မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်/သံ)

by

in

ရန်ကုန်၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်း၊ မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့ တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြို့သာ ရဲစခန်းမှ မင်းနေကုန်း ရဲစခန်းကို အိမ်စီးကားဖြင့် ထွက်ခွာလာသော မြို့သာ စစ်ကြောရေးမူးနှင့် ရဲတပ်သား ၂ ဦး လိုက်ပါလာသော ကား ၁ စီးကို မင်းနေကုန်း ရဲစခန်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း မြို့သာ စစ်ကြောရေးမှူးနှင့် ရဲ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ကားပေါ်မှ G3 ကျည် ၃၇၄ တောင့် ၊ G3 ကျည်ဘောက် ၂ ဘောက် နှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် MGN (TIGER) ညီနောင်မဟာမိတ် ၂ ဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး