ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက် သေဆုံး

by

in

ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက် သေဆုံး
(DBA) ဖေဖော်ဝါရီ – ၁၅

ရန်ကုန်တိုင်း၊ တာမွေမြိုနယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အိပ်ဆေးသောက်ပြီး မိမိကိုယ်ကိုသတ်သေခဲ့တဲ့ သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို သိရပါတယ်။
အမျိုးသမီးတစ်ဦး အိပ်ခန်းထဲတွင် သေဆုံးနေတယ်လို ဖေဖော်ဝါရီလ ၁၄ နေ့က အကြောင်းကြားတဲ့အတွက် ဖြစ်စဉ်နေရာသို တာဝန်ရှိသူများရောက်ရှိလာပြီး ရုပ်အလောင်းကို မြိုခံလူမှုကူညီရေးအသင်းမှ ဆေးရုံကြီးသို တင်ပိုပေးခဲ့ကြတယ်လို ကူညီရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။
“အလောင်းသယ်တော့သူတိုမိသားစုဝင်တွေရှိပါတယ်။ဘာလိုဆေးသောက်ရတာလဲ တော့မသိဘူး။ဆေးရုံကဆေးစာရရင်တော့သိမယ်။ကျန်တာတော့ရဲတွေလောက်ပဲသိ လိမ့်မယ်” လို ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက်(၂၃) နှစ်အရွယ်ရှိသာရှိပြီး ဘာအတွက် ကြောင့် ယခုလိုပြုလုပ်ရသလဲဆိုတာကိုတော့ မသိရှိရသေးသလို ရုပ်အလောင်းကိုတော့ စစ်ဆေးရန်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို ပိုဆောင်ထားတယ်လို သိရပါတယ်။