ပြောက်ကျားဦးထုပ်​ဆောင်းသူ​တွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ ■ရုပ်သံကြည့်ပြီးပြည်သူ​အများစု​ဒေါသထွက်​

by

in

ပြောက်ကျားဦးထုပ်​ဆောင်းသူ​တွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ
■ရုပ်သံကြည့်ပြီးပြည်သူ​အများစု​ဒေါသထွက်​
ဇွန်-၁၂၊၂၀၂၅။မေရီ/People’s Spring

​​ပြောက်ကျားဦးထုပ်​ဆောင်းထားတဲ့ လူငယ်​တွေက ရွယ်တူလူငယ်တွေကို လိုက်လံအနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာပြီး ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။
မန္တလေးမှာဖြစ်ပွားခဲ့တဲ့ အဲဒီရုပ်သံမှာ လူငယ်လေးယောက်စီးလာတဲ့ ဆိုင်ကယ်နောက်ကို စစ်ကောင်
စီရဲ့ ပြောက်ကျားလျှာထိုးဦးထုပ်ဆောင်းထားတဲ့အရပ်ဝတ်လူငယ်တစ်ယောက်က “စစ်ကြောရေးအကုန်ထည့်မှာ”လို့ ပြောပြီး ဆဲဆိုကာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါတယ်။ နောက်ထပ်လည်း ဦးထုပ်ဆောင်းထားတဲ့လူငယ်တဦးဟာ အခြားတဦးနဲ့အတူ လူငယ်လေးယောက်ဆိုင်ကယ်နောက်ကို လိုက်ခဲ့ကြပါတယ်။
တနေရာမှာတော့ လူငယ် ၄ ယောက်ကို မိသွားပြီး
စစ်ကောင်စီပြောက်ကျား စစ်သားနဲ့ ပျူ​စောထီး​တွေ​ဆောင်း​လေ့ရှိတဲ့ ​ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ဦးဆောင်ပြီး လူ
ငယ်လေးယောက်ကို ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ်။

“ဘာကောင်မှန်းမသိဘဲ ဆဲတာလား”လို့လည်း ဦးထုပ်နဲ့တယောက်က ပြောရင်း ခြေထောက်တွေနဲ့ ကန်ခဲ့တာ တွေ့ရပါတယ်။ လူငယ်လေးယောက်ဟာ ဒူးထောက်ပြီး လက်အုပ်ချီထားတာကို အ
ကြိမ်ပေါင်းများစွာ ထိုးကြိတ်ကန်ကြောက်ခဲ့ပါတယ်။ အခြားလူငယ်တွေကပါ ဝင်ရောက်ထိုးကြိတ်ရိုက်နှက်ခဲ့တာတွေ့ရပါတယ်။
နှိပ်စက်ခံရတဲ့ လူငယ်တွေထဲက တဦးကိုလည်း ရိုက်နှက်ပြီး ဖုန်းဆက်ခိုင်းနေတာကို တွေ့ရပါတယ်။
နောက်ထပ်ရုပ်သံမြင်ကွင်းမှာတော့ မန္တလေးမြို့ လမ်း ၈ဝ ပေါ်က တရုတ်ဘုံကျောင်းလို့ယူဆရတဲ့အဆောက်အအုံအနီးမှာ လူငယ်နှစ်ယောက်ကိုပဲ
၈ ယောက်ခန့်ပါတဲ့ အဲဒီအဖွဲ့ကပဲ ထပ်မံကန်ကြောက် ထိုးကြိတ်ခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့​နေရာ​တွေမှာ မန္တ​လေးမြို့မှာလို့ People’s Spring ကအချက်အလက်စစ်​ဆေးအတည်ပြုနိုင်ပါတယ်။
ဒါ​ပေမယ့်အခင်းဖြစ်ပွားတဲ့အချိန်ကာလကို​တော့မသိရ​သေးပါဘူး ။
ရိုက်နှက်သူတွေဟာ စစ်ကောင်စီက လက်သက်မွေးထားတဲ့ ပျူစောထီးတွေဖြစ်နိုင်ကြောင်း မန္တလေးဒေသခံတချို့က ​ပြောပါတယ်။ ပျူ​စောထီးဆို အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့စစ်အမည်နဲ့​မွေးထားသူ​တွေဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ စ်တပ်ခိုင်းတာကိုလုပ်ပြီး ပြည်သူ​တွေကို ဖိနှိပ်အကြမ်းဖက်​နေသူ​တွေဖြစ်ပါတယ် ။ အရင်ကတည်းက ခိုးဆိုးလုယက်သူ​တွေ ၊ ဒုစရိုက်မှုမျိုးစုံလုပ်သူ​တွေ ၊ အရင်က မဘသ ၊စွမ်းအားရှင်ဆိုတဲ့ သူမျိုး​တွေလည်းပါဝင်တက်ပါတယ် ။
ပျူ​စောထီး​တွေထဲမှာ သက်န်းဝတ် ​ပေါက်ကိုယ်​တော်ဟာလူသိများပါတယ် ။
အဲဒီရုပ်သံဖိုင်ကို ကြည့်လိုက်ရတဲ့ပြည်သူတွေဟာ ဒေါသထွက်နေကြပြီး ရုပ်သံဖိုင်ထဲပါတဲ့ ရိုက်နှက်သူတွေကို စုံစမ်းနေကြပါတယ်။
“မိရင်တော့ ကျနော်တို့က အတင်းအကြပ်အခိုင်းခံရတာပါ ပေါ်တာဆွဲခံရလို့ပါနဲ့ မျက်ခွက်တွေမှတ်ထားတယ်နော် ညီလေးတို့”လို့ ကာကွယ်ရေးရဲဘော်တဦးက မှတ်ချက်ပြုထားပါတယ်။
“စစ်သင်တန်း၇ရက်သွားတက်ပြီးပြန်လာသော
အခါသူထက်ငယ်တက်ကလေးကိုအနိုင်ကျင်တယ်။သေချာပါတယ်။ ငါညီ သည်းခံပေးပါ။ညီလေးတို့အတွက်ကလည်စားပြန်ချေပေးမယ့်
လူပေါ်လာလိမ့်မယ်”ဟုပြည်သူတဦးကအဆိုပါရုပ်သံမှတ်တမ်းကိုကြည့်၍ မှတ်ချက်ပြုထားပါတယ်။
အခြားပြည်သူတဦးကလည်း “ကြည့်နေရင်နဲ့ကို ဒေါသ ထွက်မိ”လို့​​ပြောပါတယ် ။
ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ လူငယ်​တွေရဲ့အမည် လိပ်စာ​တွေကိုလည်း ပြည်သူ​တွေကအချင်းချင်း​မေးမြန်းစုံစမ်း​နေကြတာ​တွေ့ရပါတယ်။
“ပြည်သူစစ်တွေတဲ့ဂျပန်တွေထက်ဆိုးနေပါလား”လို့​ပြည်သူတစ်ဦးကလည်း​​ပြောပါတယ် ။
(​​ပြောက်ကျားဦးထုပ်​​ဆောင်းလူငယ်​တွေက လူငယ် ၄ ဦးကို ဝိုင်းဝန်း အနိုင်ကျင့်စဥ်)