Author: admin

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ ဧရာဝတီတိုင်းမ် အောက်တိုဘာ ၉ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ် ထားသည့် အဓိက စခန်းကြီးများ အာရက္ခတပ်တော် (AA) ထံကျသွားပြီးနောက် ဌာနချုပ်အတွင်းမှ တပ်မိသားစုဝင်များကို နေရာပြောင်းရွှေ့ပေးနေကြောင်း သိရသည်။ ပခအတွင်းမှ စစ်ကောင်စီတပ် အရာရှိများ၏ မိသားစုများနှင့် တပ်မိသားစုဝင်များကို ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၇ နာရီခန့်ကစတင်၍ ကုန်ကားကြီးများအပါအဝင် အိမ်စီးကားများနှင့် စုစုပေါင်း ကားအစီးရေ ၂၀ကျော်ဖြင့် မကွေးဘက်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ “အရပ်သားတွေဆီက ကုန်ကားတွေချောဆွဲပြီး တပ်ထဲခေါ်သွားတယ်။ မကွေးဘက်ကို မောင်းပို့ ပေးရမယ်ပြောတယ်။ ကုန်ကား အစီး၂၀လောက်ပါမယ်”…

  • ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

    ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

    by

    in

    ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ ဂျူချန်း မဇ္ဈိမ။ ။ ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏ ဦးဆောင်သူ တဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေအား စစ်ကောင်စီမှ ယမန်နေ့( အောက်တိုဘာ ၉ ရက် )ည ၁၁ နာရီခွဲအချိန်တွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားကြောင်း AJAY မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ “ဧည့်စာရင်းဝင်စစ်တယ်လို့ သတင်းပို့ပြီး အဆက်သွယ်ပြတ်သွားတယ်။ ကိုပိုင်ဖြိုးမင်း နေထိုင်တဲ့အိမ်ကို မတရားဝင်စီးပြီးတော့ မတရားဝင်ဖမ်းသွားတာပါ။ ကိုပိုင်ဖြိုးမင်းက ရန်ကုန်မြို့ပြ သပိတ်တွေမှာ သပိတ်ခေါင်းဆောင် တဦးအနေနဲ့ ရွံရွံချွံချွံ ပါဝင်ခဲ့တဲ့သူတဦး။ ဒါကိုလည်း ရန်သူက သိပြီးတော့ သဲကြီးမဲကြီးလိုက်နေတယ်။ အထူးသဖြင့်…

  • တရုတ်သဘောမတူလည်း တော်လှန်ရေး ရပ်တန့်မည်မဟုတ်ဟု NUGပြော

    တရုတ်သဘောမတူလည်း တော်လှန်ရေး ရပ်တန့်မည်မဟုတ်ဟု NUGပြော

    by

    in

    အာဏာသိမ်းစစ်ဗိုလ်ချုပ်များဘက်က ရပ်တည်ကြောင်း တရုတ်၏သဘောထား ထွက်လာသော်လည်း NUG က နိုင်ငံရေးမှစစ်တပ်ထွက်သွားရေး မူဝါဒ ဆက်လက်ကိုင်စွဲထားမည်ဟု ပြောသည်။ တော်လှန်ရေးအင်အားစုကို တရုတ်အစိုးရက ပိတ်ဆို့သည့်အပြင် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ခြင်း မပြုရန် သတိပေးထားသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ နိုင်ငံခြားရေး ဒုဝန်ကြီးက အောက်တိုဘာ ၈ ရက်နေ့တွင် Myanmar Now ကို ပြောသည်။ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များနှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ သြဂုတ် ၂၇က တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်း တွေ့ဆုံမှု အစည်းအဝေးမှတ်တမ်းတွင် ပါရှိသည့် တရုတ်၏ ပြင်းထန်သည့် သဘောထားနှင့် ပတ်သက်၍ NUG၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ တရုတ်ဘာသာဖြင့်…

  • ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း  ဥရုချောင်းအနီး  ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ

    ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ

    by

    in

    ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၁၀ အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင်…

  • မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးပြန်

    မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးပြန်

    by

    in

    မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးပြန် ရန်ကုန်၊ အောက်တိုဘာ ၁၀ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အထက်ပါ အတိုင်းပြောဆို အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စစ်ကောင်စီက နိုင်ငံ၏ နယ်စပ်ဒေသတချို့နေရာများတွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်များ ရှိနေကြောင်း၊ ဥပဒေပိုင်းအရလည်း အားနည်းချက်များရှိနေကြောင်း၊ ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများလည်းရှိနေကြောင်း ၎င်းက ဆိုသည်။…

  • ရန်ကုန်တိုင်း လုံခြုံရေး မကျိုးပေါက်စေဖို့ စစ်ခေါင်းဆောင် သတိပေး

    ရန်ကုန်တိုင်း လုံခြုံရေး မကျိုးပေါက်စေဖို့ စစ်ခေါင်းဆောင် သတိပေး

    by

    in

    ရန်ကုန်တိုင်း လုံခြုံရေး မကျိုးပေါက်စေဖို့ စစ်ခေါင်းဆောင် သတိပေး ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၄ ရန်ကုန်တိုင်းအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို တိုင်းအစိုးရ၊ တိုင်းစစ်ဌာနချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုမရှိရေးကြပ်မတ်ရန် စစ်ခေါင်းဆောင်က ယမန်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အစည်းအဝေး၌ ပြောသည်။ လုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူ လူထုပါဝင်သော လုံခြုံရေးသည် ပိုမိုအားကောင်းနိုင်မည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါက လုံခြုံရေးကျိုးပေါက်မှု လျော့နည်းမည်ဟုလည်း ၎င်းက ဆိုသည်။ ထို့ပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့ဝင်များမှ လုံခြုံရေးအသိအမြဲမပြတ်ရှိရန်၊ အကြမ်းဖက်သမားများ ရပ်ကွက်/ကျေးရွာများသို့ စိမ့်မဝင်ရေး၊ ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း တာဝန်ရှိပြီး မိမိတို့ တာဝန်ယူရသည့် မြို့နယ်များ၏ အချက် အလက်များ၊ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို…

  • မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

    မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

    by

    in

    မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၉ ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K-8W အမောင်းသင် လေယာဉ် ဂိုဒေါင် ထိမှန်ပျက်စီးခဲ့ကြောင်း Civillin Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီခန့်တွင် ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်ကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K-8W အမောင်းသင် လေယာဉ်ဂိုဒေါင်နှင့်…

  • “ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”

    “ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”

    by

    in

    “ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”

  • လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

    လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

    by

    in

    လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ အောက်တိုဘာ ၉၊ ၂၀၂၄ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့က လောင်းလုံးမြို့နယ်ကနေ ထားဝယ်မြို့ကိုသွားတဲ့လမ်းပိုင်းနဲ့နေအိမ်တွေမှာ သန်းခေါင်စာရင်းကောက်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်စာရေး၁ယောက်နဲ့ Non CDM ဆရာမ ၈ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကို သက်သေအထောက်အထားတွေနဲ့တကွ ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းတွေ ရယူခဲ့ပြီး ၂၄နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နိုင်ဖို့ လောင်းလုံးမြို့နယ် ပအဖထံ အပ်နှံခဲ့တာလို့ သိရပါတယ်။ “ဟုတ် အခုတော့ သူတို့နဲ့အတူ သက်သေခံပစ္စည်းတွေ၊ ဖုန်းတွေ၊…

  • မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ

    မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ

    by

    in

    မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ အောက်တိုဘာ ၉၊ ၂၀၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ ကျောက်ပြုတ် ကျေးရွာမြောက်ဘက် ဘုရားကုန်းက စစ်တပ်စခန်းတွေကိုလည်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (အနောက်မြောက်စစ်‌ဒေသ)နဲ့ မဟာမိတ်အင်အားစုတွေက ဒရုန်းတွေနဲ့ရော စစ်ကြောင်းဖြတ်တောက်မှုတွေနဲ့ပါ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ကျောက်ကန်ရွာကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ “ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက် လာနေအတွက်…