-
မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့…
မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့… ဇူလိုင် ၆ ၊ ၂၀၂၅ မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။ ပြီးခဲတဲ့ မတ်လကုန်စလို့ မေလကုန်အထိ ရက်သတ္တပတ် ၈ ပတ်အတွင်း မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တို့က ဖြတ်တောက်တိုက်ခိုက်မှု ၆…
-
ပခုက္ကူမြို့ လေယာဉ်ကွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးနိုင်ပြီး လေယာဉ်ပြေးလမ်းများ ပျက်စီး
ပခုက္ကူမြို့ လေယာဉ်ကွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးနိုင်ပြီး လေယာဉ်ပြေးလမ်းများ ပျက်စီး ရန်ကုန်၊ ဇူလိုင် ၆ မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးနိုင်ပြီး လေယာဉ်ပြေးလမ်းများလည်း ပျက်စီးခဲ့ကြောင်း ပခုက္ကူ ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် ပခုက္ကူမြို့ လေယာဉ်ကွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးနှင့် ၆၀ မမ…
-
Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)
Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ) ဇူလိုင် ၆၊ ၂၀၂၅ စစ်ကောင်စီက တိုက်ိခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12 လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ဦးခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး၊ လေယာဥ်ပြေးလမ်း နေရာအချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်း သိရတာပါ။ အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်တပ်ရင်း(၁) ပကဖ၊…
-
ရန်ကုန်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့်ရှိပြီး ၁၂ ဦးသာပြန်လွတ်လာဟု RSN ထုတ်ပြန်
ရန်ကုန်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့်ရှိပြီး ၁၂ ဦးသာပြန်လွတ်လာဟု RSN ထုတ်ပြန် ဇူလိုင်-၄၊၂၀၂၅။ရောင်နီ/People’s Spring ဇွန်လအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များမှ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂ ဦးသာရှိကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က အသိပေးသည်။ ဖမ်းဆီးခံရသူများအနက် ၁၉ ဦးသည် အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခြင်း ၊ စစ်မှူထမ်းအတွက် စာရင်းပါခြင်း နှင့် လမ်းပေါ်၌ပေါ်တာဆွဲခံရသည့် အကြောင်းအရာများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းအတွက် ပို့ဆောင်ခံခဲ့ရသည်ဟု RSN ကဆိုသည်။ “လူမှုကွန်ယက်မီဒီယာပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသောကြောင့်ဟု ဆိုကာ ထုတ်ပြန် ကြေညာ ၍ ဖမ်းဆီးခံရသူ ၇ ဦးထိ ရှိသည်။…
-
လူငယ်များကို စစ်မှုထမ်းရန် နည်းမျိုးစုံဖြင့် အဓမ္မစုဆောင်းနေသည့် စစ်ကောင်စီက စစ်မှုထမ်း စီမံခန့်ခွဲမှုစနစ် NSIMS တည်ဆောက်မည်
လူငယ်များကို စစ်မှုထမ်းရန် နည်းမျိုးစုံဖြင့် အဓမ္မစုဆောင်းနေသည့် စစ်ကောင်စီက စစ်မှုထမ်း စီမံခန့်ခွဲမှုစနစ် NSIMS တည်ဆောက်မည် ဧရာ၀တီတိုင်းမ် ဇူလိုင် ၅ ရက် အာဏာသိမ်းစစ်ကောင်စီသည် နည်းပညာအခြေပြု၍ ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို တည်ဆောက်နေကြောင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။ နေပြည်တော်၌ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ NSIMS စနစ်သည် ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက်သော စာရင်းဇယားများ မှန်ကန်စေရန်နှင့် ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ယမန်နေ့…
-
နတ်ရေကန်ဗျူဟာနှင့်ချိတ်ဆက်ထားသောလမ်းပိုင်းများ၌ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုစစ်သား ၂၅ ဦးထက်မနည်းသေဆုံးဟုကာကွယ်ရေးအဖွဲ့များပြော
နတ်ရေကန်ဗျူဟာနှင့်ချိတ်ဆက်ထားသောလမ်းပိုင်းများ၌ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုစစ်သား ၂၅ ဦးထက်မနည်းသေဆုံးဟုကာကွယ်ရေးအဖွဲ့များပြော ဇူလိုင်-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring နတ်ရေကန်ဗျူဟာ နှင့် ချိတ်ဆက်ထားသော အမ်း-ပဒါန်းလမ်းပိုင်း နှင့် ပုသိမ်-မုံရွာ လမ်းပိုင်း၌ စစ်တပ်စစ်ကြောင်းများအား ဖြတ်တောက်တိုက် ခိုက်ခဲ့သည့်တိုက်ပွဲများတွင်စစ်သား၂၅ဦးထက်မနည်းသေဆုံးပြီး ၆၀ကျော်ဒဏ်ရာရကြောင်းတော်လှန်ရေးအဖွဲ့များကထုတ်ပြန်သည်။ ပြီးခဲ့သည့်မတ်လကုန် မှ မေလကုန်ထိရက်သတ္တ ပါတ်ပေါင်း (၈) ပတ်ကာလအတွင်း တိုက်ပွဲအ ခြေအနေကိုအထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ် လပ်ရေး တပ်တော် (PIO/PIA) က ဇူလိုင်လ ၅ရက်၌ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။ စစ်တပ်စစ်ကြောင်းများအားမိုင်းဆွဲတိုက်ခိုက်မှု (၂) ကြိမ် ၊ ဖြတ်တောက်ထိတွေ့တိုက်ခိုက်မှု (၆) ကြိမ်ပြုလုပ်ခဲ့ပြီး (၂၅) ဦးထက် မနည်းသေဆုံးကာ (၆၃) ဦး ထပ် မနည်း ပြင်းထန်ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။သို့သော်စစ် သားများသေဆုံးထိခိုက်မှု အခြေအနေကို People’s Spring…
-
စစ်မှုထမ်းတပ်သားသစ်များ ထွက်ပြေးခြင်းနှင့် လက်နက်ချလျှင် ကျန်ရစ်သောမိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်
စစ်မှုထမ်းတပ်သားသစ်များ ထွက်ပြေးခြင်းနှင့် လက်နက်ချလျှင် ကျန်ရစ်သောမိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက် 🟥 စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်နေသော ရခိုင်၊ ရှမ်း/မြောက်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း/ချင်းနှင့် ကချင် စစ်ဆင်ရေး နယ်မြေများသို့ အဓိက စေလွှတ်မည် ရန်ကုန်၊ ဇူလိုင် ၆ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် တပ်မှ ထွက်ပြေးခြင်းနှင့် တစ်ဖက်အဖွဲ့အစည်းထံတွင် လက်နက်ချခြင်းများ လုပ်ဆောင်လျှင် ကျန်ရစ်သော မိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု ခြိမ်းခြောက်လာကြောင်း စစ်မှုထမ်းတပ်သား သစ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၄ ရက်နေ့ စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းဆင်းပွဲများတွင် စစ်ကောင်စီတပ်မှ အရာရှိများက တပ် သားသစ်များကို ထိုသို့…
-
ရန်ကုန်တွင် ဇွန်လအတွင်း လူအယောက် ၈၀ခန့်ဖမ်းဆီးခံရဟုဆို
ရန်ကုန်တွင် ဇွန်လအတွင်း လူအယောက် ၈၀ခန့်ဖမ်းဆီးခံရဟုဆို AAMIJ / ဇူလိုင် ၅ ရန်ကုန်မှာ ယခုနှစ်ဇွန်လအတွင်း စစ်တပ်က လူအယောက် ၈၀ကို မတရား ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်အခြေစိုက် Rangoon Scout Network- RSNရဲ့ လစဉ်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ လူအယောက် ၈၀ထဲက ၁၂ဦးမှာပြန်လွတ်မြောက်လာခဲ့ပြီး ၁၃ဦးမှာ ပြန်မလွတ်လာတော့ဘဲ စစ်မှုထမ်းသင်တန်းကျောင်းများနဲ့အကျဉ်းထောင်များကို ပို့ဆောင်ခံခဲ့ရကာ ကျန် ၅၅ဦးမှာ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးကြောင်း RSNက ဆိုထားပါတယ်။ ဖမ်းဆီးခံရသူများထဲက ၁၉ဦးဟာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတာကို RSNက ၎င်းတို့အနေနဲ့ အတည်ပြုထားကြောင်း ရေးသားထားပါတယ်။ အဲ့ဒိ ၁၉ဦး ဖမ်းဆီးခံခဲ့ရပုံတွေက အလုပ်ရမယ်လို့ဆိုကာ လိမ်လည်ခေါ်ယူခံရသူ ၈ ဦး၊ စစ်မှုထမ်းစာရင်းအတိုင်း အိမ်အထိ ရှာဖမ်းခံရသူ…
-
တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး
တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး ရန်ကုန်၊ ဇူလိုင် ၅ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပွားလ်ပီးကျေးရွာရှိ စစ်တပ် စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ ကလေးမြို့အထိ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ချင်းတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့၍ ကလေးမြို့အထိ…
-
တရုတ် စီစဉ်တဲ့ ဆွေးနွေးရေးလမ်းကြောင်း အတော်လေး ခရီးပေါက်ပေမယ့် နောင်ချိုကို လက်မလွှတ်ဘူး လို့ TNLA ပြော။ တရုတ်က TNLAနဲ့ စစ်အုပ်စုကို သီးခြားစီခေါ်တွေ့၊ နောင်ချိုမြို့အနီးမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊
တရုတ် စီစဉ်တဲ့ ဆွေးနွေးရေးလမ်းကြောင်း အတော်လေး ခရီးပေါက်ပေမယ့် နောင်ချိုကို လက်မလွှတ်ဘူး လို့ TNLA ပြော။ တရုတ်က TNLAနဲ့ စစ်အုပ်စုကို သီးခြားစီခေါ်တွေ့၊ နောင်ချိုမြို့အနီးမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ တေဇ/ MFP ၊ ဇူလိုင် – ၅ တရုတ်အစိုးရက TNLA နဲ့ စစ်အုပ်စုကို သီးခြားစီ ခေါ်ယူတွေ့ဆုံမှု ရှိခဲ့ပြီး ဆွေးနွေးရေး လမ်းကြောင်း အတော်လေး ခရီးရောက်နေပေမယ့် နောင်ချိုမြို့ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ ဒီနေ့ ဇူလိုင်လ ၅ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အထက်ပါ အချက်တွေကို…