ကပစများအခြေစိုက်သည့် ပန်းတောင်းမြို့နယ်မှ စစ်စခန်းအချို့ AA နှင့်မဟာမိတ်များတိုက်ခိုက် ■အင်အား၂၀၀ ကျော်ဖြင့်ခုခံနေသော ပုဂံကွဲ စခန်းကို​တော်လှန်​ရေးတပ်များသိမ်းပိုက်

by

in

ကပစများအခြေစိုက်သည့် ပန်းတောင်းမြို့နယ်မှ စစ်စခန်းအချို့ AA နှင့်မဟာမိတ်များတိုက်ခိုက်
■အင်အား၂၀၀ ကျော်ဖြင့်ခုခံနေသော ပုဂံကွဲ
စခန်းကို​တော်လှန်​ရေးတပ်များသိမ်းပိုက်
ကဖေး/People’s Spring
စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိ
သည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်AAနှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။
ပန်းတောင်းမြို့နယ်မှ ညောင်ကျိုးစခန်း နှင့် ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလဆန်းမှစတင်၍ AAက တိုက်ခိုက်နေခြင်းဖြစ်ပြီး ခံစစ်အခိုင်အမာပြင်ထားသော ပုဂံကွဲစခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
” အခုတိုက်နေတဲ့နေရာတွေက ကပစနဲ့လည်း အ
ရမ်းမဝေးသလို ဧရာဝတီတိုင်း၊ ရခိုင်နဲ့ ပဲခူးတိုင်း နီးစပ်တဲ့နေရာတွေဖြစ်တယ်။ စစ်ကောင်စီက စခန်းတွေကနေဆုတ်ခွာပြီး ကပစတွေမှာ သွားထိုင်တာတွေလည်းကြားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသဖြစ်သော ပန်းတောင်းမြို့နယ်ထဲ၌ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံကပစ (၃)၊ ကပစ (၅)၊ ကပစ (၉) တို့ရှိသည်။
AAနှင့်ပူးပေါင်းတပ်များသည်တောင်ကုတ်မြို့နယ်
နှင့်ထိစပ်နေပြီး ပန်းတောင်းမြို့နယ်နှင့်နီးသောရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင်တိုက်
ခိုက်သိမ်းယူခဲ့ပြီးနောက်ထပ်စခန်းများကိုတိုက်
ခိုက်နေခြင်းဖြစ်သည်။မိုးထိတောင်စခန်းသိမ်း
တိုက်ပွဲသည်ငါးရက်ခန့်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီထံမှ စစ်အသုံးအ
ဆောင်၊လက်နက်ခဲယမ်း ၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုAAကသတင်းထုတ်ပြန်
ခဲ့သည်။
အာရက္ခတပ်​တော်က ရခိုင်ရိုးမတောင်တန်းတစ်
လျှောက်ရှိစစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း
-ရခိုင်ပြည်နယ်စပ်နေရာများနှင့် ရခိုင်ရိုးမတောင်
တန်းတွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေကြောင်း AAကဇန်နဝါရီလ(၂၇)ရက်တွင်ထုတ်ပြန်ခဲ့သည်။
“ဒီရက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်က ညဘက်တွေမှာလည်းလေကြောင်းကပစ်တယ်။အထိအခိုက်
တွေများလို့လူနာတင်ကားတွေတော်တော်သုံးတယ်။ဒေသခံတွေကတော့သွားရေးလာရေးတော်တော်သတိထားနေရတယ်”ဟုပန်းတောင်းမြို့ခံတဦးကပြောသည်။
AAနှင့် ပူးပေါင်းတပ်များသည် လက်ရှိတွင် ဧရာ
ဝတီတိုင်းရေကြည်မြို့နယ်အတွင်းရှိ ‌အမြောက်
တပ်(၃၄၄)ကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်အတွင်းတွေလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။
(AA က မိုးထိ​တောင်စခန်းကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk )