Author: admin
-
မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ ခေါ်ထုတ် သတ်ဖြတ် ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းမိ
မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ ခေါ်ထုတ် သတ်ဖြတ် ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းမိ ရန်ကုန်၊ မေ ၁ မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းဆီးရရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်သို့ ခေါ်ဆောင် သွားကာ ရိုက်နှက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ လက်ဝတ်လက်စားများနှင့် ပိုင်ဆိုင်မှုများကိုပါ လုယက်သွားကြောင်း သိရှိရသည်။ အငြိမ်းစားပါမောက္ခကိုသ တ်ဖြတ်သွားသူကို ယနေ့ မေလ ၁ ရက်နေ့…
-
စစ်ကောင်စီက ဗန်းမော် စစ်မျက်နှာပြင်သို့ လက်နက်ကြီးအပါအဝင် ခဲယမ်းမျိုးစုံ သိန်းချီပို့ဆောင်၍ ခံစစ်ဆင်နေ
စစ်ကောင်စီက ဗန်းမော် စစ်မျက်နှာပြင်သို့ လက်နက်ကြီးအပါအဝင် ခဲယမ်းမျိုးစုံ သိန်းချီပို့ဆောင်၍ ခံစစ်ဆင်နေ ဧရာဝတီတိုင်းမ် မေ ၁ ရက် လနှင့်ချီ၍ ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက် ငယ်များအပါအဝင် ခဲယမ်းမျိုးစုံ ၁၅ သိန်းခန့်ပို့ ဆောင်၍ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည့် ယနေ့ မေ ၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းဗုံးသီး များအပြင် လေကြောင်းမှပါ အပြင်းအထန်ခုခံကာကွယ်နေကြောင်း သိရသည်။ စစ်ကောင်စီအတွက် လိုအပ်နေသည့် သိန်းနှင့်ချီသော လက်နက်ခဲယမ်းများကို မြစ်ကြီးနား စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၁၄၁ နှင့် ကျောက်ဆည် ဟန်မြင့်မိုရ်အခြေစိုက် ပင်မခဲယမ်းမီး ကျောက်တပ်(ပခန) တို့မှနေ၍လေယာဉ်များဖြင့်…
-
စမ်းချောင်းမြို့နယ်၌ တိုက်ခန်းတွင်း မီးစက်နှိုးအိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ သေဆုံး
စမ်းချောင်းမြို့နယ်၌ တိုက်ခန်းတွင်း မီးစက်နှိုးအိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ သေဆုံး မေ – ၁၊၂၀၂၅/ရောင်နီ/People’s Spring ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူတို့အမေက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း က ဖုန်းဆက်တာ မကိုင်လို့ ။ ဒီနေ့ရောက်လာချိန်မှာမှသေဆုံးတာကို သိရတာ”ဟု စမ်းချောင်းမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသူများမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ၊ အသက် ၂၅ နှစ် နှင့် ၁၆ နှစ်အရွယ်အမျိုးသမီး နှစ်ဦး နှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး မေလ ၁ ရက်တွင် နေအိမ်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သေဆုံးတာတော့…
-
စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော
စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော ရန်ကုန်၊ မေ ၁ အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်း ဟောင်း အဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်မှုထမ်းဟောင်းအထူးညီလာခံတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ စစ်မှုထမ်းဟောင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့် စစ်တပ်၏ မိတ်ဆက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်ရုံး၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် စစ်တပ်၏ အရန်အင်အားအဖြစ် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်နေကြောင်း၊ “တစ်ခါက စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားပင်” ဆိုနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်က ချမှတ်ထားသော ပြည်သူ့စစ်မဟာဗျူအောင်မြင်စေရေးအတွက်…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် မေ၁၊ ၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ဆင်နွှဲခဲ့သည့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲ ၅လကြာမြင့်ပြီဖြစ်သည်။ ဧပြီ ၂၅ရက်တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပါအဝင် လက်ကျန်တပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်က ပြန်လည်၍ ထပ်မံထိုးစစ်ရှိန်မြှင့် တိုက်ခိုက်နေရာ စကခ(၂၁) ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများကို ထပ်မံ သိမ်းပိုက်ထားပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။ “တိုက်ပွဲ ပြင်းထန်နေတုန်းပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ညပိုင်း၌ ပြောပြထားပြီး အခြေအနေအသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။ KIA…
-
တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မေ ၁ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့ဒုံး ၆…
-
ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်း မကျဆုံးစေရေး စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ
ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်း မကျဆုံးစေရေး စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ ရန်ကုန်၊ မေ ၁ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ် စခန်းမကျဆုံးစေရေးအတွက် စစ်ကူလာသော စစ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်က ငဖဲမြို့နယ်၊ ပဇီကျေးရွာ ဘုန်း ကြီးကျောင်းတွင် စခန်းချ တပ်စွဲ ထားသော…
-
ရခိုင်နှင့်ဧရာဝတီနယ်စပ်တိုက်ပွဲများကြောင့် လေးမျက်နှာမြို့ဘက်ကို စစ်ကောင်စီ ပြန်ဆုတ်
လမ်းကြောင်း ၃ ခုဖြင့် ဧရာဝတီတိုင်းကို ထိုးဖောက်နေသည့် AA က လေးမျက်နှာမြို့နယ်တိုက်ပွဲများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့်ပျူ များသည် မြို့နှင့် ၂ မိုင်အကွာသို့ တပ်ပြန်ဆုတ်သွားကြသည်။ ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းကားလမ်း အနီးရှိ ငါးသိုင်း ချောင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တပ်ဆုတ်နေရသည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။ ရခိုင်ရိုးမတောင်ခြေအနီး လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစုကျေးရွာများကို အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက မတ်လဆန်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုနေရာများမှ ဆုတ်လာသည့်…
-
ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေသဖြင့် ဘ၀လုံခြုံမှုရှိသော ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန်
ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေသဖြင့် ဘ၀လုံခြုံမှုရှိသော ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန် ရန်ကုန်၊ မေ ၁ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်နေသဖြင့် ပြည်တွင်းတွင်သာ ဘ၀လုံခြုံမှုရှိသည့် အလုပ်များ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ ယနေ့ မေလ ၁ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အဖြစ် မင်းအောင်လှိုင်က ယင်းသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းထက် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရေး တို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်…
-
မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ 🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု
မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ 🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု ရန်ကုန်၊ မေ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော အမိန့် ပြန်တမ်းအရ သိရှိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ အမိန့်ပြန်တမ်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)တွင် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ပြန်လျော့…