◼️ချင်းတွင်းမြစ်အတွင်း စကစ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

by

in

◼️ချင်းတွင်းမြစ်အတွင်း စကစ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ
၂၃ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်၊ အလုံဆိပ်ကမ်းမှ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ သင်္ဘောတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်မှာ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စကစ ရဲ့ သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။
Salingyi Revolution Force SRA ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၉၊ IDIOTS COLUMN ၊ Black Tiger Attack Force ၊ ဘာမထီတော်လှန်ရေးအဖွဲ့၊ Monywa Underground Force ၊ ချင်းတွင်းဒိုင်းနမိုက်နဲ့ တောင်ပံနီ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ SRA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။