Author: admin
-
ကြည့်မြင်တိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ကြည့်မြင်တိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ———————- 7.1.2025 ********** ယမန်နေ့ညနေ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြိုနယ်၊စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့သော ပ-စ်ခ-တ်သ-တ်ဖြ-တ်မှု CCTV မှတ်တမ်း။ #Credit_To_Original ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်အနီး အလုံမြို့နယ်ဘက်ကိုသွားတဲ့အခြမ်းမှာ ကျောပိုးအိတ်နဲ့ ဘေးလွယ်အိတ်အသေး တစ်လုံးလွယ်ထားတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက်ဟာ နဖူးတည့်တည့် ကျည်ထိဒဏ်ရာနဲ့…
-
အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး စတင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ အခိုင်အမာ ထပ်ပြော
အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး စတင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ အခိုင်အမာ ထပ်ပြော ရန်ကုန်၊ ဇန်နဝါရီ ၇ အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးများ ယခုနှစ်အတွင်း စတင်မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အခိုင်အမာ ထပ်မံပြောဆိုလိုက်သည်။ ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ်အတွင်း NUG အတွက် ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်ကြောင်း၊ ထိရောက်သည့် ရလဒ်များ ထွက်စေရန် အပြောင်းအလဲ ပြုလုပ်ခြင်းသာဖြစ်သည်ကို နားလည်စေလိုကြောင်း၊ ဦးတည်ချက်မျာ မူလ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ” ယခု ၂၀၂၅ ခုနှစ်ဟာ…
-
ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင်ကို ပြန်လည် တွေ့ရှိပြီး ထိုင်းရဲချုပ်က သွားရောက် ခေါ်ဆောင်နေ
ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင်ကို ပြန်လည် တွေ့ရှိပြီး ထိုင်းရဲချုပ်က သွားရောက် ခေါ်ဆောင်နေ ရန်ကုန်၊ ဇန်နဝါရီ ၇ ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင် Wang Xing ကို ပြန်လည် တွေ့ရှိပြီး ထိုင်းရဲချုပ်က သွားရောက် လက်ခံခေါ်ဆောင်နေကြောင်း ထိုင်း Khaosod English က သတင်းဖော်ပြသည်။ ယနေ့တွင် ထိုင်းနိုင်ငံ ကလေး၊ အမျိုးသမီးများ၊ မိသားစုနှင့် လူကုန်ကူးမှု တား ဆီးကာကွယ်ရေး ဗဟိုဌာန ဒါရိုက်တာဖြစ်သော ထိုင်း ရဲချုပ် Thatchai Pitaneelabutr က တရုတ်သရုပ်ဆောင် Wang Xing (သို့မဟုတ် Xingxing) ကို လက်ခံရန်သွားရောက်နေကြောင်း၊ အဆိုပါ သရုပ်ဆောင်သည် ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ…
-
ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ…
ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ… ဇန်နဝါရီ ၇ ၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ (၄) ရက်မှာ ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူအမြောက်တပ် (အမတ၃၄၉) ၊ ဇန်နဝါရီလ(၅)ရက်မှာ တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြားတို့မှာ စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဒရုန်း(၁)စီး သိမ်းပိုက်ရရှိခဲ့ပြီး…
-
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ ရန်ကုန်၊ ဇန်နဝါရီ ၇ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိကြောင်း Aung San’s Land Natmauk တာဝန်ခံ ဘာမထီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဒေသ တော်လှန်ရေးတပ်တစ်ခုဖြစ်သော Aung San’s…
-
နေပြည်တော်ရှိ သန်းရွှေ၊ မင်းအောင်လှိုင်၊ သိန်းစိန် အပါအဝင် ခြောက်လုံးတန်းအိမ်နှင့် စစ်ရုံးတို့ကို အရေးပေါ်သီးခြားမီးလိုင်းဖြင့် ၂၄ နာရီ မီးပေးထား ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အပါအဝင် နေပြည်တော် မြို့နယ်များတွင် အလှည့်ကျမီးပေးစနစ်ကျင့်သုံး
နေပြည်တော်ရှိ သန်းရွှေ၊ မင်းအောင်လှိုင်၊ သိန်းစိန် အပါအဝင် ခြောက်လုံးတန်းအိမ်နှင့် စစ်ရုံးတို့ကို အရေးပေါ်သီးခြားမီးလိုင်းဖြင့် ၂၄ နာရီ မီးပေးထား ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အပါအဝင် နေပြည်တော် မြို့နယ်များတွင် အလှည့်ကျမီးပေးစနစ်ကျင့်သုံး ရန်ကုန်၊ ဇန်နဝါရီ ၇ နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အပါအဝင် မြို့နယ်များအားလုံးကို အလှည့်ကျမီးပေးထားသော်လည်း စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ လက်ရှိ စစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်၊ သမ္မတဟောင်း သိန်းစိန် အပါအဝင် ခြောက်လုံးတန်း ဗိုလ်ချုပ်ကြီးများ၏ အိမ်များနှင့် ဇေယျာသီရိရှိ စစ်ရုံးတို့ကို အရေးပေါ်သီးခြားမီးလိုင်းဖြင့် ၂၄ နာရီ မီးပေးထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၆ ရက်နေ့မှစတင်၍ နေပြည်တော်ရှိ…
-
လျှပ်စစ်မီး အလွန်ဆိုးရွားစွာ ပြတ်တောက်နေသည့် ရန်ကုန်တွင် ဂျိုးဖြူရေပါ ပြတ်တောက်သွားပြီး အနည်းဆုံး ၃ ရက်ကြာ ဂျိုးဖြူရေ ပြတ်မည်ဟုဆို
လျှပ်စစ်မီး အလွန်ဆိုးရွားစွာ ပြတ်တောက်နေသည့် ရန်ကုန်တွင် ဂျိုးဖြူရေပါ ပြတ်တောက်သွားပြီး အနည်းဆုံး ၃ ရက်ကြာ ဂျိုးဖြူရေ ပြတ်မည်ဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၇ ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် လျှပ်စစ်မီးရရှိမှု ၄ နာရီအောက်သာ ရရှိနေချိန်တွင် ယမန်နေ့မှစတင်၍ ဂျိုးဖြူရေပါ လုံး၀ ပြတ်တောက်သွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ မြို့နယ်များအားလုံးတွင် ဂျိုးဖြူရေများ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ဂျိုးဖြူရေကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းအထိ ဂျိုးဖြူရေ ပြတ်တောက်နေမည်ဟု ရန်ကုန်စည်ပင်က အသိပေးလာကြောင်း ရန်ကုန်မြို့ခံ…
-
ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး
ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး ရောင်နီ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံး ပြီးနောက် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ပြီးစစ်ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံ က သိရသည်။ ကြည်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ စာတိုက်ကားမှတ်တိုင်အနီး၌ ယနေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်း ဖြစ်သည်။ “ ညနေက စာတိုက်မှတ်တိုင်နားမှာ အမျိုးသားတယောက် သေနတ်နဲ့ပစ်ခံရတာ။ နေရာမှာပဲ သေသွား တယ်” ဟု ဒေသခံတဦးက ပြောသည်။ သေဆုံးသူသည် အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသားဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် နေရာ တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများရောက်လာကာ ကမ်းနားလမ်း…
-
အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်…
အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်… ဇန်နဝါရီ ၆၊ ၂၀၂၅ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နားက ဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကြားက တောင်ဇောက်တောင် အမြောက်စခန်းကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီလို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ အဲ့ဒီ တောင်ဇောက်တောင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု အများအပြားနဲ့ နောက်ဆုတ်သွားသလို အရှင်ဖမ်းမိသူတွေလည်း ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ AA အနေနဲ့ တောင်ဇောက်တောင်ရွာမှာ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ တောင်ဇောက်တောင်စခန်းသိမ်းတိုက်ပွဲမှာ…
-
နေပြည်တော်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အသုံးပြုလာ
လက်နက်ကိုင်အင်အား နည်းလာသော စစ်တပ်က နေပြည်တော်တွင် ဝန်ထမ်းများကို စစ်သင်တန်းပေး၊ စစ်မှုထမ်းဟောင်းတို့ကို ထုတ်သုံးရုံတင်မက ပြည်သူ့စစ်များဖြင့် လုံခြုံရေး အားဖြည့်ထားသည်။ စစ်ကောင်စီခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်တွင် ယူနီဖောင်းဝတ်ပြည်သူ့စစ်များကို စတင်အသုံးပြုလာသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောကြသည်။ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီ ၃ ရက်နေ့က ပျဉ်းမနား-တောင်ညိုလမ်းမ အပါအဝင် နေရာအများစုတွင် အပြာရင့်ရောင်ဝတ်စုံဝတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ကို သုံးယောက်တစ်တွဲစီဖြင့် လူမြင်ကွင်း၌ လုံခြုံရေးချထားခဲ့သည်ကို မြို့ခံများက တွေ့မြင်ခဲ့ရသည်။ လမ်းမကြီးပေါ်တွင် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ တုတ်ကိုင်ပြီး မတ်တပ်ရပ်နေကြသော ပြည်သူ့စစ်များကို စစ်ကားများဖြင့် အကြိုအပို့ လုပ်ပေးသည်ကိုလည်း တွေ့ခဲ့ရသည်ဟု နေပြည်တော်ဒေသခံတို့က ဆိုသည်။ ၈ မြို့နယ်ရှိသည့် နေပြည်တော်တွင်…