သံတောင်ကြီး၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူး အရာရှိသင်တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦး အပါအဝင် ၉ ဦးသေဆုံး

by

in

သံတောင်ကြီး၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူး အရာရှိသင်တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦး အပါအဝင် ၉ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ ၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူးသင် တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကြောင်း People Defense Force Thandaungမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်မြို့ ၊စစ်သင်တန်းကျောင်းမှတပ်ခွဲမှူး သင် တန်းဆင်းများပါဝင်သော စစ်ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်း၊၇ မိုင်စစ်တပ်စခန်းကုန်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းဆင်း တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦးသေဆုံးကြောင်း၊ ထို့ပြင် ယာဉ်မောင်းတပ်ကြပ် ၁ ဦးလည်း သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“သေဆုံးတာမှာ ၈ ဦးက တပ်ခွဲမှူးသင်တန်းဆင်းပြီးသား အသစ်စက်စက်လေးတွေ” ဟု People Defense Force Thandaung မှ တာဝန်ရှိသူက ရှင်းပြသည်။
ထို့ပြင် မေလ ၂၇ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ တောင်ငူ-လိပ်သို လမ်းပိုင်းရှိ စစ်ကောင်စီ၏ ထုံးဘိုကြီးတပ်စခန်းကိုလည်း တော်လှန်ရေးတပ်များက သွားရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာသည်ဟု သိရှိရကြောင်း ၊ ထိခိုက်မှုကို အတိအကျ စုံစမ်း၍ မရသေးကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊တပ်ရင်း ၅လက်အောက်ခံ People Defense Force Thandaung MLB စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲအတွင်းသေဆုံးသွားသော ဗိုလ်ကြီးတစ်ဦး၏ နာရေးပြင်ဆင်ထားမှု။(ပုံအဟောင်းဖြစ်ပါသည်။)