သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ

by

in

သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်း၊ သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကားတစ်စီးသည် ယမန်နေ့ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၂ ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိကြောင်း သရက်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း သရက်မြို့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ ၁၂ )မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော စစ်ကားသည် မင်းလှအရောက်တွက် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ စစ်ကားပေါ်တွင် စစ်သား ၈ ဦး လိုက်ပါပြီး နောက်ခန်းတွင် လိုက်ပါသော စစ်သား ၆ ဦးအနက်မှ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ကျန် ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကပစ ၁၂ ကနေ လက်နက်ခဲယမ်းတွေ သွားပို့ဖို့ ထွက်သွားတာ။ မင်းလှနားအရောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ မတော်တဆ ပေါက်ကွဲမှုလို့တော့​ပြောတယ်။ ကားနောက်ခန်းမှာ လိုက်လာတဲ့ စစ်သား ၆ ဦးမှာ ၂ ဦးသေတယ်။ ၄ ဦးက အတော် ဒဏ်ရာ အပြင်းအထန်ရတယ်။ ရှေ့ခန်းက ၂ ဦးကတော့ ဘေးကင်းတယ်” ဟု သရက်မြို့မှ ပြည်သူက ရှင်းပြသည်။
အဆိုပါပေါက်ကွဲမှုအတွင်း လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း၊ အပြင်းအထန် ဒဏ်ရာရရှိထားသော စစ်သား ၄ ဦးမှာ မင်းလှ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော စစ်ကားကို ပြန်လည် သယ်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်က အသုံးပြုနေသည့် ခေတ်ဟောင်းစစ်ကားတချို့။