Author: admin

  • ၉/အညာ မြေစစ်ဆင်ရေး တိုက်ပွဲပြင်းထန်နေ

    ၉/အညာ မြေစစ်ဆင်ရေး တိုက်ပွဲပြင်းထန်နေ

    by

    in

    ၉/အညာ မြေစစ်ဆင်ရေး တိုက်ပွဲပြင်းထန်နေ မေ-၁၈၊၂၀၂၅။ရှိန်း၊​ကျော​​ဇော/ People’s Spring မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာပြုလုပ်နေတဲ့ ၉/အညာမြေစစ်ဆင်ရေးဟာ ဒီနေ့ တောင်သာမြို့ နယ်၊ ထနောင်းကုန်းပျူစောထီးရွာနဲ့ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာတွေမှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု တွေတရစပ်ပြုလုပ် နေတယ်လို့ ‌‌‌‌‌‌‌‌‌‌ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ၉/အညာမြေစစ် ဆင်ရေးမှာ မြင်းခြံ၊တောင်သာ၊ နွားထိုးကြီးမြို့နယ်က စစ်ကောင်စီစခန်းတွေကို တော်လှန် ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေထဲမှာ မြင်းခြံမြို့အထွက်က ကျောက်ပြုတ်ရွာ၊ ဆီမီးခုံ၊ နွားထိုးကြီးမြို့နယ်က မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအ‌စောင့်စခန်း၊ ဝက်လူးရဲစခန်း၊ တောင်သာမြို့နယ်က စစ်တပ်နဲ့ပျူ​စောထီးပူး​ပေါင်းတပ်ထိုင်​နေတဲ့ ထနောင်းကုန်းရွာတို့ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက် ခိုက်နေပြီး ​မေလ ၁၇ ရက်​နေ့အထိ တိုက်ပွဲတွေပြင်းထန်…

  • မန္တလေးတွင် ယမန်နေ့ညပိုင်း ပြင်းအား ၅ အဆင့်ကျော်ရှိသော ငလျင်ကြောင့် အဆောက်အအုံတချို့အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့

    မန္တလေးတွင် ယမန်နေ့ညပိုင်း ပြင်းအား ၅ အဆင့်ကျော်ရှိသော ငလျင်ကြောင့် အဆောက်အအုံတချို့အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့

    by

    in

    မန္တလေးတွင် ယမန်နေ့ညပိုင်း ပြင်းအား ၅ အဆင့်ကျော်ရှိသော ငလျင်ကြောင့် အဆောက်အအုံတချို့အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ ရန်ကုန်၊ မေ ၁၈ မန္တလေးတွင် ယမန်နေ့ညပိုင်း ပြင်းအား ၅ အဆင့်ကျော်ရှိသော ငလျင်ကြောင့် အဆောက်အအုံတချို့အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးမှ အရန်မီးသတပ်ဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် မြစ်သားမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မိုးရွာသွန်းမှုနှင့် ငလျင်လှုပ်ခတ်ခဲ့မှုတို့ကြောင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းx ၈၉ လမ်းရှိ ကုက္ကိုလ်ပင်ကြီးတစ်ပင် လဲကျကာ သားအဖ ၂ ဦးပေါ်ပိမိကာ သေဆုံးခဲ့ခြင်း၊ အဆောက် အအုံတချို့…

  • တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ၈ လုံး ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်

    တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ၈ လုံး ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်

    by

    in

    တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ၈ လုံး ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင် ရန်ကုန်၊ မေ ၁၈ ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှောက်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအောင်မြင်စွာကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင် ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၁၈ ရက် နံနက် ၁ နာရီ ၄၈ မိနစ်အချိန် တောင်ငူမြို့၊ ကေတုမတီလေ တပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအေင်မြင်စွာ…

  • AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိဟု စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်နေပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဇာတ်လမ်းဆင် ဖန်တီးနေဟု ခိုင်သုခ ပြော

    AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိဟု စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်နေပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဇာတ်လမ်းဆင် ဖန်တီးနေဟု ခိုင်သုခ ပြော

    by

    in

    AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိဟု စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်နေပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဇာတ်လမ်းဆင် ဖန်တီးနေဟု ခိုင်သုခ ပြော ရန်ကုန်၊မေ ၁၈ ပြည်တွင်းတွင် AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်မှုများသည် လိမ် လည်မှုသာဖြစ်ပြီး စစ်တပ်က ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန် ရည်ရွယ် ချက်ရှိရှိ ဇာတ်လမ်းဆင် ဖန်တီးနေခြင်းဖြစ်ကြော်ငး AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။ ဧပြီလနှင့်မေလအတွင်း မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ တန်ဖိုးအားဖြင့် ငွေ ကျပ် ၂၈၂ ဒဿမ ၃၂၅…

  • မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် ငလျင်လှုပ်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

    မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် ငလျင်လှုပ်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး ရန်ကုန်၊ မေ ၁၈ မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတွင် လုံးပတ် ၅ ပေခန့်၊ အရှည် ၄၀ ပေ ခန့်ရှိ ကုက္ကိုလ်ပင်သည်…

  • အမေရိကန်က သွင်းကုန်အခွန်တိုးကောက်မှု မဖြစ်သင့်ဘဲ  ဥရောပနှင့်ဗြိတိန်တို့က ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ရုရှားကို စစ်ပန်းအောင် လုပ်နေပြီဟု အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြော 🟥 ပြည်တွင်းတွင် စစ်ရှုံးနေသော်လည်း ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်ပါ မင်းအောင်လှိုင်က ဝေဖန်ပြောဆိုလာ

    အမေရိကန်က သွင်းကုန်အခွန်တိုးကောက်မှု မဖြစ်သင့်ဘဲ ဥရောပနှင့်ဗြိတိန်တို့က ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ရုရှားကို စစ်ပန်းအောင် လုပ်နေပြီဟု အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြော 🟥 ပြည်တွင်းတွင် စစ်ရှုံးနေသော်လည်း ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်ပါ မင်းအောင်လှိုင်က ဝေဖန်ပြောဆိုလာ

    by

    in

    အမေရိကန်က သွင်းကုန်အခွန်တိုးကောက်မှု မဖြစ်သင့်ဘဲ ဥရောပနှင့်ဗြိတိန်တို့က ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ရုရှားကို စစ်ပန်းအောင် လုပ်နေပြီဟု အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြော 🟥 ပြည်တွင်းတွင် စစ်ရှုံးနေသော်လည်း ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်ပါ မင်းအောင်လှိုင်က ဝေဖန်ပြောဆိုလာ ရန်ကုန်၊ မေ ၁၈ အမေရိကန်ပြည်ထောင်စုက သွင်းကုန်များအပေါ် အခွန်တိုးကောက်လိုက်မှုမှာ မဖြစ်သင့်၊ မကောက်သင့်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က က ဝေဖန်လိုက်ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၈ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် RT သတင်းဌာန နှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း နိုင်ငံတကာ ရေးရာ ကိစ္စရပ်များကိုပါ ဝေဖန်ပြောဆိုလာခြင်းဖြစ်သည်။ အမေရိကန်နှင့်မြန်မာနိုင်ငံတို့အကြားတွင် ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော် လည်း အမေရိကန်က သွင်းကုန်များအပေါ်…

  • မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

    မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

    by

    in

    မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း မေ ၁၇၊ ၂၀၂၅ နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။ “ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်။ တော်လှန်ရေး ရဲဘော်တွေအဖို့ အားထားစရာဟာ တော်လှန်ပြည်သူတွေပဲ ရှိပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။ ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက်…

  • မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)

    မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)

    by

    in

    မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ) မေ ၁၇၊ ၂၀၂၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force က သတင်းထုတ်ပြန်ထားပါတယ်။ မေလ ၁၀ ရက် နေ့လယ်ပိုင်းက ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေ နားနေတဲ့ နေရာနဲ့ ဂျန်ဘာစက်ထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး…

  • ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား

    ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား

    by

    in

    ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား မှူးအိန်ဂျယ်လ်/MFP၊မေ – ၁၇ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေး ဖြစ်တယ်လို့ အမျိုးသားရေးညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာe ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ မြစ်ဝကျွန်းပေါ်သားတွေရဲ့ အိမ်ပြန်ခရီးအတွက် ဒို့ပြန်လာပြီ ဧရာဝတီကမ်းပိန်းအစီအစဉ်မှာ အခုလိုထည့်သွင်း ပြောကြားလိုက်တာပါ။ “ ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တစ်နိုင်ငံလုံး ကွက်ပြည့်နင်းရေးပဲ ဖြစ်ပါတယ်” လို့ ဦးရည်မွန် က ပြောပါတယ်။ “ကွက်ပြည့်နင်း”ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပါယ်က စစ်သုံးမြေပုံပေါ်မှာ သတ်မှတ်ထားတဲ့ ပြောက်ကျားအခြေခံဒေသ နယ်မြေတွေကို မြေပုံ ဂရစ်ကွက် (Grid Square) တစ်ကွက်မကျန်အောင် အပြည့်အဝ ဝင်ရောက်ရှင်းလင်းရမယ် ဆိုတာနဲ့ တစ်နည်းအားဖြင့် ပြောက်ကျားအခြေခံဒေသတစ်ခုလုံးကို (တစ်လက္မ)မကျန် အင်အားသုံး…

  • စစ်တပ်နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်

    စစ်တပ်နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်

    by

    in

    စစ်တပ်နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင် ရန်ကုန်၊ မေ ၁၇ မြန်မာစစ်တပ် နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်း များကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ထိုင်းနိုင်ငံနယ်စပ်မှ ၂၅ ကီလို မီတာသာ ကွာ၀ေးသော ရှမ်းပြည်နယ် မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ တွင်းရှိနေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့မြင်ရပြီး…