ရေတာရှည်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ (ရုပ်/သံ)

by

in

ရေတာရှည်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၂ နှင့်နီးစပ်သော တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖြစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်များကို ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ၇ ကြိမ် ကြဲချတိုက်ခိုက်ခြင်း၊ ၆၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်မှ ဝန်းရံပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ယမန်နေ့ နံနက် ၁၀နာရီ အချိန်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးမှုများရှိကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသော်လည်း အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။