Author: admin
-
မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊ CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊
မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊ CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၇ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်” ကနေ ရွှေထည်ပစ္စည်း မျိုးစုံ သုံးပိဿာခွဲကျော်၊ တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝ ခန့် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက် လုယက်မှုမှာ ပါဝင်သူတွေထဲက နှစ်ဦးကို ဖမ်းမိထားပြီး နှစ်ဦး လွတ်မြောက်နေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဇန်နဝါရီ ၁၈ရက် ညနေပိုင်းက အဲ့ဒီ မန္တလေးမြို့၊ ၇၇ လမ်းပေါ်က ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရတာ ဖြစ်ပြီး CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံကာ…
-
သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက်
သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက် ရန်ကုန်၊ ဇန်နဝါရီ ၃ ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတွင် ပိုက်လိုင်းများ ပြုပြင်နေခြင်းကြောင့် သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေးခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေအဆိုးလားပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်တော့ကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဓာတ်အား ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ဓာတ် အား ၁၇၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် ရတနာကမ်းလွန်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ပြုပြင်နေခြင်းကြောင့်…
-
ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည် ▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော
ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည် ▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော ရောင်နီ /People’s Spring ရန်ကုန်မြို့တွင် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၂ နာရီမီးဖြတ်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ရုံးများက ကြေညာသည်။ ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးခြင်းကို မြို့နယ်အလိုက် အုပ်စု A ၊ B ခွဲကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ကစတင်၍ အုပ်စုတစ်ခုလျှင် လေးနာရီခြားတစ်ကြိမ် မီးပေးမည်ဟု အသိပေးထားသည်။ ဒီဇင်ဘာအတွင်းက ည ၉နာရီမှ မနက် ၁နာရီအထိ မီးဖြတ်ချိန်တိုးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် လေးနာရီတိုးလိုက်သောကြောင့် တစ်ရက်လျှင် မီးဖြတ်သည့်အချိန် ၁၂ နာရီအထိရှိလာမည်ဖြစ်သည်။ “ညသန်းခေါင်ကြီး မီးပြတ်သွားရင် ဘာမသိ၊ ညာမသိဖြစ်နေစိုးလို့ သတင်းတင်ပေးတာပါ။ ပျော်မနေပါဘူး။” ဟု…
-
စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)
စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ) ဇန်နဝါရီ ၃၊ ၂၀၂၅ ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ရိက္ခာပြတ်လပ်ပြီး ဒီဇင်ဘာ ၂၈ ရက် မနက်မှာ မယ်လယုတပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စွန့် ခွါကာ ရှမ်းပြည်နယ်ဘက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ မယ်လယုတပ်စခန်းကနေ ၆၀ မမ ဗုံးသီး ၂၁၂ လုံး၊ MA 1 ကျည်အိမ် ၁၂ ခု ၊ A 1 ကျည် ဆံ ၅၄၇၀ တောင့်၊ နောင်တို ကျည်ဆံ…
-
အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၃ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်းသည် ဂျက်ဝမ်း အရက်ရောင်းဝယ်ရေးဆိုင်တွင် ဆက်ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပစ်ခတ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်၊ စစ်ကိုင်း -မြစ်ငယ်ဒွေး လမ်းဘေး၊ “ဂျက်ဝမ်း” အရက်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် လမ်းဖြတ်…
-
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်အဖွဲ့က လူငယ် ၆၀ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးပြီး စစ်တပ် လက်ထဲအပ်၊ မင်္ဂလာတောင်ညွန့်၊ သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက မိသားစု ၁၀၀ ထံမှ တစ်အိမ်လျှင် ငွေကျပ် ၆ သောင်းကောက်ခံ
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်အဖွဲ့က လူငယ် ၆၀ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးပြီး စစ်တပ် လက်ထဲအပ်၊ မင်္ဂလာတောင်ညွန့်၊ သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက မိသားစု ၁၀၀ ထံမှ တစ်အိမ်လျှင် ငွေကျပ် ၆ သောင်းကောက်ခံ ရန်ကုန်၊ ဇန်နဝါရီ ၃ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော လူမိုက်များနှင့် အကြမ်းဖက် စစ်တပ်က လူငယ် ၆၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်…
-
ဗိုလ်မှူးဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းအား ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်တွေ့ဆုံ
ဗိုလ်မှူးဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းအား ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်တွေ့ဆုံ -People’s Spring စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း NUGက အသိပေးထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့သည်ဟု ဖော်ပြသည်။ စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်များ လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကျေးဇူးတင် အားပေးစကားများပြောကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။…
-
ငွေဆောင်သဘောတူညီချက် ၇ ချက်က ဘာတွေလဲ
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက်ကို မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာပါတယ်။ ဘီဘီစီက ဒီသဘောတူညီချက် မူရင်းကို ဖတ်ရှုခွင့်ရခဲ့ပြီး တိုင်းပြည်ရဲ့နိုင်ငံရေးလက်ငင်းလိုအပ်ချက်ဟာ ‘’ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လို့ အစပြုထားပါတယ်။ ဒီအခြေအနေကို ရောက်ရှိရေးအတွက် သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်တဲ့နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် လိုအပ်တယ်လို့ ဒုတိယအချက်အနေနဲ့ ဖော်ပြထားပါတယ်။ ‘’ငွေဆောင်သဘောတူညီချက်’’ရယ်လို့ လူသိလာကြတဲ့ဒီသဘောတူညီချက်ထဲမှာ နောက်ထပ် ဘယ်လိုအချက်တွေကို အဆင့်လိုက် အကြံပြုထားတာမျိုးရှိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး နဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက်ကို မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာပါတယ်။ ဘီဘီစီက ဒီသဘောတူညီချက် မူရင်းကို ဖတ်ရှုခွင့်ရခဲ့ပြီး…
-
KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရမှုများကြောင့် ငွေထုတ်သူများပြားနေ၍ K Payအကောင့်တခုလျှင် ငွေကျပ် ၁၀ သိန်းသာ အကန့်အသတ်ဖြင့် ထုတ်ပေးတော့
KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရမှုများကြောင့် ငွေထုတ်သူများပြားနေ၍ K Payအကောင့်တခုလျှင် ငွေကျပ် ၁၀ သိန်းသာ အကန့်အသတ်ဖြင့် ထုတ်ပေးတော့ ရန်ကုန်၊ ဇန်နဝါရီ ၂ ကမ္ဘောဇဘဏ်စာရင်းများနှင့် ချိတ်ဆက်ထားသော KBZ Pay ခေါ် K Pay အကောင့်များမှ အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ငွေများ ခိုးခံရခြင်းများ ဖြစ်ပေါ်ပြီးနောက် KBZ Pay အကောင့်များမှ ငွေများကို ပြည်သူများက ပြန် လည်ထုတ်ယူမှုများပြားလျက်ရှိသဖြင့် အကောင့်တစ်ခုလျှင် ငွေကျပ် ၁၀ သိန်းသာ ကန့်သတ်ထုတ်ပေးတော့ကြောင်း သာကေတ မြို့နယ် မင်းနန္ဒာလမ်းရှိ KBZ ဘဏ်မှ ဝန်ထမ်းတချို့ထံမှ သိရှိရသည်။ ” ဒီနေ့ ကမ္ဘောဇဘဏ် မှာ K pay…