Category: News
-
တရုတ်စီစဉ်သည့်ဆွေးနွေးပွဲ စစ်ကောင်စီက အပေါ်စီးကဆွေးနွေးမည့် သဘောဆောင်ဟု TNLAခေါင်းဆောင် ပြော ▪️ဆွေးနွေးပွဲမတိုင်မီ မြေပြင်ထိုးစစ်ပိုတိုးလာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေဟု အသိပေး
တရုတ်စီစဉ်သည့်ဆွေးနွေးပွဲ စစ်ကောင်စီက အပေါ်စီးကဆွေးနွေးမည့် သဘောဆောင်ဟု TNLAခေါင်းဆောင် ပြော ▪️ဆွေးနွေးပွဲမတိုင်မီ မြေပြင်ထိုးစစ်ပိုတိုးလာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေဟု အသိပေး ထားမြတ်/People’s Spring တရုတ်အစိုးရ၏စီစဉ်မှုဖြင့် ဖြစ်ပေါ်လာသည့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီအကြားဆွေးနွေးပွဲတွင် စစ်ကောင်စီက အပေါ်စီးက ဆွေးနွေးမည့်သဘောဆောင်နေကြောင်း ဆွေးနွေးပွဲစတင်သည့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် TNLA အထွေထွေအတွင်း ရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးသည်။ PSLF/TNLA ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ စီစဉ်ချက်အရ စစ်ကောင်စီ ကိုယ်စားလှယ်များဖြင့်တွေ့ဆုံရန် ဖေဖော်ဝါရီ ၁၅ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီး PSLF/TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် စစ်ကောင်စီဘက်က ကစထ(၁) ကစထမှူး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ ကိုကိုဦးတို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟု အသိပေးထားသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့်…
-
ပေါက်ခေါင်း၊ ငပျင်းတောင်တွင် အထိုင်ချ စစ်တပ်နှင့် စစ်ကူ စစ်ကြောင်း အကြား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်
ပေါက်ခေါင်း၊ ငပျင်းတောင်တွင် အထိုင်ချ စစ်တပ်နှင့် စစ်ကူ စစ်ကြောင်း အကြား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ငပျင်းတောင်ပေါ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများ နှင့် စစ်ကူ စစ်ကြောင်းတို့ အချင်းချင်းမှားယွင်း ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမရှိ ငပျင်းတောင်ပေါ်တွင် ရောရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများဆီကို တောင်လည်ရွာဘက်မှ စစ်ကောင်စီ တပ်သားများက စစ်ကူလာရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ကူလာရောက်သော အကြမ်းဖက် စစ်တပ်…
-
ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက် သေဆုံး
ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက် သေဆုံး (DBA) ဖေဖော်ဝါရီ – ၁၅ ရန်ကုန်တိုင်း၊ တာမွေမြိုနယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက်ပြီး မိမိကိုယ်ကိုသတ်သေခဲ့တဲ့ သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို သိရပါတယ်။ အမျိုးသမီးတစ်ဦး အိပ်ခန်းထဲတွင် သေဆုံးနေတယ်လို ဖေဖော်ဝါရီလ ၁၄ နေ့က အကြောင်းကြားတဲ့အတွက် ဖြစ်စဉ်နေရာသို တာဝန်ရှိသူများရောက်ရှိလာပြီး ရုပ်အလောင်းကို မြိုခံလူမှုကူညီရေးအသင်းမှ ဆေးရုံကြီးသို တင်ပိုပေးခဲ့ကြတယ်လို ကူညီရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။ “အလောင်းသယ်တော့သူတိုမိသားစုဝင်တွေရှိပါတယ်။ဘာလိုဆေးသောက်ရတာလဲ တော့မသိဘူး။ဆေးရုံကဆေးစာရရင်တော့သိမယ်။ကျန်တာတော့ရဲတွေလောက်ပဲသိ လိမ့်မယ်” လို ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက်(၂၃) နှစ်အရွယ်ရှိသာရှိပြီး ဘာအတွက် ကြောင့် ယခုလိုပြုလုပ်ရသလဲဆိုတာကိုတော့ မသိရှိရသေးသလို ရုပ်အလောင်းကိုတော့ စစ်ဆေးရန်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို ပိုဆောင်ထားတယ်လို သိရပါတယ်။
-
လှိုင်ရတနာဈေးမီးလောင်မှူ ဈေးအပြင်တန်းသာကျန်
လှိုင်ရတနာဈေးမီးလောင်မှူ ဈေးအပြင်တန်းသာကျန် ရောင်နီ / People’s Spring ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်ရတနာဈေး၌မီးလောင်မှူဖြစ်ခဲ့ရာ ဈေးအပြင်တန်းဆိုင်ခန်းများသာကျန်ရှိပြီး အခြားနေရာအားလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းဈေးအနီးတွင်နေထိုင်သူများကပြောသည်။ “အတွင်းကရုံတွေက တိုင်လေးတောင် မကျန်ဘူး။ ” မီးလောင်မှူကိုသွားရောက်ကြည့်ရှုခဲ့သည့်အမျိုးသားတစ်ဦးကပြောသည်။ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အလယ်ဈေးတန်းမှ စလောင်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ ယင်းမီး လောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်၌ တစ်နာရီခွဲ အချိန်ခန့်အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ညကိုးနာရီမီးစလာကတည်းကလောင်တာလားမသိဘူး။ မီးကပြတ်လိုက်လာလိုက်ဖြစ်နေတာတွေက မီးလောင်တာတွေဖြစ်နိုင်တာ” ဟု ယင်းနေရာသို့လာရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးကသုံးသပ်သည်။…
-
အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရန် သွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်၊ အိမ်ရှင်နှင့်မိသားစုဝင်အားလုံး လွတ်မြောက်
အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရန် သွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်၊ အိမ်ရှင်နှင့်မိသားစုဝင်အားလုံး လွတ်မြောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် စစ်မှုထမ်းဆင့်ခေါ်ရန် သွားရောက်သည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်လိုက်ပြီး အိမ်ရှင်နှင့်မိသားစုဝင်အားလုံးမှာ ပြည်သူ့ကာကွယ် ရေးတပ်များ ထိန်းချုပ်သော နယ်မြေသို့ ရောက်ရှိ လွတ်မြောက်သွားပြီဖြစ်ကြောင်း မကွေးမြို့မှ ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း အောင်လံမြို့မှ ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးတို့က မကျဉ်းကုန်းရပ်ကွက်သို့ ရောက်ရှိလာပြီး စစ်မှုထမ်းရမည့်…
-
ပြည်ပသို့ တစ်လလျှင် အလုပ်သမား ရာဂဏန်း အရေအတွက်သာ စေလွှတ်ရန် အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ကန့်သတ်ပိတ်ပင် 🟥 ပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ခုလျှင် လိုင်စင်ကြေး ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင်တင်ရန်ညွှန်ကြား
ပြည်ပသို့ တစ်လလျှင် အလုပ်သမား ရာဂဏန်း အရေအတွက်သာ စေလွှတ်ရန် အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ကန့်သတ်ပိတ်ပင် 🟥 ပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ခုလျှင် လိုင်စင်ကြေး ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင်တင်ရန်ညွှန်ကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လစဉ် အလုပ်သမား စေလွှတ်မှု အရေအတွက်ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး အသစ် ချစ်ဆွေက ကန့်သတ်လိုက်ပြီး ပြည်ပအလုပ် အကိုင်အေဂျင်စီ တစ်ခုလျှင် လိုင်စင်ကြေး ငွေကျပ် သိန်း ၅၀၀၀ ငွေပေါင်တင်ရန် တောင်းခံလိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ရန်ကုန်မြို့တွင် စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သော အလုပ် သမားဝန်ကြီးအသစ် ချစ်ဆွေက ပြည်ပအလုပ်အကိုင် ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAA)နှင့်…
-
မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းမိပြီး ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိ (ရုပ်/သံ)
မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းမိပြီး ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိ (ရုပ်/သံ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၅ စီးနဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေကာ ၇ ယောက် အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရရှိတဲ့ ခဲယမ်းတွေထဲမှာ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၅ လုံး၊…
-
အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးထင်ကျော်ပါဝင်နေခြင်းမှာတရားရုံး၏ဆုံးဖြတ်ချက်သာဖြစ်ဟု
အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးထင်ကျော်ပါဝင်နေခြင်းမှာတရားရုံး၏ဆုံးဖြတ်ချက်သာဖြစ်ဟု BROUK ပြော ■မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)က တရားရုံးသို့ အမှုဖွင့်တိုင်ကြားမှုတွင် စစ်ခေါင်း ဆောင်များကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ဟုဆို အီယိုရီ/People’s Spring အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ် ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။ ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် BROUK က အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ်ရှိ တရား ရုံး၌ အမှုဖွင့်တိုက်ကြားခဲ့ရာစစ်ခေါင်းဆောင်များနှင့် စစ်တပ်ထိပ်တန်းအရာရှိများကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ရှင်းပြသည်။ “ကျွန်တော်တို့…
-
ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး…
ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး… ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်အမတ် အီယုန်ဆွန်းက တောင်ကိုရီးယားနိုင်ငံမှာ မကြာခင်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားလွှတ်တော်အမတ်က ကိုရီးယား – မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးတွေမှာ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း မြန်မာပြည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး တောင်ကိုရီးယားနေ…
-
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအားပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်ပေါ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအားပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်ပေါ် ရဲခေါင်/People’s Spring အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များဖောက်ဖျက်သည်ဆိုသော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။ စစ်ကောင်စီအရေးယူခဲ့သည့် ဆေးရုံကိုးခုတွင် ဂရန်းဟံသာ၊ဆာကူရာ၊OSC၊ ကောင်း၊သမိုင်း၊ချမ်းမြေ့၊ မြတ်တော်ဝင် ၊ချမ်းသာသုခ နှင့် ကောင်းစုအောင်ဆေးရုံတို့ပါရှိသည်ဟု ဆိုသည်။ ထိုအပြင် ချမ်းမြေ့၊မြတ်တော်ဝင် နှင့် ကျန်းမာသုခ ဆေးရုံတို့ကို အပြီးတိုင်ပိတ်သိမ်းပြီး ကျန်ရှိသော ဆေးရုံများမှာ (၃)လမှ (၂)နှစ်အထိ ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။ “ညွှန်ကြားစာ ရောက်လာတယ်ပဲ သိရတယ်။ဘယ်နေ့ကစ ပိတ်မလဲဆိုတာတေ့ မသိသေးဘူး”ဟု အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ကောင်းဆေးရုံနှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။ ယာယီဆေးရုံပိတ်သိမ်းခံရမည့် စာရင်းပါရှိသော…