-
တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်မှုထမ်းသင်တန်းများ ပုံမှန် ဖွင့်လှစ်သွားနိုင်ပါက နိုင်ငံလုံခြုံရေး ကောင်းမွန်လာမည်ဟု စစ်ကောင်စီ၏ နံပါတ် ၃ ခေါင်းဆောင် ကျော်စွာလင်း ပြော
တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်မှုထမ်းသင်တန်းများ ပုံမှန် ဖွင့်လှစ်သွားနိုင်ပါက နိုင်ငံလုံခြုံရေး ကောင်းမွန်လာမည်ဟု စစ်ကောင်စီ၏ နံပါတ် ၃ ခေါင်းဆောင် ကျော်စွာလင်း ပြော ရန်ကုန်၊ ဇူလိုင် ၄ မြန်မာနိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ်ဖြစ်ပွားနေသည့် စစ်မှုထမ်းသင်တန်းများကို ပုံမှန်ဖွင့်လှစ်သွားနိုင်ပါက နိုင်ငံလုံခြုံရေးကောင်းမွန်လာမည်ဟု စစ်ကောင်စီ၏ နံပါတ် ၃ ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး ၂/၂၀၂၅ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ စစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးလည်းဖြစ်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းများကို…
-
ပြင်ဦးလွင်ကလာတဲ့စစ်တပ်စစ်ကြောင်း ရှေ့တိုးလာပြီး နောင်ချိုနဲ့ ပိုနီးလာ
ပြင်ဦးလွင်ကလာတဲ့စစ်တပ်စစ်ကြောင်း ရှေ့တိုးလာပြီး နောင်ချိုနဲ့ ပိုနီးလာ ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ ပြင်ဦးလွင်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချ ထားတဲ့ ဝက်ဝံဂိတ်ကနေ တက်လာတဲ့ စစ်ကြောင်းဟာဇူလိုင် ၂ ရက်ကအုမ္မခါးကျေးရွာကိုကျော်လွန်လာပြီလို့ နောင်ချိုမြို့ခံတွေကပြောပါတယ်။လတ် တလောမှာ စစ်ကောင်စီတပ်က ကျောက်ကြမ်းရွာကို ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ကျောက်ကြမ်းရွာဟာနောင်ချိုမြို့နဲ့ လေးမိုင်လောက်ပဲ ကွာဝေးပါတယ်။ ကျောက်ကြမ်းရွာနဲ့ နောင်ချိုမြို့ကြားမှာ သဖန်းကိုင်းကျေးရွာ ကျန်ရှိနေပါသေးတယ်။ ကျောက်ကြမ်းရွာအကျော်လေးမှာတော့တော်လှန် ရေးတပ်တွေ အလွယ်တကူသိမ်းပိုက်ထားတဲ့ အ မှတ်(၁၁၄)ခြေမြန်တပ်ရင်း(ခလရ-၁၁၄)တပ် ရှိပါတယ်။ “ကျောက်ကြမ်းထိရောက်လာပြီလို့ ကြားတယ်။ ကျောက်ကြမ်းဆိုရင် မြို့အခြေပဲလေ”လို့ နောင်ချိုမြို့ခံတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မြို့တောင်ဘက်မှာလည်း တောင်းခမ်းဒေသကနေလာတဲ့…
-
ကပစစက်ရုံများကို PDFနှင့် SAF ပူးပေါင်းချေမှုန်းမည်
ကပစစက်ရုံများကို PDFနှင့် SAF ပူးပေါင်းချေမှုန်းမည် 4 July 2025 By Nway / MPA စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များကို တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် PDFတပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ဆင်သွားမည်ဖြစ်ကြောင်း ကျောင်းသားတပ်ဦး/ကျောင်းသား လက်ရုံးတပ်တော်က ဆိုသည်။ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် ( SF / SAF )ဗဟိုဦးဆောင်ကော်မတီဝင်များသည် ဇွန်၂၉ရက်တွင် အွန်လိုင်းမှနေ၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး မဟာဗျူဟာအဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။ ” ဒီနှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့၊ အထူးသဖြင့် စစ်ကောင်စီရဲ့ ကပစတွေကို တိုက်ခိုက်ချေမှုန်းဖို့ ၊PDF တပ်မတော်နဲ့ စစ်ဆင်ရေးရည်မှန်းချက်တွေအတွက် တွေ့ဆုံတာပါ။ အဓိကက မကွေးအနောက်ခြမ်းဒေသတွေမှာ ရှေ့ကို ဆက်ပြီး နေရာယူသွားနိုင်ဖို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ် ”…
-
လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု
လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု ဧရာဝတီတိုင်းမ် ဇူလိုင် ၄ ရက် တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်ရသည့် လားရှိုးမြို့တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြိုင် စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီက လားရှိုးမြို့အတွင်း အင်အားဖြည့် တင်းနေသည့်အပြင် လားရှိုးမြို့အဝင် ခလရ ၄၁ အနီးရှိ ၄၁ ဂိတ်တွင် အမြောက်လက်နက်ကြီးများ တပ်ဆင်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့အဝင် အချက်အခြာကျတဲ့ နေရာမှာ လက်နက်ကြီး တွေတပ်ဆင်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ရေးအရ အချက်အခြာကျသည့် ၄၁ ဂိတ်တွင် လက်နက်ကြီး အမြောက်အများ တပ်ဆင်ထားပြီး…
-
စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ ဇူလိုင် ၄၊ ၂၀၂၅ မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။ ဇူလိုင်လ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ငါးဆောင်ရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ငါးဆောင်ရွာအနီး လမ်းခုလတ် တစ်နေရာမှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။ “ဦးခေါင်းကို ဖောင်းဒိုင်း၂ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ သူအုပ်ကြီးလုပ်တာ ၇လနီးပါးရှိပြီ။ သူ့ကိုရှင်းလင်းဖို့ အချိန်အားဖြင့် နာရီပိုင်းပဲကြာခဲ့တယ်” လို့ မကွေးပြောက်ကျားတပ်ဖွဲ့မှ ကံကြီးမောင်က မောင်းကိုပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊…
-
မြင်းခြံတွင် ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ် ကြောင်း တစ်ခုလုံး ပျက်စီး ထွက်ပြေး၊ စစ်သုံ့ပန်း ၄ ဦးနှင့် ရိက္ခာတင် ကား ၁ စီးပါသိမ်းပိုက်ရရှိ
မြင်းခြံတွင် ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ် ကြောင်း တစ်ခုလုံး ပျက်စီး ထွက်ပြေး၊ စစ်သုံ့ပန်း ၄ ဦးနှင့် ရိက္ခာတင် ကား ၁ စီးပါသိမ်းပိုက်ရရှိ ရန်ကုန်၊ ဇူလိုင် ၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး ထွက်ပြေးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွားကားလမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင်…
-
ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို
ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို ဇူလိုင် ၄ ၊ ၂၀၂၅ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ ဖားဆောင်းမြို့စောင့်တပ်တွေအဖြစ် စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တို့ အခြေစိုက်တပ်စွဲထားပြီး ဒီနေ့မှာတော့ ခလရ ၁၃၄ ဗဟိုကင်းအရှေ့မှာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက မှတ်တမ်း ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။ “ဒီလိုအောင်မြင်မှု့တွေဟာ ကျနော်တို့ ကရင်နီစစ်သည်တိုင်းရဲ့ ရှေ့ လယ် နောက် အားလုံးကြိုးစားမှု့ကြောင့်သာဖြစ်တယ်၊ အားလုံးကို လေးစားပါတယ်၊ အလေးပြုပါတယ်၊ တိုက်ပွဲတွင်းမှာ…
-
တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို
တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို 4 July 2025 By Ko Myo/MPA တော်လှန်ရေးတပ်တို့၏ ကာမီကာဇေအသေခံဒရုန်းဖြင့် တိုက်ခိုက်မှုဒဏ်ကို ဝေါ်လေနှင့် ဥကရစ်ထ တပ်စခန်းအတွင်းရှိ စစ်သားများ မရှုမလှခံနေရကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါ်လေဗျူဟာကုန်းကို ဇူလိုင်နှစ်ရက်တွင် KNLAဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်သုံးရက်မှစတင်ကာ ဝေါ်လေဗျူဟာကုန်းနှင့် ၉မိုင်ခန့်သာကွာဝေးသည့် ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်း PDFသတင်းရင်းမြစ်ထံက သိရသည်။ “ပထမပိတ်ဆို့ဖြတ်တောက်တယ်။ပြီးတော့ တိုက်ပွဲခေါ်သံကို ဒရုန်းတွေနဲ့ ဝင်ကျုံးပြီး ဖွင့်လှစ်လိုက် တယ်။ဥကရစ်ထမှာ ကာမီကာဇေတွေကြောင့် စစ်သားတွေ တော်တော်အထိနာတယ်လို့ သိရတယ်။ ဒီနေ့(ဇူလိုင်လေးရက်)မနက် အခြေအနေတော့ မသိရသေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။ လေးကေ့ကော်-ဝေါ်လေကားလမ်းမပေါ်ရှိ ဥကရစ်ထ…
-
ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံရသည့် နေရာ မေးခွန်းထုတ်စရာဖြစ်လာ
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသည်ဆိုသည့် အချက်ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်များက အထူး လျှို့ဝှက်ထားသည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက နေပြည်တော် အချုပ်ထောင်မှ အခြားနေရာတခုဆီသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း နေပြည်တော် အချုပ်ထောင်နှင့် စစ်တပ် သတင်းအရင်းအမြစ်တချို့ကဆိုသည်။ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ မတ်လကတည်းက ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ကဆိုသည်။ မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကို မသိရှိရဘဲ ယင်းအချက်မှာ အများပြည်သူ စိတ်ဝင်စားနေသည့် အချက်လည်း ဖြစ်နေသည်။ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် ၁၄မိုင်အကွာတွင် တည်ရှိသည့် စစ်ဘက်ဆိုင်ရာ နေရာတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဟု စုံစမ်းသိရှိရကြောင်း ဇွန် ၂၆ရက်နေ့က ထုတ်ပြန်လာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် စစ်ဆင်ရေး…
-
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး ရန်ကုန်၊ ဇူလိုင် ၄ အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီး အလောဘွမ်တိုက်ပွဲအတွင်း KIA က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ရာ လေယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း ၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သန်းထွန်းလင်း ၊…