မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ

by

in

မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ
အင်ကြင်း/People’s Spring..

မန္တလေးမြို့တွင် ယနေ့နံနက်က အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့ စက်တင်ဘာ၂၄ရက် နံနက်၂နာရီခန့်က မန္တလေးမြို၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနှင့် ၈၇လမ်းကြားတွင် ၂ထပ် အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ အမျိုးသား၂ဦး၊ အမျိုးသမီး၃ဦး စုစုပေါင်း ၅ ဦး ပိတ်မိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ပိတ်မိသူများအား တစ်နာရီနီးပါး ကယ်ထုတ်ခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
“လက်ရှိ လူနေအဆောက်ဦးအဟောင်းပြိုတာ။ အပေါ်ထပ်က ပြိုကျတာ။အဲတိုက်က နှစ်ပေါင်းများစွာကြာပြီ။အဲထဲနေထိုင်တဲ့အိမ်‌ေထာင်စုတွေကအများကြီး။”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။
မကွေးတိုင်း၊ မင်းဘူးမြို့တွင်လည်း သြဂုတ် ၃ ရက်နေ့က ဆောက်လက်စအဆောက်အဦးပြိုကျမှုဖြစ်ပွားခဲ့သေးသည်။
​(အဆောက်အဦးပြိုကျပြီးနောက် ပိတ်မိသူများအား ကယ်ဆယ်နေစဥ်။ဓါတ်ပုံ-Than Htay၊ MFSD)