Author: admin

  • တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

    တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

    by

    in

    တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး ဒီဇင်ဘာ ၆၊ ၂၀၂၄ ၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တစ်နိုင်ငံလုံးနည်းတူ မကွေးတိုင်း၊ ဂန့်​ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာလည်း လာမယ့်နှစ်အတွင်း စစ်ဆင်ရေးတွေပြင်းထန်လာနိုင်တာကြောင့် အရပ်သားတွေအနေနဲ့ မြို့ကိုအမြန်ဆုံး စွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေကို လာရောက်ခိုလှုံကြဖို့ ထီးလင်းပအဖက တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကိုလည်း လက်နက်ချအလင်းဝင်ဖို့ ပြောထားပါတယ်။ “ထီးလင်းမြို့က စစ်တပ်အခြေစိုက်တာ။ မြို့နားတဝိုက် ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတယ်။ ရိက္ခာတွေလုတယ်၊ ခိုးတယ်။…

  • အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

    အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

    by

    in

    အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ) ဒီဇင်ဘာ ၆၊ ၂၀၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇ ယောက်ရဲ့အလောင်းကို တွေ့ခဲ့ရပြီး စစ်သုံ့ပန်း ၁ ယောက်ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။ မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲတွေ…

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ ▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ ▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း

    by

    in

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ ▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း အိမ်သွင်/People’s Spring ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က ပြည်သူများထွက်ခွာမည့်လမ်းများကိုပိတ်ထား ၍ပြည်သူများပိတ်မိ​နေ​သေးပြီး မြို့အတွင်းမှ ရ​အောင်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း​နေကြသည်။ “အနည်းငယ်လောက်ပဲကြိုပြီးရှောင်နိုင်လိုက်တယ်။အများစုက ပိတ်မိသွားတယ်။ စစ်တပ်က မြို့ထဲမှာပဲရှိပြီး အထွက်လမ်းတွေကို ပေးမဖြတ်ဘူး။” ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးကပြောသည်။ သို​သော်မိုးမောက်မြို့ဘက်မှ ဗန်းမော်မြို့အဝင် ၃မိုင်မှ စစ်ကောင်စီတပ်ရင်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒေသခံများကို ထွက်ခွင့်ပြုနေကြောင်း သတင်းရရှိသည်။ တိုက်ပွဲစတင်ဖြစ်​​သော ဒီဇင်ဘာ ၄ ရက်တွင် ​ဒေ သခံပြည်သူအချို့မှာ ဧရာဝတီမြစ်အတွင်းမှ စက်​​လှေများ၊​လှေများဖြင့်တိမ်း​ရှောင်ခဲ့ကြသည်။ ဗန်​မော်မြို့အတွင်းကျန်ရှိ​နေ​သော ပြည်သူများတိုက်ပွဲပြင်းထန်လာသဖြင့် အခွင့်အ​ရေးရသည်နှင့် မြို့မှ တိမ်း​ရှောင်ကြရန် ပြည်သူအချင်းချင်း တိုက်တွန်းမှုများလည်း ပြုလုပ်​နေကြသည်။ ပိတ်မိနေသည့်မြို့ခံများ ဘေးလွတ်ရာသို့ရောက်ရှိရေးအတွက် လူမှုရေးအဖွဲ့များကဦးဆောင်၍ အလံဖြူထောင်ကာ ထွက်ခွာရန်ကြိုးစားသော် လည်း…

  • KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး

    KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး

    by

    in

    KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၆ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦးအပါ အဝင် စစ်သား ၈၈ ဦးသေဆုံးခဲ့ကြောင်း KNUက တရားဝင်သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်းအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အ…

  • အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိပြီး DSAနှင့် DSTA ကျောင်းဆင်းပွဲများ တက်ရောက်၊ တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ဒရုန်းများနှင့်ပါ ကင်းထောက်နေ

    အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိပြီး DSAနှင့် DSTA ကျောင်းဆင်းပွဲများ တက်ရောက်၊ တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ဒရုန်းများနှင့်ပါ ကင်းထောက်နေ

    by

    in

    အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိပြီး DSAနှင့် DSTA ကျောင်းဆင်းပွဲများ တက်ရောက်၊ တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး ဒရုန်းများနှင့်ပါ ကင်းထောက်နေ ရန်ကုန်၊ ဒီဇင်ဘာ ၆ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိနေပြီး ကျောင်းဆင်းပွဲများ လုပ်နေပြီး တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားကာ ဒရုန်းများနှင့်ပါ ကင်းထောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ်(DSTA ) ကျောင်းဆင်းပွဲများ တက်ရောက်ရန် အတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရမည်ကို ပူပန်သဖြင့် ၎င်း၏ ခရီးစဉ်ကို…

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA ပူးပေါင်းတပ် အောင်မြင်မှုများရနေ ◾️စစ်ဆင်ရေးဒုတိယနေ့တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၅ခုကို သိမ်းပိုက်နိုင်၊ အလင်းဝင်သူများရှိဟု သတင်းရင်းမြစ် ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA ပူးပေါင်းတပ် အောင်မြင်မှုများရနေ ◾️စစ်ဆင်ရေးဒုတိယနေ့တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၅ခုကို သိမ်းပိုက်နိုင်၊ အလင်းဝင်သူများရှိဟု သတင်းရင်းမြစ် ပြော

    by

    in

    ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ်၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့်ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး မံစီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေ ရန်ကုန်၊ ဒီဇင်ဘာ ၆ ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ယမန်နေ့ စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့ထဲရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ တစ်ရက်လုံး စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းမဟာမိတ်တပ်များအကြား တိုက်ပွဲ…

  • စစ်ဆေးဆရာဝန်များကို ရှေ့တန်းစေလွှတ်နေခြင်း၊ ထွက်ပြေးမှု များပြားနေခြင်းတို့ကြောင့် လူအင်အားမလုံလောက်၍  ဘွဲ့လွန် သင်တန်း တက်နေသော အရာရှိဆေးဆရာဝန်များအားလုံးကို စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထား

    စစ်ဆေးဆရာဝန်များကို ရှေ့တန်းစေလွှတ်နေခြင်း၊ ထွက်ပြေးမှု များပြားနေခြင်းတို့ကြောင့် လူအင်အားမလုံလောက်၍ ဘွဲ့လွန် သင်တန်း တက်နေသော အရာရှိဆေးဆရာဝန်များအားလုံးကို စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထား

    by

    in

    စစ်ဆေးဆရာဝန်များကို ရှေ့တန်းစေလွှတ်နေခြင်း၊ ထွက်ပြေးမှု များပြားနေခြင်းတို့ကြောင့် လူအင်အားမလုံလောက်၍ ဘွဲ့လွန် သင်တန်း တက်နေသော အရာရှိဆေးဆရာဝန်များအားလုံးကို စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထား ရန်ကုန်၊ ဒီဇင်ဘာ ၆ အကြမ်းဖက် စစ်ကောင်စီက စစ်ဆေးဆရာဝန်များကို ရှေ့တန်းစေလွှတ်နေခြင်းနှင့် ထွက်ပြေးမှုများ များပြားနေခြင်းတို့ကြောင့် လူအင်အား မလုံလောက်တော့သဖြင့် ဘွဲ့လွန်သင်တန်း တက်နေသော အရာရှိစစ်ဆေးဆရာဝန်များအားလုံးကို စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားနေကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊…

  • ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခုနှင့် တင့်ကားများပါ KIAသိမ်းပိုက်

    ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခုနှင့် တင့်ကားများပါ KIAသိမ်းပိုက်

    by

    in

    ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခုနှင့် တင့်ကားများပါ KIAသိမ်းပိုက် ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၅ရက် ဗန်းမော်နှင့် မံစီကြား စစ်ကောင်စီနှင့် ကချင်လွပ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ ကာကင်းစခန်း ခုနှစ်ခုခန့်ကို KIAက သိမ်းယူရရှိထားကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှ ယနေ့ ဒီဇင်ဘာ ၅ရက်နေ့အထိ ဗန်းမော်မြို့နှင့် မံစီမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တင့်ကား နှစ်စီးကိုပါ KIAက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ “မနေ့က မနက်အစော ငါးနာရီလောက်ကတိုက်ပွဲစတယ်ထင်ပါတယ်။ စစ်တပ်က ဂျက်နဲ့ပါလာကြဲတယ်။ မြို့ထဲရပ်ကွက်တွေကလူတွေ ပိတ်မိတယ်။ အကုန်အိမ်ထဲနေနေရပါတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ မိုးမောက်ရှိ ခမရ ၄၃၇ တပ် ၊ မံစီရှိ ခမရ ၃၁၉…

  • ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

    ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

    by

    in

    ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ) ဒီဇင်ဘာ ၅၊ ၂၀၂၄ ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်က ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းထိန်းချုပ်ထားတဲ့ ကောလင်း- ဝန်းသို လမ်းပိုင် အင်းဗုတ်ကျေးရွာတဝိုက်ကို ကောလင်းဘက်က အင်အား ၅၀ ခန့်နဲ့ ဝန်းသိုဘက်က အင်အား ၁၂၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အများအပြားသေကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း အများအပြား တွေ့ခဲ့ရပြီး လက်နက် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့…

  • အမ်း-ပဒမ်းလမ်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အတွင်း စစ်အုပ်စု ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေဆို

    အမ်း-ပဒမ်းလမ်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အတွင်း စစ်အုပ်စု ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေဆို

    by

    in

    အမ်း-ပဒမ်းလမ်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အတွင်း စစ်အုပ်စု ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေဆို ကိုထူး/MFP၊ဒီဇင်ဘာ-၅ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အမ်းမြို့တို့ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းပိုင်းတစ်ခုဖြစ်တဲ့ ငဖဲမြို့နယ် အမ်း-ပ ဒမ်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းတွေနဲ့ ရိက္ခာကားတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ရာ မှာ စစ်အုပ် စုအယောက် ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့သလို သေနတ် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိထား တယ် လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) အနေနဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲ စစ်ရေးလှုပ်ရှားမှု အ ဖြစ် အမ်း-ပဒမ်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းတွေအပြင် စစ်အုပ်စုရိက္ခာကားတွေကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာ လပထမအပတ်အတွင်း…