Author: admin
-
မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး စစ်တပ်စည်းရုံးရေးသင်တန်း ကျောင်းပျက်စီးဟု BWM အဖွဲ့ ပြောဆို
မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး စစ်တပ်စည်းရုံးရေးသင်တန်း ကျောင်းပျက်စီးဟု BWM အဖွဲ့ ပြောဆို ရန်ကုန်၊ စက်တင်ဘာ ၄ မန္တလေးမြို့၊ နန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ရှေ့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ဒုစစ်ခေါင်းဆောင် ချုပ်စိုးဝင်း၏ ကိုယ် ရေးအရာရှိ ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက် နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့…
-
မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်
မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန် ကိုပုဂံ/People’s Spring ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယမန်နေ့ညက တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။ “၂ရက်ရှိပြီး ညတုန်းက တော်တော်ကြမ်းတယ်။ မနက်စောထိ ချတယ်။ ညတုန်းက အတော်ချတယ်။ စစ်တပ်က အမြောက်နဲ့ပစ်တာ နည်းတယ်။ ဒီဘက်က ပစ်နေတာ။ တက်ပြီးတော့ မလုံးသေးဘူး။ အရင်ဖြိုနေတာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား…
-
“အင်အား၆၀၀နဲ့ခံစစ်ကြီးပြိုကျပြီ..ပြင်ဦးလွင်ပွဲဆူပြီဟေ့”
“အင်အား၆၀၀နဲ့ခံစစ်ကြီးပြိုကျပြီ..ပြင်ဦးလွင်ပွဲဆူပြီဟေ့”
-
NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လက်လွတ်စပယ်လုပ်တဲ့ ဆင်ခြင်တုံ တရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား…. “စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်”
NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လက်လွတ်စပယ်လုပ်တဲ့ ဆင်ခြင်တုံ တရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား…. “စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်” စက်တင်ဘာ ၄ ၊ ၂၀၂၄ ”မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူလူထုရဲ့ အသက်ကို စတေးပြီး ၎င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စမျိုးကိုမဆို စည်းမဲ့ကမ်းမဲ့ ဘောင်မဲ့လုပ်ဝံ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။” အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ…
-
အိမ်ထောင်စုစာရင်းနဲ့ ဆီဝယ်ယူရမယ့်စနစ်ကို စတင်ပြောင်းလဲနေ.. မင်းအောင်လှိုင်ပြောသလို သမခေတ်ကို ဦးတည်..
အိမ်ထောင်စုစာရင်းနဲ့ ဆီဝယ်ယူရမယ့်စနစ်ကို စတင်ပြောင်းလဲနေ.. မင်းအောင်လှိုင်ပြောသလို သမခေတ်ကို ဦးတည်.. စက်တင်ဘာ ၄၊ ၂၀၂၄ ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုမှာ စားအုန်းဆီကို သန်းခေါင်စာရင်းနဲ့၀ယ်ယူရမယ့် ဆီစာအုပ်တွေ လုပ်ပေးနေပြီး အရင် နအဖခေတ်က သမစနစ်ကို စစ်ကောင်စီ ပြန်လည်အသက်သွင်းနေပြီ ဖြစ်ပါတယ်။ စားအုန်းဆီကို လိုအပ်သလို၀ယ်လို့မရတော့ဘဲ အကန့်အသတ်နဲ့သာ ၀ယ်ယူနိုင်တော့မယ့် သဘောလည်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စားအုန်းဆီ ၁ ပိဿာကို ပြင်ပပေါက်ဈေး ၁၅၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်ပေါ်နေတဲ့အတွက် ရပ်ကွက်တွေအတွင်း ရရှိတဲ့ ဆီကတ်၊ ဆီစာအုပ်တွေနဲ့ ဆီ ၅၀ ကျပ်သားကို ၃၃၀၀/၃၄၀၀ ကျပ်ဝန်းကျင်နဲ့ ပြည်သူတွေ ထုတ်ဝယ်နေရတာ ဖြစ်ပါတယ်။ ဆီစာအုပ်တွေကို ရပ်ကျေးတွေမှာ ၃၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်ဈေးနဲ့…
-
စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော တပ်သားသစ်များ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများ ပြားနေပြီး စစ်ကောင်စီက အလောင်းပြန်မပေးသည့်အပြင် သေဆုံးမှုများကိုလည်း ဖုံးကွယ်ထား
စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော တပ်သားသစ်များ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများ ပြားနေပြီး စစ်ကောင်စီက အလောင်းပြန်မပေးသည့်အပြင် သေဆုံးမှုများကိုလည်း ဖုံးကွယ်ထား 🟥ဒလမှ အသက် ၂၀ ဝန်းကျင် မောင်နေမင်းထက် စစ်သင်တန်းဆင်းပြီး ရှေ့တန်းပို့ခံရကာ တိုက်ပွဲတွင် သေဆုံးခဲ့မှု စစ်တပ်က နောက်ကျ အသိပေး ရန်ကုန်၊ စက်တင်ဘာ ၄ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခဲ့သော စစ်သင်တန်း လူငယ် တပ်သား သစ်များမှာ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများပြားနေပြီး စစ်ကောင်စီက တပ်သားသစ်များ ၏အလောင်းများကို ပြန်မပေးသည့်အပြင် သေဆုံးမှုသတင်းကိုလည်း အချိန်များစွာ ကြာမှ ကျန်ရစ်သူမိသားစုကို အသိပေးခြင်း၊ ဖုံးကွယ်ထားခြင်းများ လုပ်ဆောင်နေကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဧပြီလမှစတင်၍ စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့်…
-
ကားများကို စက်သုံးဆီအကြိမ်ရေအကန့်အသတ်ဖြင့်သာရောင်းသော ကတ်စနစ်အသုံးပြုရန်စစ်ကောင်စီ စီစဥ်နေဟုဆို
ကားများကို စက်သုံးဆီအကြိမ်ရေအကန့်အသတ်ဖြင့်သာရောင်းသော ကတ်စနစ်အသုံးပြုရန်စစ်ကောင်စီ စီစဥ်နေဟုဆို စောနွေဦး/People’s Spring စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူသောကားများကို အကြိမ်ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေနည်း ပါးလာပြီ စစ်ကောင်စီက ဒေါ်လာကို လက်နက်နှင့် လေယာဥ်ဆီဝယ်ယူရန်သာအသုံးပြုလိုပြီး အများပြည်သူအတွက် အသုံးမပြုလိုသဖြင့်စက်သုံးဆီဝယ်ယူရန် ဒေါ်လာပိုမိုရှားပါးလာသည်။ နိုင်ငံခြားငွေရှားပါးသဖြင့် ပြည်ပမှစက်သုံးဆီဝယ်ယူတင်သွင်းနိုင်မှု နည်းပါးသောကြောင့် စက်သုံးဆီပြတ် လပ်မှုများမကြာခဏဖြစ်နေသည်။ထိုကြောင့်စစ်ကောင်စီကစက်သုံးဆီရောင်းချမှုကို ယခင် စစ်အာဏာရှင်များခေတ်ကကဲ့သို့ ဆီစာအုပ်ဖြင့် ဝယ်ရသောစနစ်မျိုးကို စမတ်ကတ်အဖြစ်ပြန်အသွင်ပြောင်းအသုံးပြု၍ဆီရောင်းဝယ်မှုအပေါ်ကန့် သတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “ ကားတွေကို ဆီသတ်မှတ်နှုန်းအတိုင်းပဲရောင်းပေးတော့မယ့်သဘောမျိုးပါ”ဟု ၎င်းကဆိုသည်။ ထိုစနစ်ကိုပြန်ကျင့်သုံးရန် စစ်ကောင်စီက ဆွေး နွေးနေဆဲဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်မည့်နေကို ထုတ်ပြန်ပေးသွားမည်ဟု အခြားလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။ “ဒီစနစ်က အရင် အာဏာရှင်ဟောင်းတွေခေတ်က စနစ်ပဲ။ စက်သုံးဆီလည်းမကြာခင် မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ ကြိုတင်နိမိတ်ဖက်ရမယ်”ဟု စက်သုံးဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးကပြောသည်။ လက်ရှိတွင် ကားတစ်စီးကို…
-
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊ မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊ မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊ AN/MFP၊ စက်တင်ဘာ – ၃ ထီးချိုင့်မြို့သိမ်း တိုက်ပွဲကို ယာယီ ရပ်ထားတားပြီး မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတာ ရှိ၊မရှိ ပြန်လည် စိစစ်နေတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ဩဂုတ်လလယ်ပိုင်းက စလို့ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့လုံးကျွတ် သိမ်းပိုက်နိုင်ဖို့ နေရာ နှစ်နေရာသာ ကျန်ရှိတော့တဲ့အချိန် တိုက်ပွဲကို ယာယီ ရပ်နားထားပြီး မြို့တွင်း နယ်မြေရှင်းလင်း စိစစ်နေတာလို့ ဆိုပါတယ်။ “အခုက အထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ စိစစ်နေတာ။ အဲဒီလူတွေက စစ်ကောင်စီ အားပေးတွေ…
-
တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ နေရာအများစုတွင်တော်လှန်ရေးတပ်များဝင်ရောက်နေရာယူ
တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ နေရာအများစုတွင်တော်လှန်ရေးတပ်များဝင်ရောက်နေရာယူ ကိုပုဂံ၊သတိုး/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မိုင်(၂၀) ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ် ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး နေရာအများစုတွင် ဝင်ရောက်နေရာယူထားကြောင်း တအာင်းတပ်မ တော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။ လက်ရှိတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုကြားတွင် တိုက်ပွဲဖြစ်နေသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြော သည်။ “ရာခိုင်နှုန်းတော့ ကျွန်မပြောကြားလိုခြင်းတော့ မရှိသေးဘူးပေါ့နော်။ကျွန်မတို့က ၉၀၂ ကိုသိမ်းနိုင်ဖို့တော့ ကျွန်မတို့ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။ လက်ရှိကတော့ ၉၀၂ နဲ့ ၃၅၄ ကြားမှာဖြစ်တယ်။ အဲဒီ့မှာ တော်တော်များများက နေရာဝင်ယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်”ဟု TNLA ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။ နောင်ချိုမြို့တောင်ဘက်…
-
ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ
ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ CJ Platform ရန်ကုန်တိုင်း၊ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရမယ်လို့ သတိပေးပြောဆိုမှုတွေရှိနေကြောင်း အပြောခံရသူဘေးတွဲမောင်းသူများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတတိယပတ်အတွင်းမှစတင်ပြီး ရန်ကုန်မြို့မှာ ပြည်သူ့လုံခြုံရေးလို့ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ စတင်လာခဲ့တာပါ။ အခုတော့ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ အခြေခံလူတန်းစားတွေဖြစ်တဲ့ သုံးဘီးဆိုင်ကယ်မောင်းနှင်နေသူတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထဲဝင်ဖို့ လာရောက်ပြောဆို ဖိအားပေးတာလို့လည်း အဲဒီမြို့ခံများထံမှ သိရပါတယ်။ “အသက်အရမ်းမကြီးတဲ့သူတွေကို အဓိကခေါ်ချင်တာ။ ဂိတ်ကိုလာပြောတာ။ ကျွန်တော်ကတော့ အသက်လည်းကြီးပြီး ကျန်းမာရေးလည်းမကောင်းဘူးလို့ငြင်းလိုက်တယ်။ တချို့သန်သန်မာမာ ၄၀ ဝန်းကျင်ရှိသူတွေကိုတော့ မဖြစ်မနေဝင်ရမယ်။ သင်တန်းတက်ရမယ်။ ကင်းလှည့်တာတွေမှာ လိုက်ရမယ်။ တချို့လည်းငြင်းမရတော့ စာရင်းပါသွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်နေ…