တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ​နေရာအများစုတွင်​တော်လှန်​ရေးတပ်များဝင်​ရောက်​နေရာယူ

by

in

တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ​နေရာအများစုတွင်​တော်လှန်​ရေးတပ်များဝင်​ရောက်​နေရာယူ
ကိုပုဂံ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မိုင်(၂၀)
ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်
ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး နေရာအများစုတွင် ဝင်ရောက်နေရာယူထားကြောင်း တအာင်းတပ်မ
တော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။
လက်ရှိတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုကြားတွင် တိုက်ပွဲဖြစ်နေသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြော
သည်။
“ရာခိုင်နှုန်းတော့ ကျွန်မပြောကြားလိုခြင်းတော့
မရှိသေးဘူးပေါ့နော်။ကျွန်မတို့က ၉၀၂ ကိုသိမ်းနိုင်ဖို့တော့ ကျွန်မတို့ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။ လက်ရှိကတော့ ၉၀၂ နဲ့ ၃၅၄ ကြားမှာဖြစ်တယ်။ အဲဒီ့မှာ တော်တော်များများက နေရာဝင်ယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်”ဟု TNLA ပြော
ရေးဆိုခွင့်ရှိသူက ပြောသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)
အမတ(၄၀၆)တို့တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့​ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ရှိတွင် မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုသာ ကျန်ရှိပြီး အဆိုပါတပ်ရင်းနှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
တောင်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေ
ကြောင်းမှတဆင့် အင်အားဖြည့်တင်းနေသည်ဟုလည်း TNLAက အသိပေးသည်။
“မနေ့အထိတော့တိုက်ပွဲက ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ အဲဒီမှာ စစ်ကောင်စီဘက်ကလည်းသူ့ရဲ့အင်အားတွေ ဖြည့်တင်းနိုင်မှုတွေရှိသလို Y-12
အသုံးပြုပြီးတော့ လက်နက်ခဲယမ်းတွေလာပို့တာမျိုးလည်းရှိပါတယ်”ဟု TNLA ပြောရေးဆိုခွင့်
ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ရင်းများသိမ်းပိုက်နိုင်ရေးတိုက်
ခိုက်နေသည့်အခြေအနေတွင် ဩဂုတ် ၂၉ရက်၌ တရုတ်အစိုးရက TNLAထံ စာတစ်စောင်ပေးပို့ခဲ့ရာ တိုက်ပွဲများ ချက်ချင်းရပ်ရန် နှင့် မရပ်ပါက ဆုံးမမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်စာအပေါ် TNLA အဖွဲ့တွင်းဆွေးနွေးနေဆဲဖြစ်ကြောင်း ​ပြောကြားထားသည်။တရုတ်က စာပို့​သော်လည်း ​နောင်ချိုအတွက်သာမက ပြင်ဦးလွင် ခံစစ်အတွက်ပါအ​ရေးကြီး​သော ​တောင်ခမ်းမှ အ​မြောက်တပ်ရင်းများကို TNLA ဦး​ဆောင်​​သော​တော်လှန်​ရေးတပ်များက အရှိန်မြှင့် ထိုးစစ်
ဆင်နေသည်။
တောင်ခမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒါဖြန့်တယ်လီဂရန်ချန်နယ်များကလည်း ရန်သူ(တော်လှန်ရေးတပ်)များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု ဖော်ပြနေသည်။ ထို့အပြင် နိုင်ငံတော်အဆင့် ဆင်ဖြူရှင်စစ်ဆင်ရေးဟုဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်းအား တောင်ခမ်းမှအစပြု၍ ထိုးစစ်ဆင်မည်ဟု ရေးသားနေကြသည်။
“တောင်ခမ်းနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက နာမည်အမျိုးမျိုးနဲ့တပ်ပြီးတော့မှ ထိုးစစ်ဆင်လာတာပဲ။ ကြားထဲမှာ‌ရော။ ကျွန်မတို့ဘက်က ပြန်ပြီးတော့ခုခံထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဘယ်လိုနာမည်နဲ့ပဲသုံးနေပါစေ ကျွန်မတို့ကတော့ ကျွန်မတို့ရည်မှန်းချက်အတိုင်းသွားမှာဖြစ်ပါတယ်”ဟု TNLAက တုံ့ပြန်သည်။
လက်ရှိတွင် စစ်ကောင်စီက တောင်ခမ်း၌ အင်အား ၆၀၀ ကျော်ဖြင့် ခုခံနေကြောင်း TNLA က​ပြော
သည်။
“တောင်ခမ်းမှာ မနက်ကအထိတော့ တိုက်ပွဲပြင်းတယ်။ နောက်ပိုင်းတော့ လက်နက်ကြီးတွေပဲ တစ်ချက်၊တစ်ချက်ကြားရတော့တယ်”ဟု နောင်ချိုမြို့ ဒေသခံက ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားရာ တောင်ခမ်းကျေးရွာသို့ စစ်ကောင်စီက ပြင်ဦးလွင်မြို့ အခြေစိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။ စက်တင်ဘာ ၁ ရက်ညက တစ်ညလုံး ပစ်ခတ်ခဲ့သည်ဟု ပြင်ဦးလွင်မြို့ခံများက ပြောသည်။
အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်ရှိသည်။
(​ရှေ့တန်းတစ်​နေရာမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ / ​တောင်ခမ်းအ​မြောက်တပ်များတည််​နေရာပြ​မေုပုံ နှင့် မစခ (၉၀၂)​အမှတ်တံဆိပ်။ဓါတ်ပုံ-TNLA)