မော်လမြိုင်-သံဖြူဇရပ်လမ်းတွင်တိုက်ပွဲဖြစ်
ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
မွန်ပြည်နယ်၊မော်လမြိုင် နှင့် သံဖြူဇရပ်ကားလမ်း
မကြီးပေါ်၌ ဇွန်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ပြီး ရာမညမွန်တပ်မတော်မှ ဒုဗိုလ် ၁ဦးလည်း ကျဆုံးခဲ့ဟု မွန်ပြည်သစ်ပါတီ(AD) က ဇွန်လ ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၁ရက် မနက်အစောပိုင်းကမော်လမြိုင်
-သံဖြူဇရပ်လမ်း ရောင်ဒေါင်းရွာ နှင့် နှီးဗဒေါရွာကြား တွင် စစ်ကောင်စီတပ်က လမ်းလုံခြုံရေးအတွက် မော်တော်ယာဉ်ဖြင့် လှည့်ပတ်စဉ် ရာမည မွန်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်
သည်။
စစ်ကောင်စီတပ်မှာ အင်အား ၃၀ ခန့်ပါပြီးတိုက်
ပွဲမှာ ၁နာရီခန့် ကြာမြင့်ခဲ့ကာ အနီး ကပ်ရင်ဆိုင်တိုက်ခိုက်သောတိုက်ပွဲဖြစ်သည်။ ရာမည မွန်တပ်တော်ဘက်က လက်ဦးမှု ယူ တိုက်ခိုက်ခဲ့၍ ရန်သူ့ဘက်က အများအပြားသေကြေ၊ ဒဏ်ရာရရှိမှုရှိခဲ့ဟု ဖော်ပြကာ သေဆုံးထိခိုက်စာရင်း စုံ စမ်းနေဆဲဟုဆိုသည်။ရာမညမွန်တပ်တော်မှဒုဗိုလ် ၁ ဦး
ကျဆုံးခဲ့ကြောင်း လည်းအသိပေးထားသည်။
စစ်ကောင်စီက မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုဒုံမြိုနယ်တဝိုက်တွင် လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရန် အကြောင်းပြချက်ဖြင့် ပြည်သူများ၏ မော်တော်
ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေး ငွေညှစ်နေ၍ ယခုတိုက်ပွဲဖော်ဆောင်ရခြင်းဖြစ်
ကြောင်းလည်း ရာမည မွန်တပ်တော်က ထုတ်
ပြန်သည်။
ဇွန် ၁၁ ရက်တိုက်ပွဲနှင့် ဒေသတွင်းစစ်ရေးအခြေအနေများ မေးမြန်းရန် ရာမညမွန်တပ်တော်တာဝန်ရှိသူထံဆက်သွယ်ထားဆဲဖြစ်ပြီးဆက်သွယ်မရသေးပေ။
ရာမည မွန်တပ်တော်သည် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့ပေါင်းစည်းဖွဲ့စည်းထားသည့်တပ်ဖြစ်သည်။ မွန်တော်လှန်ရေးတပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF) အပါအဝင် ဒေသတွင်းရှိ တော်လှန်
ရေးတပ်များနှင့်ပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်လျက်ရှိသည်။
(ရာမည မွန်တပ်တော်မှ တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-NMSP-AD/RMA )
