Author: admin

  • ပြည်သူများလေကြောင်းတိုက်ခိုက်မှုကြောင့် အလိုရှိစာရင်းပါဝင်သော လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းအား PLA ပစ်ခတ်ရှင်းလင်း

    ပြည်သူများလေကြောင်းတိုက်ခိုက်မှုကြောင့် အလိုရှိစာရင်းပါဝင်သော လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းအား PLA ပစ်ခတ်ရှင်းလင်း

    by

    in

    ပြည်သူများလေကြောင်းတိုက်ခိုက်မှုကြောင့် အလိုရှိစာရင်းပါဝင်သော လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းအား PLA ပစ်ခတ်ရှင်းလင်း ဒီးဒီ၊မေ/People’s Spring ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ၍ အလိုရှိစာရင်းတွင်ပါဝင်သော စစ်ကောင်စီလေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းအား မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက အသိပေးထုတ်ပြန်သည်။ တောင်သာမြို့နယ် အေးရွာတွင် လက်ဖက်ရည်ထိုင်သောက်နေသည့် လေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ တပည့်ဖြစ်သူ တို့အား ဒီဇင်ဘာ ၂၉ရက် နံနက် ၇နာရီကျော်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု အသိပေးထားသည်။ တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့် လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။ ” လေတပ်ကဗိုလ်ကြီးပါ။ အနောက်မြောက်စစ်ဒေသအဖွဲ့က…

  • အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု AA ထုတ်ပြန်

    အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု AA ထုတ်ပြန်

    by

    in

    အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု AA ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၉ အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု အာရက္ခတပ်တော်က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အာရက္ခတပ်တော်သည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလား တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ်…

  • တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

    တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

    by

    in

    တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော ဒီဇင်ဘာ ၂၉၊ ၂၀၂၄ တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာလ ၂၈ ရက် မနက်ပိုင်းက ရန်ကုန်မြို့ အင်းတိုင်တပ်နယ်က စစ်မှုထမ်း သင်တန်းကျောင်းက စစ်သားတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ “နိုင်ငံတော်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထိန်းသိမ်းနိုင်တာက ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးက ပြည့်ဝခိုင်မာနေဖို့ အထူးလိုအပ်ပါတယ်” လို့…

  • Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု

    Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု

    by

    in

    Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ကြောင်း၊ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုလည်း လိုက်လံ ချေမှုန်းလျက်ရှိပြီး စစ်ကောင်စီက ဂွမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် ရန်ကြိုးစားလျက်ရှိကြောင်း ၎င်းက ဆိုသည်။ “ဂွမြို့ တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉…

  • အောင်ဇေယျစစ်ကြောင်း​မှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော  ▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ

    အောင်ဇေယျစစ်ကြောင်း​မှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော ▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ

    by

    in

    အောင်ဇေယျစစ်ကြောင်း​မှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော ▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှစစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေ၍ အလင်းဝင်လာသူ အများအပြားရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ဦးဆောင်သော ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။ ထို့ကြောင့် ယခု ဒီဇင်ဘာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်လာသူ ၂၀ဦးခန့်ရှိနေကြောင်း စစ်ဆင်ရေးမှူးက ပြောသည်။ ” အစာရေစာငတ်ပြတ်ပြီး ဝင်လာတာ။ လူတွေက ပိန်လှီးနေတာပဲ။ ဒီရောက်တော့ ရဲဘော်တွေက ကောင်းကောင်းမွန်မွန်ဘဲ…

  • ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ

    ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ

    by

    in

    ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်အတွင်းရှိ တပ်မိသားစုဝင်အားလုံးကို ပြောင်းရွှေ့ပြီး အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်လျက်ရှိကြောင်း ယော အလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ လေ ယာဥ် ကွင်းအတွင်းသို့ MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကင်းပတ်ပစ်ခတ်တိုက်ခိုက်ကာ Mi 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီး ၂ ကြိမ်စီ ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ထောက်ပို့လေယာဉ်များ ဆင်း…

  • အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား

    by

    in

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။ “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ…

  • ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ

    ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ

    by

    in

    ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၂၈ ရက် ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ်

  • စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊  စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ

    by

    in

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း…

  • စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

    စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

    by

    in

    စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်း၊ နတခ တိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိလာတာပါ။ ဒု-စစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော်…