မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းမိပြီး ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိ (ရုပ်/သံ)

by

in

မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းမိပြီး ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိ (ရုပ်/သံ)
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၅ စီးနဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေကာ ၇ ယောက် အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရရှိတဲ့ ခဲယမ်းတွေထဲမှာ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56 ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့်၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစားသေနတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံနဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Brothers Revolution Force Monywaနဲ့အတူ ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်း -၁၉၊၂၁၊၂၆)၊ မုံရွာခရိုင်တပ်ရင်း (၂၇၊၂၀၊၂၂၊၁၈၊၂၄) ၊ အရာတော်မြို့နယ် ပကဖ၊ မုံရွာမြို့နယ် ပကဖ တိုက်နယ်အမှတ် ၂၊ အရာတော်မြို့နယ်ပလဖ၊ BLDF၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မဟာမိတ်တော်လှန်ရေးရဲဘော် ၁ ဘောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။