Category: News

  • KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး

    KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး

    by

    in

    KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး MTO မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ဂျပန်လိုဏ်ဂူတပ်စခန်းမှထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို KIA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့နှင့် ကသာမြို့နယ်အကြားတွင် အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့်သတင်းရင်းမြစ်က ယနေ့(ဧပြီ ၉ ရက်)ညနေ ပိုင်းက မဇ္ဈိမသို့ ပြောသည်။ “တပ်မမှူးနဲ့အဖွဲ့တွေကို ကသာမြို့အဝင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဖမ်းခဲ့ကြတာပါ”ဟု ၎င်းက ပြောသည်။ ဖမ်းဆီးရမိသူများမှာ တပ်မ(၇၇)၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်အဖွဲ့ဖြစ်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မူအတိအကျမသိရသေးကြောင်း အဆိုပါစစ်ရေးသတင်းရင်းမြစ် က ပြောသည်။ တပ်မ(၇၇)၏တပ်မမှူး ဗိုလ်ချုပ်အောင်သက်ဦးသည် DSA အပတ်စဥ်(၄၂)သင်တန်းဆင်းဖြစ်ပြီး ၎င်းနှင့် အဖွဲ့ကို ကသာမြို့အဝင်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောဆိုထားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဂျပန်လိုဏ်ဂူတပ်စခန်းကို KIA…

  • စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု

    စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု

    by

    in

    စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု ရန်ကုန်၊ ဧပြီ ၁၀ စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြုပါကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည်အခမ်း အနားသို့ ပေးပို့သည့် ညီနောင်မဟာမိတ် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့က ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃…

  • နေပြည်​တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်​ကြောင့်သေဆုံးသူများ၏အပုတ်နံ့များထွက်နေ

    နေပြည်​တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်​ကြောင့်သေဆုံးသူများ၏အပုတ်နံ့များထွက်နေ

    by

    in

    နေပြည်​တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်​ကြောင့်သေဆုံးသူများ၏အပုတ်နံ့များထွက်နေ ဧပြီ-၉၊၂၀၂၅။ဧရာ/People’s Spring နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။ “တော်တော်ကို ပုတ်စော်နံနေတာပါဗျ။ မခံမရပ်နိုင်အောင်ပဲ။ဘာမှကယ်ဆယ်ရေးလာမလုပ်တော့ အ သေများတယ်ဗျ”ဟုနေပြည်တော်မြန်မာ့မီးရထား အိမ်ရာအနီး နေသူတစ်ဦးကပြောသည်။ အဆိုပါအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၌ ရှိပြီး မတ်လ ၂၈ရက်က လှုပ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမြေကျွံပြိုကျပျက်စီးခဲ့သည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။ စစ်ကောင် စီက အရေးပေါ်ကယ်ဆယ်ရေးမလုပ်ခဲ့သော ကြောင့် ပိတ်မိသူများပါသေဆုံးသူများပြားခဲ့ပြီး ယခုအခါ အပုတ်နံ့များထွက်နေပြီဟုပြောသည်။ “ကျမတို့ကနေပြည်တော်ဘူတာကြီးကယ်ဆယ်ရေးစခန်းမှာလာနေရတယ်။အဆောင်ကိုပြန်ကြည့်တာ ပြိုခဲ့တဲ့နေ့ကအတိုင်းပဲ။သေတာတွေ များတယ်။ ကျမအဆောင်ရှေ့မှာတင်သေတာ ၅ ယောက်မကဘူး” ဟု မီးရထားဝန်ထမ်းတဦးက‌ပြောသည်။ မီးရထားဌာနအပြင် မွေးမြူရေးဌာနဝန်ထမ်းအိမ်ယာဘက်တွင်လည်း…

  • နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း

    နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း

    by

    in

    နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း ရန်ကုန်၊ ဧပြီ ၁၀ မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်တိတိ ၉ ကြိမ် ရွတ်ဖတ်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တိုင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးရုံးများ၊ သာသနာတော်ဆိုင်ရာ ဓမ္မာရုံ၊ ဘုန်းကြီး ကျောင်းများ၊ ဆွမ်းလောင်းအသင်းများနှင့် ပြည်သူများ၏ နေအိမ်များတွင်ပါ ရတနာသုတ်ကို ရွတ်ဖတ်ပူဇော်ခိုင်းလျက်ရှိရာတွင် နေပြည်တော်စစ်ရုံးချုပ်ကလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ရှေ့တန်းစခန်းများနှင့်…

  • ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု  ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇  တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း

    ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း

    by

    in

    ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း ရန်ကုန်၊ ဧပြီ ၁၀ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာတွင် ပဲခူးမြို့တစ်ခုလုံးမှာလည်း လမ်းပေါ်ထွက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ နေ့စဉ် ပဲခူးတစ်မြို့လုံး လူငယ်များက ဦးဆောင်၍ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ ကြက်ပျံမကျ ငြိမ်းချမ်းစွာဖြင့် လမ်းမများထက်တွင် ဆန္ဒပြခဲ့ကြသည်။ သို့ရာတွင် ၂၀၂၁…

  • မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်

    မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်

    by

    in

    မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့် ရန်ကုန်၊ ဧပြီ ၉ မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်သွားကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၂၉ မိနစ်အချိန်တို့တွင် မန္တလေးမြို့ပေါ်တွင် နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်သည်ကို သိသာစွာခံစားရကြောင်း၊ည ၁၀ နာရီ ၂၉ မိနစ် အချိန် လှုပ်ခတ်သော ငလျင်မှာ အသိသာဆုံးဖြစ်ကြောင်း သိရှိရသည်။ “ည ၁၀ နာရီ ၂၉ မိနစ်အချိန် လှုပ်တာတော့ ထပါခုန်ရတယ်။ သိပ်မပြင်းပေမယ့်…

  • ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိ ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ နီးပါး သေဆုံး ပျောက်ဆုံးမှုရှိ

    ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိ ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ နီးပါး သေဆုံး ပျောက်ဆုံးမှုရှိ

    by

    in

    ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိ ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ နီးပါး သေဆုံး ပျောက်ဆုံးမှုရှိ ဧရာဝတီတိုင်းမ် ဧပြီ ၉ရက် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ရှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀၀နီးပါး သေဆုံး၊ ပျောက်ဆုံးမှု ရှိကြောင်း သိရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်နေ့မှ မတ် ၂၅ရက်နေ့အထိ ပေးပို့သည့် စာရင်းအရ ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉၆ ဦး ရှိပြီး အရာရှိ ရှစ်ဦး ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “စစ်တပ်က ဒရုန်းတွေ အဓိကသုံးပြီး တိုက်ခိုက်လို့ KIA ဘက်က ထိခိုက်မှုရှိသလို စစ်တပ်ဘက်ကလည်း ရာချီသေဆုံးမှုရှိတယ်။ တပ်ရင်းဌာနချုပ် ၂၀ လောက်ကို…

  • ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

    ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

    by

    in

    ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး ရန်ကုန်၊ ဧပြီ ၉ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးကြောင်း ကနဦးသိရသည်ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ (ဂျိုးတောင် နမ်းခမ်း) ကို အကြမ်းဖက် စစ်တပ်က…

  • ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

    by

    in

    ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ ဧပြီ ၉၊ ၂၀၂၅ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ 96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်၊ စစ်အင်အား အကြိမ်ကြိမ် ဖြည့်တင်းမှုတွေကြားကနေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ “ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့။ ကျွန်တော်တို့ 96 မှ တပ်ခွဲမှူး…

  • အင်းတော်မြို့မှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးနှင့်အဖွဲ့ကို  ကသာတွင် ဖမ်းမိ

    အင်းတော်မြို့မှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးနှင့်အဖွဲ့ကို ကသာတွင် ဖမ်းမိ

    by

    in

    အင်းတော်မြို့မှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးနှင့်အဖွဲ့ကို ကသာတွင် ဖမ်းမိ ဧရာဝတီတိုင်းမ် ဧပြီ ၉ ရက် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် တပ်မ (၇၇) တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့တွင် တော်လှန် ရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ဖမ်းထားတာဟုတ်တယ်။ နောက်ဆက်တွဲတွေ တော့ မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၇ ရက် ည ၉ နာရီက အင်းတော်မြို့ရှိ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေ စိုက်ထားသည့် ဂျပန်လှိုဏ်ဂူကုန်းကို တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ် လိုက်ခြင်းဖြစ်သည်။…