Author: admin

  • နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

    နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

    by

    in

    နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ရန်ကုန်၊ ဇန်နဝါရီ ၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ…

  • ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်

    ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်

    by

    in

    ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ် ရန်ကုန်၊ ဇန်နဝါရီ ၁ ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရန်ကုန်တိုင်း စစ်ဌာနရှိ တပ်ရင်း ၅၁၀၁၊ တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာ စစ်ကြောင်း ၁ မှရဲဘော်များကို လာရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ လိုအပ်သော…

  • စစ်ကောင်စီက ရုရှားလုပ် ကာမီကာဇေ  အသေခံ ဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်လာသဖြင့်  ပြည်သူများ အထူးသတိပြုရန်  သတိပေး

    စစ်ကောင်စီက ရုရှားလုပ် ကာမီကာဇေ အသေခံ ဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်လာသဖြင့် ပြည်သူများ အထူးသတိပြုရန် သတိပေး

    by

    in

    စစ်ကောင်စီက ရုရှားလုပ် ကာမီကာဇေ အသေခံ ဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်လာသဖြင့် ပြည်သူများ အထူးသတိပြုရန် သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၁ မကွေးတိုင်း၊ သရက်ခရိုင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ရုရှားနိုင်ငံထုတ် ကာမီကာဇေ ဒရုန်းများပါ အသုံးပြု တိုက်ခိုက်လာခြင်းကြောင့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများပါ စစ်တပ်က တိုက်ခိုက်နိုင်၍ ပြည်သူများ သတိပြုနေထိုင်ရန် သရက်ခရိုင်အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ သရက်ခရိုင်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ကာမီကာဇေ ဒရုန်းများပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော ရုရှားနိုင်ငံ ထုတ် ကာမီကာဇေ ဒရုန်း…

  • ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

    ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

    by

    in

    ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၁ ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံး ပြိုလဲသွားစေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိပြီး သင်ခန်းစာများရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇…

  • စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း

    စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း

    by

    in

    စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း ဟန်နွေ/People’s Spring ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သားမင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူလူထုဘက်ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ဗိုလ်ချုပ်ကြီးအပါအဝင် တပ်မတော်သားများကို တိုက်တွန်းလိုက်သည်။ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၁ရက်) နံနက်တွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့ရာ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို တိုက်ရိုက်အကာအကွယ်ပေးနေသည့် စစ်ကောင်စီတပ်သားများအတွက် ယခုကဲ့သို့ ယခုကဲ့သို့ သတင်းစကား ပြောကြားတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ “တကယ်တော့ မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီဆိုတာဟာ ထပ်တူချလို့မရတဲ့ အချက်တွေရှိပါတယ်။ မြန်မာ့တပ်မတော်မှာ ခေါင်းဆောင်နေသူတွေဟာ အာဏာတပ်မက်မှုနဲ့ ကိုယ်ကျိုးအရေး သိပ်အလေးထားပြီး ပြည်သူလူထုကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်နေမှုနဲ့ ဦးဆောင်မှု သိမ်ဖျင်းယိုယွင်းနေခြင်းကြောင့်မြန်မာ့တပ်မတော်ဟာ အကြမ်းဖက် စစ်တပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ရှုမြင်နေကြပြီဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့…

  • ၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြေ

    ၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြေ

    by

    in

    ၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြော ရဲခေါင်/People’s Spring ၂၀၂၅အတွင်း ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌခွန်းဘီထူးက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးရဲဘော်တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသည့် KNDF နှင့်ကရင်နီတပ်ပေါင်းစုက ၂၀၂၃တွင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ဖူးသည်။ “၂၀၂၄ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် စည်းလုံးမှုတွေရှိလာတယ်။သင်ခန်းစာတွေလည်းရှိခဲ့တယ်။၂၀၂၃ ခုနှစ်က ၁၁၁၁ ဒါမှမဟုတ် ၁၀၂၇ စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ အားတက်သရောပါဝင်ခဲ့ပေမယ့် ၂၀၂၄ မှာ အသင့်အတင့်လေး တိုက်ပွဲအရှိန် အနည်းယ်လျော့သွားတာ ရှိခဲ့ပါတယ်။ဒါပေမယ့် ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မလို့ ဖြစ်ပါတယ်။ဒါကို အကျယ့်တဝင့်ပြောစရာတော့မလိုဘူး”ဟု ခွန်းဘီထူးက ပြောသည်။ ထို့အပြင် ၎င်းက ဆက်ပြီး “၂၀၂၅…

  • မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

    မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

    by

    in

    မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ ရန်ကုန်၊ ဇန်နဝါရီ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေး ချပြလိုက်သည်။ ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင်…

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ

    by

    in

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေရာ ၁လနီးပါးရှိပြီဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၃၁ရက်)က မြို့ပေါ် တိုက်ပွဲပြင်းထန်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မနေ့က ဗန်းမော်မြို့ထဲမှာ တိုက်ပွဲပြင်းထန် တယ်။ မြို့ထဲလေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် လုပ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ” အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှ အသိပေးဖော်ပြထားရာ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းရရှိခဲ့ပြီး အလံဖြူထောင်သူများလည်းရှိသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၃၁ရက်တွင် ဗန်းမော်မြို့ ဝင်းလိုက် ဟိုတယ်၊ သိမ်တော်ကြီးဝင်း…

  • နာမည်ကြီး လောကီပညာရှင် ဆရာလင်းညှို့တာရာ၏ 2025 ခုနှစ် မြန်မာနိုင်ငံအတွက် ဟောကိန်း”

    နာမည်ကြီး လောကီပညာရှင် ဆရာလင်းညှို့တာရာ၏ 2025 ခုနှစ် မြန်မာနိုင်ငံအတွက် ဟောကိန်း”

    နာမည်ကြီး လောကီပညာရှင် ဆရာလင်းညှို့တာရာ၏ 2025 ခုနှစ် မြန်မာနိုင်ငံအတွက် ဟောကိန်း”

  • ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး

    ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး

    by

    in

    ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က ယမန်နေ့ နှစ်သစ်ကူးညအချိန် စစ်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာ အလောင်းပြန်ရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ကိုယ်ခန္ဓာအပိုင်းအစများနှင့် အသားစများသာ ပြန်လည်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည…