တစ်နိုင်ငံလုံး တိုက်ပွဲများပြင်းထန်နေသောကြောင့် စစ်တပ်အ‌ခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးစိုးရိမ်သဖြင့် ဧည့်စာရင်းတိုင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်

by

in

တစ်နိုင်ငံလုံး တိုက်ပွဲများပြင်းထန်နေသောကြောင့် စစ်တပ်အ‌ခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးစိုးရိမ်သဖြင့် ဧည့်စာရင်းတိုင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်
AAMIJ / ဖေဖော်ဝါရီ ၁၇
နိုင်ငံနဲ့အဝန်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်တပ်အခြေစိုက်ရာ နေပြည်တော်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် ဧည့်စာရင်းတိုင်ကြားဖို့ ဒေသန္တရအမိန့်ကို ဖေဖော်ဝါရီလ ၁၆ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ပျဉ်းမနားမြို့နယ်အတွင်း အများပြည်သူ စိတ်အေးချမ်းမြေ့လုံခြုံစွာ နေထိုင်နိုင်ရေးနဲ့ လုံခြုံမှုကို ထိခိုက်အန္တရာယ်ဖြစ်စေမယ့် လုပ်ဆောင်မှုများမရှိစေရေးအတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများ အတွင်းကို အခြားနေရာဒေသများမှ ညအိပ်/ ညနေ လာရောက်ပါက အိပ်ရှင်နဲ့ လာရောက်တည်းခိုနေထိုင်တဲ့ ဧည့်သည်တို့အား တည်ဆဲဥပဒေများနဲ့အညီ ဧည့်စာရင်းတိုင်ကြားခြင်းကို သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ အတည်မပြုမခြင်း အတည်ဖြစ်စေရမယ်လို့လည်း ပါရှိပါတယ်။
နေပြည်တော်အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ် ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တို့မှာပါ အဆိုပါအမိန့်ကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။
စစ်တပ်အ‌ခြေစိုက်ရာ နေပြည်တော်မှာ မကြာခဏဆိုသလို ဗုန်းပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိပါတယ်။
#aamij