အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း.. (ရုပ်/သံ)

by

in

အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း.. (ရုပ်/သံ)
“မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်”
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီရဲဘော်တွေ မီတာ ၁၀၀ ခန့်အကွာ ထိတွေ့မှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာဟာ အဓမ္မတပ်သားစုဆောင်းခံရတဲ့ လူငယ်တွေဖြစ်တယ်လို့ သိရတာကြောင့် ဘက်ပြောင်းဖို့ ခေါ်ယူညှိနှိုင်းမှုတွေလုပ်ခဲ့ကြောင်း KNDFB03 ရဲ့ တာဝန်ရှိသူက ဗီဒီယိုနဲ့တကွ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နှစ်ဘက် လက်နက်မပါဘဲ တွေ့ဆုံစကားပြောခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ဖြစ်တာကြောင့် ၁ ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မရနိုင်တဲ့အတွက် ပြန်လည်ဆက်သွယ်ဖို့ ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ဒီလိုတွေ့ဆုံမှုကို စစ်ကောင်စီဗိုလ်ကြီး သိရှိပြီး ၁၅ ယောက်လုံး ရိုက်နှက်ခံရကာ ထောင်ချခံရမယ်လို့ သိရပါတယ်။
ဒီဗီဒီယိုဟာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ မတရားစုဆောင်းခံရတဲ့ လူငယ်တွေအပေါ် ဘယ်လောက်အထိ စာနာ နွေးထွေးမှုပေးကြောင်း ပြသတာဖြစ်သလို မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောထားပါတယ်။
Video – Ko Gyi Thein Tun