Author: admin
-
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ…
-
စစ်တွေတွင် AAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်
စစ်တွေတွင် AAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ် အိမ်သွင်/People’s Spring စစ်တွေမြို့အနီးရှိ ကျားမသောက် စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက် ခိုက်ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ညနေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကျားမသောက်ဂိတ်က စစ်တွေအဝင်ဘက်မှာရှ်ိတာ။ စစ်ကောင်စီအင်အားများတယ်။ ဒီနေ့ တိုက် ပွဲဖြစ်လို့ ဒေသခံတွေရှောင်ရတာရှိတယ်။ အရင်ရက်ကတော့ စစ်တွေနဲ့ပုဏ္ဏားကျွန်းဝန်းကျင်မှာ လေကြောင့်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့တော့မရှိသေးဘူး” ဟု ရခိုင်စစ် ရေးသတင်းမြစ်တဦးကပြောသည်။ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက် တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ AAသည် ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ခိုက်နေဆဲ ဂွမြို့နှင်…
-
မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်တပ် မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦးကို ဖမ်းဆီးရမိ
မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်တပ် မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦးကို ဖမ်းဆီးရမိ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်တပ် မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဗျူဟာအမှတ်- ၈၁ ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ဆောမြို့နယ်၊ ရေရှည်ကျေးရွာအနီး ခလရ ၂၇၄ တပ်ရင်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာသော မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား ၁၂…
-
သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက် နပခ ကို စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ ပြန်လည်အသုံးချပြီး AA တိုက်ခိုက်ခဲ့မှုများ (ရုပ်/သံ)
သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက် နပခ ကို စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ ပြန်လည်အသုံးချပြီး AA တိုက်ခိုက်ခဲ့မှုများ (ရုပ်/သံ) ဒီဇင်ဘာ ၂၇၊ ၂၀၂၄ ရခိုင်ပြည် အမ်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။
-
စစ်အာဏာရှင်ဟောင်း သန်းရွှေနဲ့ ၄င်းမိသားစုကို မင်းအောင်လှိုင်က ပြည်ပထွက်ခွါခွင့် ပိတ်ပင်ထား
စစ်အာဏာရှင်ဟောင်း သန်းရွှေနဲ့ ၄င်းမိသားစုကို မင်းအောင်လှိုင်က ပြည်ပထွက်ခွါခွင့် ပိတ်ပင်ထား AAMIJ / ဒီဇင်ဘာ၂၆ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၄င်းတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ နဲ့ သူရဲ့မိသားစုဝင်တွေကို နေပြည်တော် ပြင်ပသို့ ထွက်ခွါခွင့်ကို ကန့်သန့်ပိတ်ပင်ထားတဲ့အပြင် ပြည်ပကိုပါ ထွက်ခွါခွင့် ပိတ်ပင်ထားတယ်လို့ နေပြည်တော်သတင်းအရင်းမြစ်ထံကနေ သိရပါတယ်။ ဦးသန်းရွှေရဲ့ အချစ်တော် မြေးဖြစ်သူ နေရွှေသွေးအောင်အပါဝင် တစ်မိသားစုလုံးကိုလည်း ပြည်ပထွက်ခွါခွင့်ကို ပိတ်ပင်ထားကြောင်း အဆိုပါ နေပြည်တော်သတင်းအရင်းမြစ်ရဲ့ပြောဆိုချက်အရ သိရပါတယ်။ “ဦးသန်းရွှေကို နေပြည်တော်ကနေကို ပေးမထွက်တာ အကျယ်ချုပ်ချထားတာလည်း မဟုတ်ဘူး။ သူ့ရဲ့မိသားစုကိုလဲ ပြည်ပထွက်ခွါခွင့်ကိုပိတ်ထားတယ်။ ဖိုးလပြည်တောင် ရန်ကုန်မှာပဲ ရှိတယ်” လို့ နေပြည်တော်သတင်းအရင်းမြစ်က AAMIJ ကို ပြောပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က…
-
လူသတ်ကားလုသွားသူများအား မုံရွာပလဖက တစ်ရက်အတွင်း ဖမ်းမိ
မုံရွာမြို့လယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ် ဓားပြတိုက်မှုကျူးလွန်သည့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်တွင် လူသတ်ဓားပြတိုခိုက်မှုကျူးသည့်အဖွဲ့ကို ဖမ်းမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့လယ်ခေါင်ရှိ နေအိမ်တစ်ခုအတွင်း လူတစ်စုက ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး Toyota Wish အဖြူရောင်ကားတစ်စီးပါယူဆောင် သွားသည့် ဓားပြအဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲဘော်များက သက်ဆိုင်ရာနယ်မြေအ လိုက်ရှိတော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဖော်ထုတ်ခဲ့ရာ ၁၂ နာရီအတွင်း ဖမ်းခဲ့ခြင်းဖြစ် ကြောင်း၊ ဓားပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ကျော် အရွယ် မမို့မို့စန်း သေဆုံးခဲ့ပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။…
-
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီး ၃ ရက်အကြာ ရန်ကုန်တွင်ပြုလုပ်သည့် DSA အပတ်စဉ် ၁၉ ၏ ၄၇ နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က ကြူကြူလှအတွက် “သုံးရာသီ” သီချင်း သီဆိုဖျော်ဖြေခဲ့
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီး ၃ ရက်အကြာ ရန်ကုန်တွင်ပြုလုပ်သည့် DSA အပတ်စဉ် ၁၉ ၏ ၄၇ နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က ကြူကြူလှအတွက် “သုံးရာသီ” သီချင်း သီဆိုဖျော်ဖြေခဲ့ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီး ၃ ရက်အကြာ ရန်ကုန်တွင်ပြုလုပ်သည့် စစ်တက္ကသိုလ် DSA ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်း အရာရှိများတွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြူကြူလှအတွက်ဟုဆိုကာ “သုံးရာသီ” သီချင်း သီဆိုခဲ့ကြောင်း တပ်အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမာန် ခန်းမတွင် ပြုလုပ်သည့် စစ်တက္က သိုလ် DSA…
-
DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ
နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူစေ့ မဲနှိုက်ခွင့်ရတယ်။…
-
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ထံမှ သိမ်းဆည်းရရှိသော တင့်ကား၊ အမြောက်၊ စက်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းများ အသုံးပြု တိုက်ခိုက်ဟု AA က ထုတ်ပြန် (ရုပ်/သံ)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ထံမှ သိမ်းဆည်းရရှိသော တင့်ကား၊ အမြောက်၊ စက်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းများ အသုံးပြု တိုက်ခိုက်ဟု AA က ထုတ်ပြန် (ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ထံမှ သိမ်းဆည်းရရှိသော တင့်ကား၊ အမြောက်၊ စက်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းများ အသုံးပြု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ဗီဒီယိုနှင့်တကွ ထုတ်ပြန်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသော တင့်ကားများ၊ အမြောက်များ၊ ပွိုင့်ဖိုက်များ၊ စက်လက်နက်များကို ပြန်လည်အသုံးပြုခဲ့သည်ကို ဓာတ်ပုံ ဗီဒီယိုများနှင့်တကွ ထုတ်ပြန်ထားသည်။ စစ်ကောင်စီအနေဖြင့်…
-
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက် ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ”
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက် ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ” ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်စခန်းများကို AA တပ်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းသိမ်းပိုက်မှုတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို လက်ရ အရှင်ဖမ်းဆီးရရှိခဲ့သည်။ ယင်းတို့အနက်မှ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် အမေးအဖြေကို AA တရားဝင် ရိုက်ကူးထုတ်လွှင့်ထားသည်။ မေး။ ။ ဗိုလ်မှူးချုပ်ရဲ့ ကိုယ်ရေးအကျဉ်းလေးကို ပြောပေးပါဦး။ ဖြေ။ ။ ကျနော်ကတော့ အလုပ်သင်ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၂၁ သင်တန်းဆင်း…