Author: admin

  • ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီဝင် သားအဖ  ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီဝင် သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    အောင်လံမြို့ တွင် လောင်းကစားနေသည့် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၄ မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး ၁၉ လမ်းအတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် ကစားနေသည့် စစ် ကောင်စီခန့် အုပ်ချုပ် ရေးမှူးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်သူ မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန် အောင်လံမြို့၊ ရွာထောင်ရပ်ကွက် အ တွင်းရှိ လောင်းကစားဝိုင်း၌ ပုံတူလောင်းကစားတစ်ခုကို ဝင်ရောက် လောင်းကစားနေသော အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် နောက် လိုက် ၁…

  • စစ်တပ်က  နိုင်ကျဉ်းများကို ကြိုးပေးမည်ဆိုသည့် သတင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေဟုဆို

    စစ်တပ်က နိုင်ကျဉ်းများကို ကြိုးပေးမည်ဆိုသည့် သတင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေဟုဆို

    by

    in

    စစ်တပ်က နိုင်ကျဉ်းများကို ကြိုးပေးမည်ဆိုသည့် သတင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေဟုဆို 24 Sep 2024 By Sayar Ngaat / MPA အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေးမည်ဟူသော သတင်းများဖြင့် စစ်ကောင်စီတပ်က စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်မှ စတင်ကာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့၏အမှုတွဲတွင် ပါဝင်နေပြီး အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် ကောင်းပြည့်စုံဦး၊ ကျော်ဝင်းစိုး၊ ဆန်းလင်းမောင်၊ ဇေယျာဖြိုးနှင့် မြတ်ဖြိုးပွင့်တို့ ငါးဦးကို စက်တင်ဘာ၂၄ ရက်တွင် ကြိုးပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည “ကြိုးပေးမယ်ဆိုတဲ့ သတင်းကလည်း မဟုတ်ပါဘူး။ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပါ၊ ဒါဟာ…

  • ရေတာရှည်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ (ရုပ်/သံ)

    ရေတာရှည်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ (ရုပ်/သံ)

    by

    in

    ရေတာရှည်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၂၄ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၂ နှင့်နီးစပ်သော တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖြစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်များကို ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ၇ ကြိမ် ကြဲချတိုက်ခိုက်ခြင်း၊ ၆၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခြင်း၊…

  • မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ

    မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ

    by

    in

    မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ အင်ကြင်း/People’s Spring.. မန္တလေးမြို့တွင် ယနေ့နံနက်က အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယနေ့ စက်တင်ဘာ၂၄ရက် နံနက်၂နာရီခန့်က မန္တလေးမြို၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနှင့် ၈၇လမ်းကြားတွင် ၂ထပ် အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ အမျိုးသား၂ဦး၊ အမျိုးသမီး၃ဦး စုစုပေါင်း ၅ ဦး ပိတ်မိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ ပိတ်မိသူများအား တစ်နာရီနီးပါး ကယ်ထုတ်ခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “လက်ရှိ လူနေအဆောက်ဦးအဟောင်းပြိုတာ။ အပေါ်ထပ်က ပြိုကျတာ။အဲတိုက်က နှစ်ပေါင်းများစွာကြာပြီ။အဲထဲနေထိုင်တဲ့အိမ်‌ေထာင်စုတွေကအများကြီး။”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။ မကွေးတိုင်း၊ မင်းဘူးမြို့တွင်လည်း သြဂုတ်…

  • ◼️ချင်းတွင်းမြစ်အတွင်း စကစ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

    ◼️ချင်းတွင်းမြစ်အတွင်း စကစ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

    by

    in

    ◼️ချင်းတွင်းမြစ်အတွင်း စကစ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ ၂၃ စက်တင်ဘာ ||| နွေဦးအသံ ||| စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်၊ အလုံဆိပ်ကမ်းမှ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ သင်္ဘောတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်မှာ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စကစ ရဲ့ သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။ Salingyi Revolution Force SRA ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၉၊ IDIOTS COLUMN ၊ Black Tiger Attack Force…

  • လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား (ရုပ်/သံ)

    လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား (ရုပ်/သံ)

    by

    in

    ◼️လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ထပ်မံကြဲချတိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ ၂၄ စက်တင်ဘာ ||| နွေဦးအသံ ||| ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်၊ မနက် ၁ နာရီခွဲခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ မနက် ၄ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် အဆောက်အဦ၊ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၂ ရှိ…

  • စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး

    စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး

    by

    in

    စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး ရန်ကုန်၊ စက်တင်ဘာ ၂၄ အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အများပြည်သူရှေ့တွင် အမှု စစ်ဆေးခြင်းမရှိဘဲ သေဒဏ်ချမှတ် ကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က သတိပေးလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက်အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ ယန္တရားက ရရှိထားသည့် အချက်အလက်များအရ၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်ကြောင်း ၊တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ်…

  • ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊

    ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊

    by

    in

    ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊ ဘုန်းစိုး/MFP၊ စက်တင်ဘာ -၂၂ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်အုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ရာ နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အသေအပျောက် ရှိသလို လေကြောင်း ဗုံးကြဲခံရလို့ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးကာ ရှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ ၂၀ရက် မနက်အစောပိုင်းက မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ နဲ့ မိုင် ၃၀ကျော်သာ ကွာဝေးတဲ့ ဘုတလင်နယ် ကူတော်ရွာရဲစခန်းကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက…

  • မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ)

    မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ)

    by

    in

    မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၂၃ မန္တလေးတိုင်း၊ မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့ တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြို့သာ ရဲစခန်းမှ မင်းနေကုန်း ရဲစခန်းကို အိမ်စီးကားဖြင့် ထွက်ခွာလာသော မြို့သာ စစ်ကြောရေးမူးနှင့်…

  • ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ

    ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ

    by

    in

    ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ စက်တင်ဘာ ၂၂ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကင်းရွာမှာ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်က ချောင်းကမ်းပါး ပြိုကျမှုကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူက မြေပိလို့သေတာမဟုတ်ဘူး။ မြေပြိုကျတဲ့ နေရာကနေပြီးသူက သပြေပင်ချောင်းထဲကိုကျတာ။ အဲဒီမှာ မိုးရွာတဲ့အချိန်လည်းဖြစ်နေတော့ ချောင်းကရေက ဝုန်းကနဲ စီးချလိုက်တဲ့အချိန်မှာ သူ့ကို ရေလှိုင်းက ရိုက်သလိုဖြစ်ပြီး ကျောက်ဆောင်နဲ့ခေါင်းနဲ့ ရိုက်မိပြီး သေသွားတာ။ အခု မြေပြိုကျတဲ့နေရာက အရင်က ရေကြီးထားတဲ့အခံကလည်း ရှိနေတော့ သဲတွေ ပြိုကျနေတာရှိတယ်”…