-
သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ
သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မကွေးတိုင်း၊ သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကားတစ်စီးသည် ယမန်နေ့ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၂ ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိကြောင်း သရက်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း သရက်မြို့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ ၁၂…
-
မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သားငါးဦး လက်နက်နှင့် အလင်းဝင်လာ
မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သားငါးဦး လက်နက်နှင့် အလင်းဝင်လာ ရဲခေါင်/People’s Spring ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သား ငါးဦး လက်နက်များနှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တပ်ရင်းမှူးသိန်းထွန်းက လူထုနွေဦးသို့ ပြောသည်။ ဖေဖော်ဝါရီ ၁၇ရက်က အလင်းဝင်လာသည့် တပ်သားငါးဦးသည် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းခံထားရသူများဟု ဆိုသည်။ “ဒီဖေဖော်ဝါရီလတစ်လတည်းကို KNDF တပ်ရင်း(၃)ဆီကို ဘက်ပြောင်းလာတာ ၁၄ ယောက်ထိရှိခဲ့ပြီ။အပတ်စဥ်(၄)အပတ်စဥ်(၅) အပတ်စဥ်(၆)တွေ ဖြစ်ကြတယ်။ရွေးချယ်မှုမှန်ကန်လို့ ဂုဏ်ယူပါတယ် “ဟု မိုးဗြဲ ဇုန်တပ်ရင်းမှူးက ပြောသည်။ စစ်ကောင်စီတပ်ထံမှ ထွက်လာချင်သူများအား အသက်နှင့်ရင်း၍ စွန့်စားခေါ်ထုတ်မည်ဖြစ်ပြီး တော်လှန်ရေး အင်အားစုဘက်သို့ ပူးပေါင်းလာမှု များကို ကြိုဆိုနေ ကြောင်းလည်း ၎င်းက အသိပေးသည်။ ထို့အပြင် ကရင်နီပြည်နယ်၏ နယ်မြေအနှံ့တွင် ယခုနှစ်ဆန်းပိုင်းကစ၍ အလင်းဝင်ခိုလှုံလာသည့် စစ်ကောင်စီ၏…
-
ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး ▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို
ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး ▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက်အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြိုးပမ်းတိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ရက် ညပိုင်းတွင် ဖော်ပြသည်။ ဗန်းမော်နှင့် အင်းတော်မြို့၌ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အခြေအနေကို အသိပေးစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ KIAပူးပေါင်းတပ်များသည် ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်စခန်းအား ဖေဖော်ဝါရီ ၂ရက်မှ ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ရက်ထိ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့ ဖမ်းမိထားပြီး အမြောက်တပ်၊ ကန်တော်စာသင်ကျောင်း၊ ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားကာ စစ်ကောင်စီကလည်း လေကြောင်း၊လက်နက်ကြီးခုခံတိုက်ခိုက်မှုများရှိဟု…
-
ဗန်းမော် စကခ ၂၁ မှ နည်းဗျူဟာမှူး ခြေ ထောက်တစ်ဖက်ပြတ်သွားသည့်အတွက် ရဟတ်ယာဥ်ဖြင့် မြစ်ကြီးနားသို့သယ်သွား ၊ ဆေးတပ်ကို KIAသိမ်းပိုက်
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၇ ရက် ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီ၏ နည်းဗျူဟာမှူးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း သိရသည်။ စကခ ၂၁မှ ခြေထောက်ပြတ်တောက်သွားသည့် နည်း ဗျူဟာမှူးကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားပြီး မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။ “နည်းဗျူဟာမှူး တိုတစ် ၊ ရှည်တစ်ဖြစ်သွားတယ်။ တင်ပါးမှာလည်း ဒဏ်ရာပြင်းတယ်လို့သိရတယ်။ အခုမြစ်ကြီးနားဆေးရုံမှာပါ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့က စစ်ကောင်စီ ၏ ဆေးတပ်ရင်းကိုပါ KIA က သိမ်းပိုက်လိုက်ပြီး စကခ ၂၁ကို ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက် နေကြောင်း…
-
ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ် 🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင်
ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ် 🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များသို့ စစ်မှုထမ်း စစ်သင်တန်းဆင်း တပ်သားသစ်များကို အလုံးအရင်းဖြင့် စေလွှတ်လျက်ရှိပြီး အဆိုပါ စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက စစ်တပ်မှ အထက်အရာရှိများ၏ ခွင့်ပြုချက်မရရှိဘဲ သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားခြင်းမပြုလုပ်ရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ကချင်၊ ကရင်၊ ချင်း၊ ပဲခူး၊ ကရင်နီ၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ မကွေး၊…
-
အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း.. (ရုပ်/သံ)
အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း.. (ရုပ်/သံ) “မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်” ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီရဲဘော်တွေ မီတာ ၁၀၀ ခန့်အကွာ ထိတွေ့မှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာဟာ အဓမ္မတပ်သားစုဆောင်းခံရတဲ့ လူငယ်တွေဖြစ်တယ်လို့ သိရတာကြောင့် ဘက်ပြောင်းဖို့ ခေါ်ယူညှိနှိုင်းမှုတွေလုပ်ခဲ့ကြောင်း KNDFB03 ရဲ့ တာဝန်ရှိသူက ဗီဒီယိုနဲ့တကွ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ နှစ်ဘက် လက်နက်မပါဘဲ တွေ့ဆုံစကားပြောခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ဖြစ်တာကြောင့် ၁ ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မရနိုင်တဲ့အတွက် ပြန်လည်ဆက်သွယ်ဖို့ ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ဒီလိုတွေ့ဆုံမှုကို စစ်ကောင်စီဗိုလ်ကြီး…
-
တစ်နိုင်ငံလုံး တိုက်ပွဲများပြင်းထန်နေသောကြောင့် စစ်တပ်အခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးစိုးရိမ်သဖြင့် ဧည့်စာရင်းတိုင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်
တစ်နိုင်ငံလုံး တိုက်ပွဲများပြင်းထန်နေသောကြောင့် စစ်တပ်အခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးစိုးရိမ်သဖြင့် ဧည့်စာရင်းတိုင်ရန် ဒေသန္တရအမိန့်ထုတ်ပြန် AAMIJ / ဖေဖော်ဝါရီ ၁၇ နိုင်ငံနဲ့အဝန်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်တပ်အခြေစိုက်ရာ နေပြည်တော်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် ဧည့်စာရင်းတိုင်ကြားဖို့ ဒေသန္တရအမိန့်ကို ဖေဖော်ဝါရီလ ၁၆ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ပျဉ်းမနားမြို့နယ်အတွင်း အများပြည်သူ စိတ်အေးချမ်းမြေ့လုံခြုံစွာ နေထိုင်နိုင်ရေးနဲ့ လုံခြုံမှုကို ထိခိုက်အန္တရာယ်ဖြစ်စေမယ့် လုပ်ဆောင်မှုများမရှိစေရေးအတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများ အတွင်းကို အခြားနေရာဒေသများမှ ညအိပ်/ ညနေ လာရောက်ပါက အိပ်ရှင်နဲ့ လာရောက်တည်းခိုနေထိုင်တဲ့ ဧည့်သည်တို့အား တည်ဆဲဥပဒေများနဲ့အညီ ဧည့်စာရင်းတိုင်ကြားခြင်းကို သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ အတည်မပြုမခြင်း…
-
ငါးသိုင်းချောင်း အမြောက်တပ်၏ ကာကင်းစခန်းများ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီမိသားစုဝင်များအလျင်အမြန် ပြောင်းရွှေ့
ငါးသိုင်းချောင်း အမြောက်တပ်၏ ကာကင်းစခန်းများ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီမိသားစုဝင်များအလျင်အမြန် ပြောင်းရွှေ့ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၇ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက် တပ် ကို အာရက္ခတပ်တော် (AA) က ဦးတည်ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကာ အမတ ၃၄၄မှ တပ်မိသားစုဝင်များ ပြောင်း ပြေးနေရပြီဖြစ်ကြောင်း သိရသည်။ အမြောက်တပ် ၃၄၄ ၏ ကာကင်းစခန်းများကို ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် AAက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။ “အမတ ၃၄၄ကိုဦးတည် ထိုးစစ်စနေပြီ။ ကာကင်းတွေဝင်ဆောင့်ခံနေရတယ်။ မှီခိုမိသားစုတွေစပြောင်းနေရပြီ။ သေဆုံးမှုတွေများတယ်။ ဆက်ပြီး မခုခံနိုင်လောက်တော့ဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။…
-
ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်၏ ဆားဂွန်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်၏ ဆားဂွန်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး သေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အကြမ်းဖက် စစ်တပ်၏ ဆားဂွန်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း PhyuTownship People’s Defense Organization (ဖြူးမြို့နယ် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖြူးမြို့နယ် ဖြူးမြို့နှင့် ဇေယျဝတီမြို့ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အကြမ်းဖက် စစ်တပ်၏…
-
ကပစများအခြေစိုက်သည့် ပန်းတောင်းမြို့နယ်မှ စစ်စခန်းအချို့ AA နှင့်မဟာမိတ်များတိုက်ခိုက် ■အင်အား၂၀၀ ကျော်ဖြင့်ခုခံနေသော ပုဂံကွဲ စခန်းကိုတော်လှန်ရေးတပ်များသိမ်းပိုက်
ကပစများအခြေစိုက်သည့် ပန်းတောင်းမြို့နယ်မှ စစ်စခန်းအချို့ AA နှင့်မဟာမိတ်များတိုက်ခိုက် ■အင်အား၂၀၀ ကျော်ဖြင့်ခုခံနေသော ပုဂံကွဲ စခန်းကိုတော်လှန်ရေးတပ်များသိမ်းပိုက် ကဖေး/People’s Spring စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများရှိ သည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်AAနှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ပန်းတောင်းမြို့နယ်မှ ညောင်ကျိုးစခန်း နှင့် ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလဆန်းမှစတင်၍ AAက တိုက်ခိုက်နေခြင်းဖြစ်ပြီး ခံစစ်အခိုင်အမာပြင်ထားသော ပုဂံကွဲစခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ” အခုတိုက်နေတဲ့နေရာတွေက ကပစနဲ့လည်း အ ရမ်းမဝေးသလို ဧရာဝတီတိုင်း၊ ရခိုင်နဲ့ ပဲခူးတိုင်း နီးစပ်တဲ့နေရာတွေဖြစ်တယ်။ စစ်ကောင်စီက စခန်းတွေကနေဆုတ်ခွာပြီး ကပစတွေမှာ သွားထိုင်တာတွေလည်းကြားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသဖြစ်သော ပန်းတောင်းမြို့နယ်ထဲ၌ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံကပစ (၃)၊ ကပစ…