Author: admin
-
အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်ခိုလှုံလာသူများအား ကြိုဆိုပွဲပြုလုပ်
အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်ခိုလှုံလာသူများအား ကြိုဆိုပွဲပြုလုပ် ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူအလင်းဝင်ခိုလှုံလာသူများအား ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာ၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများက ယနေ့(ဒီဇင်ဘာ ၃၁ရက်)တွင် ပြုလုပ်ခဲ့သည်။ စစ်ရှုံးစစ်ကောင်စီ၏ ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်ကောင်စီတပ်သားများ ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” ဖမ်းမိတာရော၊ အလင်းဝင်တာရော အများကြီးပဲ။ ဖမ်းမိတာရော အလင်းဝင်တာရော အားလုံးပေါင်း ၃၀လောက်ရှိတယ်။ ဆုငွေချီးမြှင့်တာက ဖမ်းမိတဲ့သူက မုန့်ဖိုးအနေနဲ့ ကျပ်တစ်သိန်းပဲ ပေးတယ်။ လက်နက်ပါတဲ့သူကတော့ သိန်း…
-
စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ပြီး စစ်တပ်က အဆိုတော်ယုန်လေးကို ခေါ်ထုတ်သွား၍ လွတ်မြောက်သွားခဲ့သော်လည်း ရေဆုံးမြေဆုံး ရှာဖွေမည်ဟုဆို
စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ပြီး စစ်တပ်က အဆိုတော်ယုန်လေးကို ခေါ်ထုတ်သွား၍ လွတ်မြောက်သွားခဲ့သော်လည်း ရေဆုံးမြေဆုံး ရှာဖွေမည်ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၃၁ အကြမ်းဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင် ဖြစ်သည့် အောင်ဖုန်းကျော် ခေါ် အဆိုတော် ယုန်လေးနှင့် လက်ပါးစေများကို စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းအတွင်း ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Joker အဖွဲ့က ထုတ်ပြန်ကြေညာသည်။ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၈ မိနစ် အချိန်တို့တွင် ချိန်ကိုက်မိုင်းဖြင့် အဆိုတော် ယုန်လေး နေထိုင်ရာ ဖျာပုံလမ်းအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုတော် ယုန်လေး သည် အကြမ်းဖက်စစ်တပ်အတွက်…
-
မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွား
မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွား ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ်များ နေထိုင်သည့် လိုင်းခန်းကို ရာအိမ်မှူး ငပွေးနှင့်…
-
ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် လုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ
ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် လုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် ယနေ့ ပြုလုပ်မည့် နှစ်သစ်ကူးပွဲ New Year Countdown တွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရန်ရှိနေကြောင်း ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် နှစ်သစ်ကူးပွဲ New Year Countdown…
-
ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး
ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး ဒီဇင်ဘာ ၃၁၊ ၂၀၂၄ စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားတယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ (၃၁) ရက်မှာ ကျရောက်မယ့် နှစ်သစ်ကူးညတစ်ညတာကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပေမယ့် အများပြည်သူတွေအနေနဲ့ မိမိအိမ်မှာ သာ နေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ…
-
စစ်အာဏာရှင်စနစ် ချေမှုန်းသုတ်သင်ရေး မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ ညီညွတ် ခိုင်မာအားကောင်းမှုအပေါ် မူတည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး
စစ်အာဏာရှင်စနစ် ချေမှုန်းသုတ်သင်ရေး မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ ညီညွတ် ခိုင်မာအားကောင်းမှုအပေါ် မူတည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၃၁ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးသည် မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ အကြား စုစည်းညီညွတ်မှု ခိုင်မာအားကောင်းမှုအပေါ်၌ မူတည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ” စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးဟာ…
-
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ် ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က တရားဝင် ဖိတ်ခေါ် လိုက်သည်။ MDY PDF အနေဖြင့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ၊လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်…
-
ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို
ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို ရန်ကုန်၊ ဒီဇင်ဘာ၃၁ ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူ ဗိုလ်မှူးကြီး…
-
တိုက်ပွဲတွင်ကျဆုံးခဲ့သော ဗိုလ်မှူး၏မိန်းမဖွင့်သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်ကောင်စီဖျက်ဆီး ■ကရင်နီပြည် တိုက်ပွဲတွင် သေဆုံးခဲ့သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ်
တိုက်ပွဲတွင်ကျဆုံးခဲ့သော ဗိုလ်မှူး၏မိန်းမဖွင့်သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်ကောင်စီဖျက်ဆီး ■ကရင်နီပြည် တိုက်ပွဲတွင် သေဆုံးခဲ့သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ် ရဲခေါင် ၊ရှိန်း / People’s Spring စစ်ကောင်စီအတွက်တိုက်ပွဲဝင်ရင်းတိုက်ပွဲ၌ သေဆုံးခဲ့သော ဗိုလ်မှူး ၏မိန်းမ ဖွင့်ထားသည့် “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီက ဖျက်ဆီးခဲ့သည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂ ) ၊မနောရမ္မံပန်းခြံရှေ့တွင် စတင် ဖွင့်လှစ်သည့် ” မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်” ကို ယနေ့(ဒီဇင်ဘာ ၃၀ ရက်နေ့) နံနက်ပိုင်းတွင် စစ်ကောင်စီကညွှန်ကြား၍ စည်ပင် ဝန်ထမ်းများ ဦးဆာင်သည့် စစ်အုပ်စုက ဆိုင်ကို စီးနင်းဖျက်ဆီးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။ “မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်”သည် ကရင်နီပြည်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်တက္ကသိုလ်အမှတ်စဥ် (၄၇) ကျောင်းဆင်း ဗိုလ်မှူးကောင်းမြတ်စိုး၏ ဇနီး ဒေါ်အေးအေးခိုင်…
-
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်း တောင်းဆို
ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၉ ရက် လက်ရှိ စစ်ကောင်စီရဲ့ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန် ကြီးဟောင်းတစ်ဉီးဖြစ်သူ ပေါလ်စကူလီက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်မှုမှာ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး တွန်းအားပေးသင့်တယ်လို့ သူက ဆိုပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း (၃) ဉီးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်း ဆိုခဲ့ပြီး သူဟာ တိုင်းပြည်ကို ဒီမိုကရေစီနည်းကျ ဉီးဆောင်ဖို့ ထိုက်တန်သူဖြစ်တယ်လို့ သတိပေးပြီး နောက် ပေါလ်စကူလီရဲ့တောင်းဆိုမှု ဖြစ်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့စဉ် ရိုဟင်ဂျာတွေနဲ့ပတ်သက် လို့ ဂုဏ်သိက္ခာထိခိုက်ပေမယ့် မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကိုပြန်ရောက်ဖို့ ခြေလှမ်းတစ်လှမ်းသာ ရှိခဲ့တာကို သိရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ “စစ်တပ်ဟာ လက်ရှိမှာ…