်း ဝန်ခံ

    ညောင်လေးပင်တွင် ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါအဝင် ပြည်သူ ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် စစ်တပ်နှင့်အတူ သတ်ဖြတ်ခဲ့ဟု ပျူစောထီးခေါင်းဆောင်လှိုင်မင်း ဝန်ခံ

    by

    in

    ညောင်လေးပင်တွင် ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါအဝင် ပြည်သူ ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် စစ်တပ်နှင့်အတူ သတ်ဖြတ်ခဲ့ဟု ပျူစောထီးခေါင်းဆောင်လှိုင်မင်း ဝန်ခံ 🟥 ခမရ ၂၀ ၊ တပ်မ ၇၇၊ ခမရ ၅၈၄ နှင့် ခလရ ၅၁ မှ အရာရှိများက ပြည်သူများကို သတ်ဖြတ်ရန် အမိန့်ပေး ရန်ကုန်၊ မေ ၃ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်က ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါ အဝင် ပြည်သူ ၂၀ ဦးကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ပျူစောထီးခေါင်းဆောင် လှိုင်မင်းက ဝန်ခံပြောဆိုလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သို့ လာရောက်စဉ်…

  • ငလျင်ဒဏ်ခံစား​နေရတဲ့ မန္တလေးမြို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးနေ

    ငလျင်ဒဏ်ခံစား​နေရတဲ့ မန္တလေးမြို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးနေ

    by

    in

    ငလျင်ဒဏ်ခံစား​နေရတဲ့ မန္တလေးမြို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးနေ မေ ၃၊၂၀၂၅။မေ/People’s Spring စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ ငလျင်လှုပ်ခတ်အပြီးတစ်လကျော်အကြာ ပြိုကျပျက်စီးမှုတွေ ရှင်းလင်းရေးမပြီးသေးခင်မှာဘဲ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်နေတာ ဖြစ်ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မနေ့(​မေ ၂) ညပိုင်းက စစ်မှုထမ်းစာရင်းမဲ ပေါက်ထားသူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ခေါ်ဆောင်တာတွေလုပ်ခဲ့လို့ လူငယ် ငါးဦးထပ်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ဟာ မေလ၂ရက် ည၁၀နာရီကျော်မှာ ပြည်ကြီးတံခွန်မြို့နယ်က သင်ပန်းကုန်းအ ရှေ့(ညည)ရပ်ကွက်၊၄၉ လမ်း၊ ၁၂၀လမ်းအနီးမှာ စစ်ကား ငါးစီးနဲ့ ဧည့်စာရင်းစစ်တယ်ဆိုပြီး ရောက်လာတာလို့ သိရပါတယ်။ အဲဒီနောက် ဧည့်စာရင်းစစ်နေရင်း မဲနံပတ်စာရင်းပေါက်ထားသူတွေကို စစ်မှုထမ်းဖို့ဆိုပြီး…

  • ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…

    ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…

    by

    in

    ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်… မေ ၃ ၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း – ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) က ဒီနေ့ ထုတ်ပြန်ပါတယ်။ ရေဦးမြို့အတွင်း အခြေပြုနေထိုင် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ရေဦး-မုံရွာ လမ်းအထွက်ဘက်ရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေဖြစ်တဲ့ ထွန်စက်ရုံးနဲ့ အောက်စီဂျင်ရုံး အနီး ကင်းရှည် ထွက်လာရာမှာ ရေဦး PDF က ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ၂ လုံး ၊ လက်နက်ငယ်တွေနဲ့…