Author: admin
-
AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ
AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ ရန်ကုန်၊ ဧပြီ ၂၅ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ AA ၊ PDF ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ် ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ဝါးတောကွင်းကျေးရွာ၊ တောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ဟင်္သတမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ အခြားသော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှာမူ စစ်တပ်က တားဆီးထား၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုသော်လည်း စစ်တပ်အထိုင်စခန်းများတွင်သာ သွားရောက် အိပ်စက်နေ ထိုင်ကြကြောင်း သိရှိရသည်။ “တောင်ရွာ အုပ်ကြီး ဇော်ဇော်မင်းနဲ့ ရာအိမ်၊ ဆယ်အိမ်းမှူးတွေ…
-
Breaking News- ပြည်ပရောက် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်း သို့ အပြီးပြန်လည် အခြေချကာ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာများအတွက် လုပ် ဆောင်နေ
Breaking News- ပြည်ပရောက် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်း သို့ အပြီးပြန်လည် အခြေချကာ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာများအတွက် လုပ် ဆောင်နေ ရန်ကုန်၊ ဧပြီ ၂၅ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေရာမှ မိခင်မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ပြီး ပြည်ပရောက် NUG ဝန်ကြီး တစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင်းသို့ အပြီး ပြန်လည် အခြေချကာ ပြည်သူ လူထု၏ ကျန်းမာရေးနှင့်ပညာ ရေး ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေကြောင်း NUG က အတည်ပြုပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ပမှ မိခင် မြန်မာနိုင်ငံသို့ အိမ်ပြန်ခဲ့ပြီဖြစ်သော NUG ဝန်ကြီးဒေါက် တာ ဇော်ဝေစိုးကို မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ “ဒေါက်တာဇော်ဝေစိုး အိမ်ပြန်ပြီပေါ့”…
-
အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ်သားများ ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေး 🟥 ၂ နှစ်ပြည့်စစ်မှုထမ်းတပ်သားများကို အကြပ်ရာထူး များပေးမည်ဖြစ်ပြီး ဘွဲ့ရဆိုလျှင် ဗိုလ်သင်တန်း တက်ခွင့်ပေးမည်ဟု မက်လုံးပေး
အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ်သားများ ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေး 🟥 ၂ နှစ်ပြည့်စစ်မှုထမ်းတပ်သားများကို အကြပ်ရာထူး များပေးမည်ဖြစ်ပြီး ဘွဲ့ရဆိုလျှင် ဗိုလ်သင်တန်း တက်ခွင့်ပေးမည်ဟု မက်လုံးပေး ရန်ကုန်၊ ဧပြီ ၂၅ စစ်အာဏာသိမ်းမှုကြောင့် အရေးပေါ် အခြေအနေ ကြေညာထား၍ စစ်မှုထမ်းတပ် သားများအနေဖြင့် ၂ နှစ်ထက်ပိုမို တာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်အတွင်း အသိပေးမှုများ လုပ်ဆောင်လာကြောင်း စစ်မှုထမ်းတပ်သားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် မေလတွင် စစ်မှုထမ်းအပတ်စဉ် ၁ တက်ရောက်ခဲ့ပြီး ရှမ်းပြည် နယ် တောင်ပိုင်း၊ ပင်လောင်းတွင် တာဝန်ချထားခြင်းခံရသည့် စစ်မှုထမ်းတပ် သားတချို့ကို စစ်ကောင်စီတပ်မှ တပ်ရင်းမှူးများက နိုင်ငံတော်သည် လက်ရှိတွင် အရေးပေါ် အခြေ…
-
နဂါးကြီးကြောင့် ငလျင်လှုပ်သည်ဟုမိုင်းဖုန်းဆရာတော်ဟောပြောမှု ငလျင်ကြိုတင်ကာကွယ်ရေးအတွက်အန္တရာယ်ကြီး
နဂါးကြီးကြောင့် ငလျင်လှုပ်သည်ဟုမိုင်းဖုန်းဆရာတော်ဟောပြောမှု ငလျင်ကြိုတင်ကာကွယ်ရေးအတွက်အန္တရာယ်ကြီး အိမ်သွင်/People’s Spring စစ်ကိုင်းငလျင်ကြီးသည် ကမ္ဘာမြေကြီးအောက်မှ မိုင်ပေါင်း ၃၀၀၀ ကျော်ရှည်သော နဂါးကြီးက လှန်လိုက်ခြင်းကြောင့်လှုပ်ခြင်းဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ ဟောပြောမှုသည် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်အယူလွဲမှားစေနိုင်ကာအန္တရာယ်ကြီးမားပြီး ဘာသာရေးအရဂျင်းထည့်ခြင်းဟု ဘူမိဗေဒပညာရှင်များနှင့် လူမှုရေးအဖွဲ့များက ဝေဖန်ကြသည်။ ငလျင်ဒဏ်သင့်ဒေသများအတွက်မေတ္တာပို့ကူညီထောက်ပံ့ခြင်းအလှူခရီးစဉ်ဟုခေါင်းစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် မိုင်းဖုန်းဆရာတော်က တရားပွဲတစ်ခုတွင်ထိုကဲ့သို့ဟောပြောခဲ့ခြင်းဖြစ်သည်။ “နဂါးအရှည်က မိုင်ပေါင်း ၃၀၀၀ကျော်တယ်။ လှန်လိုက်တော့ မြေငလျင်လှုပ်သွားတယ်”ဟုမိုင်းဖုန်းဆရာတော်က ဘာသာပြန်ဘုန်းကြီးတစ်ပါးမှတဆင့် ဟောသည်။ တရားနာသူများထံမှလည်းအံ့ဩသည့်ပုံစံဖြင့် အာမေဒိတ်သံထွက်လာကြသည်။ယုံကြည်ကိုးကွယ်သူအများအပြားရှိနေသော မိုင်းဖုန်းဆရာတော်ကဲ့သို့ပုဂ္ဂိုလ်က မဟုတ်မမှန်သောအကြောင်းကို ထိုသို့ ဟောပြောခြင်းက ငလျင်ဘေးအန္တရာယ်ရှိနေသော မြန်မာနိုင်ငံတွင်သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ကြီးမားစေသည်ဟု ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။ “ပြတ်ရွေ့ကြောင့်မြေကြီးကသဘာဝအတိုင်းလှုပ်ခါတာကိုနဂါးကလှန်လို့လှုပ်တယ်ပြောတာက တော်တော်ကိုအန္တရာယ်ကြီးပါတယ်။ ဒါဟာ ပေါ့တန်တန် သဘောထားလို့မရဘူး” ဟု အဆိုပါဘူမိပညာရှင်က ပြောသည်။ မြန်မာနိုင်ငံမြေကလျင်ကော်မတီဝင်တစ်ဦးကလည်း”ခက်ပါတယ်ဗျာ။ဒီလိုဟောတာပြောတာတွေက သဘာဝ ဘေးကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရင်ဆိုင်ရေးအပိုင်းတွေမှာ ရေလိုက်လွဲသွားနိုင်ပါတယ်။ ငလျင်က ငလျင်ပါ။…
-
ပြည်သူအပေါ် အနစ်နာခံမှု နှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်
ပြည်သူအပေါ် အနစ်နာခံမှု နှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ် ရန်ကုန်၊ ဧပြီ ၂၄ ပြည်သူအပေါ် အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ပြည်သူဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဘဝတစ်လျောက်လုံး မြန်မာနိုင်ငံ နှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေ သည့် စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်ကြောင်း အသိပေးထားသည်။ မတရားဖမ်းဆီး…
-
မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ်
မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ် ရန်ကုန်၊ ဧပြီ ၂၄ မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ်ဘဲ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအားမြင့် ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် လူဦးရေ ၄၀၀၀ နီးပါး သေဆုံးပြီး အပျက်အစီးများခဲ့သော်လည်း နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်ပိုင်းအချင်းချင်း အသေးစား နျူကလီးယား စက်ရုံ တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။ အဆိုပါသဘောတူညီချက်တွင် ရုရှားနိုင်ငံပိုင်နျူကလီးယားကော်ပိုရေးရှင်း Rosatom က ၅၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖိုနှစ်ခုပါဝင်သော ဓာတ်အား…
-
ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟုဆို
ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟုဆို ဧပြီ ၂၃၊ ၂၀၂၅ ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Arakan Oil Watch အဖွဲ့ရဲ့ “တောက်လောင်နေသည့် ကျောက်ဖြူ၏ ပဋိပက္ခများ အစီရင်ခံစာ” မှာ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်သည်ဖြစ်စေ၊ မထိန်းချုပ်သည်ဖြစ်စေ စီမံကိန်းရဲ့ အနာဂတ်ဟာ AA ရဲ့လက်ထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ကျောက်ဖြူမြို့နယ် တစ်ခုလုံးကို အပြည့်အဝသိမ်းပိုက်မယ်ဆိုရင် လက်ရှိနဲ့ အနာဂတ်စီမံကိန်းတွေအတွက် သဘောတူစာချုပ်တွေ၊ ဘဏ္ဍာငွေ အစုရှယ်ယာ သဘောတူညီမှုတွေနဲ့…
-
ဂရိတ်ဝေါလ် ဟိုတယ် ရှင်းလင်းရေးဧရိယာကို ကန့်သတ်ဧရိယာသတ်မှတ်
ဂရိတ်ဝေါလ် ဟိုတယ် ရှင်းလင်းရေးဧရိယာကို ကန့်သတ်ဧရိယာသတ်မှတ် ဧပြီ – ၂၄ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးက ဂရိတ်ဝေါလ်ဟိုတယ် ဖြိုချရှင်းလင်းနေတဲ့ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြီး ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “ကန့်သတ်နယ်မြေ တာဝန်မှအပ မဝင်ရ ပုဒ်မ ၁၄၄” ရေးသားသတိပေးထားတဲ့ အနီရောင် ဗီနိုင်း တွေ ချိတ်ထားတာလို့ မြို့ခံတွေကဆိုပါတယ်။ ငလျင်ဘေးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့ မန္တလေးမြို့ခံ ကူညီရေးအဖွဲ့ဝင်တစ်ဦး ကတော့ အခုလိုပုဒ် ၁၄၄ ထုတ်ပြီး ကန့်သတ်နယ်မြေသတ်မှတ်တဲ့ ငလျင့်ဒဏ်သင့်အဆောက်အဦး ရှင်းလင်းရေး ဧရိယာ မျိုးမတွေ့ကြုံဘူးလို့ ပြောပါတယ်။ ” အဲလို ပုဒ်မ ၁၄၄ဆိုတာမျိုးတော့ ကျွန်တော်သွားခဲ့တဲ့သမျှအဆောက် အအုံတွေမှာ မတွေ့မိဘူး၊ ဝါးလုံးတားထားတာမျိုး ၊…
-
ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် လျှပ်စစ်ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သား၊ သမီးနှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံ ရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေ
ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် လျှပ်စစ်ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သား၊ သမီးနှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံ ရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေ ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသို့ သွင်းကုန်များ တင်သွင်းမှုကို လုံး၀ ထိန်းချုပ်လိုက်ပြီးနောက် ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် ကားတင်သွင်းခွင့် ပါမစ်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ သမီးခင်သီရိသက်မွန်နှင့် မိတ်ဘက် စီးပွားရေးသမားများက အခွင့်ထူးခံရရှိပြီး ပါမစ်သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်းနေကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ စစ်ကောင်စီက ပြည်ပနိုင်ငံခြားငွေ သုံးစွဲမှု မှန်သမျှကို ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် သွင်းကုန်တင်သွင်းမှုများအားလုံးကိုလည်း ပိတ်ပင်ထားကြောင်း၊ သွင်းကုန်တင်သွင်းသူများအနေဖြင့် စစ်ကောင်စီက ဖွဲ့စည်းထားသော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံမှ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်…
-
စစ်တပ်က ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဖားကန့်ဘက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မိုးညှင်းနှင့် ဗန်းမော်တို့ကို လေကြောင်းတိုက်ခိုက်နေ
စစ်တပ်က ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဖားကန့်ဘက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မိုးညှင်းနှင့် ဗန်းမော်တို့ကို လေကြောင်းတိုက်ခိုက်နေ ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သည်ဟု ကြေညာပြီးနောက် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများတောက်လျှောက်လုပ် ဆောင်လျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး၊ အရှေ့ဘက်၊ နန့်မွန်း-မနခေါ လမ်းရှိ ဆနွင်းကုန်းရွာကို စစ်ကောင် စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ အလားတူ ဧပြီလ ၂၂ ရက်နေ့…