-
လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု
လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု ဧရာဝတီတိုင်းမ် ဇူလိုင် ၄ ရက် တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်ရသည့် လားရှိုးမြို့တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြိုင် စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီက လားရှိုးမြို့အတွင်း အင်အားဖြည့် တင်းနေသည့်အပြင် လားရှိုးမြို့အဝင် ခလရ ၄၁ အနီးရှိ ၄၁ ဂိတ်တွင် အမြောက်လက်နက်ကြီးများ တပ်ဆင်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့အဝင် အချက်အခြာကျတဲ့ နေရာမှာ လက်နက်ကြီး တွေတပ်ဆင်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ရေးအရ အချက်အခြာကျသည့် ၄၁ ဂိတ်တွင် လက်နက်ကြီး အမြောက်အများ တပ်ဆင်ထားပြီး…
-
စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ ဇူလိုင် ၄၊ ၂၀၂၅ မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။ ဇူလိုင်လ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ငါးဆောင်ရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ငါးဆောင်ရွာအနီး လမ်းခုလတ် တစ်နေရာမှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။ “ဦးခေါင်းကို ဖောင်းဒိုင်း၂ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ သူအုပ်ကြီးလုပ်တာ ၇လနီးပါးရှိပြီ။ သူ့ကိုရှင်းလင်းဖို့ အချိန်အားဖြင့် နာရီပိုင်းပဲကြာခဲ့တယ်” လို့ မကွေးပြောက်ကျားတပ်ဖွဲ့မှ ကံကြီးမောင်က မောင်းကိုပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊…
-
မြင်းခြံတွင် ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ် ကြောင်း တစ်ခုလုံး ပျက်စီး ထွက်ပြေး၊ စစ်သုံ့ပန်း ၄ ဦးနှင့် ရိက္ခာတင် ကား ၁ စီးပါသိမ်းပိုက်ရရှိ
မြင်းခြံတွင် ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ် ကြောင်း တစ်ခုလုံး ပျက်စီး ထွက်ပြေး၊ စစ်သုံ့ပန်း ၄ ဦးနှင့် ရိက္ခာတင် ကား ၁ စီးပါသိမ်းပိုက်ရရှိ ရန်ကုန်၊ ဇူလိုင် ၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး ထွက်ပြေးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွားကားလမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင်…
-
ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို
ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို ဇူလိုင် ၄ ၊ ၂၀၂၅ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ ဖားဆောင်းမြို့စောင့်တပ်တွေအဖြစ် စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တို့ အခြေစိုက်တပ်စွဲထားပြီး ဒီနေ့မှာတော့ ခလရ ၁၃၄ ဗဟိုကင်းအရှေ့မှာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက မှတ်တမ်း ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။ “ဒီလိုအောင်မြင်မှု့တွေဟာ ကျနော်တို့ ကရင်နီစစ်သည်တိုင်းရဲ့ ရှေ့ လယ် နောက် အားလုံးကြိုးစားမှု့ကြောင့်သာဖြစ်တယ်၊ အားလုံးကို လေးစားပါတယ်၊ အလေးပြုပါတယ်၊ တိုက်ပွဲတွင်းမှာ…
-
တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို
တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို 4 July 2025 By Ko Myo/MPA တော်လှန်ရေးတပ်တို့၏ ကာမီကာဇေအသေခံဒရုန်းဖြင့် တိုက်ခိုက်မှုဒဏ်ကို ဝေါ်လေနှင့် ဥကရစ်ထ တပ်စခန်းအတွင်းရှိ စစ်သားများ မရှုမလှခံနေရကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါ်လေဗျူဟာကုန်းကို ဇူလိုင်နှစ်ရက်တွင် KNLAဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်သုံးရက်မှစတင်ကာ ဝေါ်လေဗျူဟာကုန်းနှင့် ၉မိုင်ခန့်သာကွာဝေးသည့် ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်း PDFသတင်းရင်းမြစ်ထံက သိရသည်။ “ပထမပိတ်ဆို့ဖြတ်တောက်တယ်။ပြီးတော့ တိုက်ပွဲခေါ်သံကို ဒရုန်းတွေနဲ့ ဝင်ကျုံးပြီး ဖွင့်လှစ်လိုက် တယ်။ဥကရစ်ထမှာ ကာမီကာဇေတွေကြောင့် စစ်သားတွေ တော်တော်အထိနာတယ်လို့ သိရတယ်။ ဒီနေ့(ဇူလိုင်လေးရက်)မနက် အခြေအနေတော့ မသိရသေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။ လေးကေ့ကော်-ဝေါ်လေကားလမ်းမပေါ်ရှိ ဥကရစ်ထ…
-
ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံရသည့် နေရာ မေးခွန်းထုတ်စရာဖြစ်လာ
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသည်ဆိုသည့် အချက်ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်များက အထူး လျှို့ဝှက်ထားသည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက နေပြည်တော် အချုပ်ထောင်မှ အခြားနေရာတခုဆီသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း နေပြည်တော် အချုပ်ထောင်နှင့် စစ်တပ် သတင်းအရင်းအမြစ်တချို့ကဆိုသည်။ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ မတ်လကတည်းက ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ကဆိုသည်။ မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကို မသိရှိရဘဲ ယင်းအချက်မှာ အများပြည်သူ စိတ်ဝင်စားနေသည့် အချက်လည်း ဖြစ်နေသည်။ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် ၁၄မိုင်အကွာတွင် တည်ရှိသည့် စစ်ဘက်ဆိုင်ရာ နေရာတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဟု စုံစမ်းသိရှိရကြောင်း ဇွန် ၂၆ရက်နေ့က ထုတ်ပြန်လာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် စစ်ဆင်ရေး…
-
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံး ရန်ကုန်၊ ဇူလိုင် ၄ အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်လေယာဉ်၊ရဟတ်ယာဉ်များနှင့်အတူ ဗိုလ်မှူးချုပ် ၁ ဦး အပါအဝင် စစ်သား ၄၃ ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီး အလောဘွမ်တိုက်ပွဲအတွင်း KIA က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ရာ လေယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း ၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သန်းထွန်းလင်း ၊…
-
ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်
ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန် ဇူလိုင် ၃၊ ၂၀၂၅ ပြီးခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၇ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တောင်ဒဂုံတရားရုံးမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို M79 အဝေးပစ်လောင်ချာနဲ့ ၄၀ မမ ဗုံးသီး ၂လုံး ပစ်ခတ်မှုကို Yangon Army…
-
ညောင်ဦးမြို့နယ်တိုက်ပွဲမှာတော်လှန်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံး
ညောင်ဦးမြို့နယ်တိုက်ပွဲမှာတော်လှန်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံး ဇွန်-၃၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက်ဒေသတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။ ဇွန်လ၂ရက် မနက်ပိုင်းမှာ ငါ့သရောက်မြို့တောင်ဘက်က (၅)မိုင်ခန့်အကွာမှာရှိတဲ့တောင်တောရွာ၊ ရွာပုလဲရွာ နဲ့ဖလန်ကန် ကျေးရွာကြားတွေမှာ တော် လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ “ကင်းပုံးနဲ့ တွေ့ပြီးကိုယ့်ဘက်ကကျွံသလိုဖြစ်သွား တာ။အဲဒီမှာရဲဘော်တွေ ကျတာပဲ။ပြန့်လာတဲ့ပုံတွေက ကျွန် တော်တို့ရဲဘော်တွေဆိုတာ မှန်ပါတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့က အကျဆုံးပိုများခဲ့သလို မြင်းခြံခရိုင်တပ်ရင်း (၃) မှရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း(၃)တာဝန်ရှိသူက အတည်ပြုပါတယ်။ ဒေသတော်လှန်ရေးတပ်တွေနဲ့ရင်းစပ်သူတစ်ဦးကတော့ ပုဂံပြည်ဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ အများဆုံးကျဆုံးတာလို့ ပြောပါတယ်။ ဒါ့အပြင် ရဲဘော်နှစ်ဦးလည်း ဖမ်းဆီးခံရသေးတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့…
-
နေပြည်တော်၊ Non-CDM ဝန်ထမ်း ၁ သောင်းနီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်း ကျော် စစ်ကောင်စီက ပြန်တောင်းခံ၊ ငလျင်ဘေးသင့် ဝန်ထမ်းများက စစ်တပ်တောင်းသော ငွေပြန်မပေးနိုင်တော့၍ ဒုက္ခရောက်နေ
နေပြည်တော်၊ Non-CDM ဝန်ထမ်း ၁ သောင်းနီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်း ကျော် စစ်ကောင်စီက ပြန်တောင်းခံ၊ ငလျင်ဘေးသင့် ဝန်ထမ်းများက စစ်တပ်တောင်းသော ငွေပြန်မပေးနိုင်တော့၍ ဒုက္ခရောက်နေ ရန်ကုန်၊ ဇူလိုင် ၄ နေပြည်တော်၊ ဝန်ကြီးဌာနပေါင်းစုံရှိ ဦးစီးဌာန ၃၂ ခုတွင် အလုပ်လုပ်ကိုင်နေသည့် Non-CDM ဝန်ထမ်း ၁ သောင်း နီးပါးထံမှ ငလျင်ထောက်ပံ့ကြေး ၁ ဦးလျှင် ငွေကျပ် ၇ သောင်းကျော် စစ်ကောင်စီက ပြန်လည်တောင်းခံလာကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်း ၁ ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ ၊…