လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား (ရုပ်/သံ)

by

in

◼️လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ထပ်မံကြဲချတိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
၂၄ စက်တင်ဘာ ||| နွေဦးအသံ |||
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်၊ မနက် ၁ နာရီခွဲခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ မနက် ၄ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် အဆောက်အဦ၊ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ ရပ်ကွက် ၂ ရှိ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ် တို့ကို စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဟိုတယ် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာအနီးတဝိုက်ကို မနက် ၄ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် Family Cafe အနီးတစ်ဝိုက်ရှိ နေအိမ်၊ အဆောက်အဦများစွာ မီးလောင်ပျက်စီးခဲ့တဲ့အပြင်
အပြစ်မဲ့ပြည်သူ တဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သြဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈၊ ၉၊ ၁၀၊ ၂၁၊ ၂၄ ရက်တွေမှာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးနေတာတွေကြောင့် ဒေသခံပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ Lashio Reconstruction က ‌ဖော်ပြထားတာ တွေ့ရပါတယ်။

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား (ရုပ်/သံ)

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကာ အပျက်အစီးများပြား (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၄
အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ အပျက်အစီးများပြားကြောင်း ဒေသပြည်သူများနှင့် MNDAA ထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်၊ ရထိုက် ဟိုတယ်နှင့် ဖူလီလိုက်ဟိုတယ်ကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အဆောက်အဦတချို့ ပျက်စီးပြီး ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင်လည်း လားရှိုးမြို့ပေါ်သို့ ထပ်မံ၍ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံ ကျဲချခဲ့ကြောင်း ၊ အဆိုပါ ဗုံးကျဲမှုသည် အမှတ် ၂ ရပ် ကွက်၊ ကြက်ကင်ဆိုင်လမ်းအကြား၊ လပ်ကီးရွှေဆိုင်သို့ ကျရောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာ လ ၁၀ ရက်နေ့ နှင့် စက်တင်ဘာလ ၂၁ ရက်နေ့ တို့တွင် လားရှိုးမြို့သို့ လေကြောင်းတိုက်ခိုက်မှုများ အပြင်း အထန် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့်‌ နေရာများကိုလူသားချင်းစာနာမှုမရှိစွာဖြင့် ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့်အပြင် အသက် အိုးအိမ် စည်းစိမ်များထိခိုက်ဆုံးရှုံးနေခြင်းကြောင့် ပြည်သူအများ ထိတ်လန့်တုန်လှုပ် နေကြကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။