MYIA MM

    • Sample Page
Illustration of a bird flying.
  • လားရှိုး နယ်မြေပိုင်းခြားရေး စစ်ကောင်စီနှင့် MNDAA ဆွေးနွေး

    လားရှိုး နယ်မြေပိုင်းခြားရေး စစ်ကောင်စီနှင့် MNDAA ဆွေးနွေး

    တရုတ်အစိုးရ၏ ဖိအားဖြင့် ကူမင်း၌ စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်သစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးပွဲ ပြန်စရာ လားရှိုးမြို့အား နယ်မြေပိုင်းခြားထိန်းချုပ်ရေးအပေါ် အဓိက ဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ၃ ရက် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှု ပထမနေ့၌ စစ်ကောင်စီ ကိုယ်စားလှယ်က ၎င်းတို့ သတ်မှတ်ထားသည့် လားရှိုး မြို့နယ် နယ်မြေအားလုံး ပြန်ပေးရန် တောင်းဆိုခဲ့ပြီး MNDAA ကိုယ်စားလှယ်ဘက်မှမူ လားရှိုးမြို့ပေါ် ရပ်ကွက် တချို့သာ ပေးအပ်မည်ဆိုခြင်းကြောင့် ရလဒ်တစုံတရာ မထွက်ပေါ်ဘဲ တင်းမာမှု ဖြင့် ပြီးဆုံးခဲ့ကြောင်း လားရှိုး အခြေစိုက် MNDAA ဗဟိုကော်မတီဝင်များနှင့် နီးစပ်သူအမျိုးသားတဦးက ဧရာဝတီကို ပြောသည်။ ၎င်းက “ MNDAA က စစ်ပွဲနိုင်ထားတဲ့သူဖြစ်တဲ့အတွက် စစ်ကောင်စီကို အထက်စီးကနေ…

    March 23, 2025
  • ပန်းဘဲတန်းရှိ တိတ်ရှိန် ရွှေဆိုင်တွင် ဓားပြတိုက်သူများကို ဖမ်းမိ

    ပန်းဘဲတန်းရှိ တိတ်ရှိန် ရွှေဆိုင်တွင် ဓားပြတိုက်သူများကို ဖမ်းမိ

    ပန်းဘဲတန်းရှိ တိတ်ရှိန် ရွှေဆိုင်တွင် ဓားပြတိုက်သူများကို ဖမ်းမိ ———————————- ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန် ရွှေဆိုင်မှာ သေနတ်ပြပြီး ဓားပြဝင်တိုက်သူ အမျိုးသား လေးယောက်ကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းမိပြီ ဖြစ်တယ်လို့ တိတ်ရှိန် ရွှေဆိုင်က တာဝန်ရှိသူတစ် ယောက်က One News ကို အတည်ပြု ပြောပါတယ်။ အခင်းဖြစ်စဉ်ကတော့ မတ်လ ၂၃ ရက်၊ မနက် ၉ နာရီအချိန်လောက်က ဆိုင်ရှင် နဲ့ ဆိုင်ဝန်ထမ်းတွေ ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား လေးယောက် ဆိုင်အတွင်း ဝင်လာပြီးတော့ တစ်ယောက်က သေနတ်နဲ့ ထုတ်ချိန်ကာ…

    March 23, 2025
  • စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

    စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

    စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး မတ် ၂၃၊ ၂၀၂၅ စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပြီး အကျပ်အတည်းထဲ ကျရောက်နေတဲ့ မြန်မာ့အရေးအတွက် အဖြေရှာနိုင်ဖို့ ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံခန့်သာ ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီက…

    March 23, 2025
  • မန္တလေးမြို့တွင် စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်ဖြင့်လိုက်လံ နှိုးဆော်

    မန္တလေးမြို့တွင် စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်ဖြင့်လိုက်လံ နှိုးဆော်

    မန္တလေးမြို့တွင် စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်ဖြင့်လိုက်လံ နှိုးဆော် နွေဦးအောင် (မဇ္ဈိမ)။ ။ စစ်မှုထမ်းဥပဒေဖြင့် အကျုံးဝင်သည့် အမျိုးသားများ စစ်မှုထမ်း မဲနှိုက်ရွေးချယ်သည့်‌ေနရာသို့ လာရောက်ရန် ယနေ့ (မတ် ၂၃ ရက်) နံနက် ၈နာရီခန့်မှစတင်၍ မန္တလေးမြို့တွင်းရှိ ရပ်ကွက်အချို့တွင် အသံချဲ့စက်ဖြင့် နှိုးဆော်နေကြောင်း မြို့ခံများကပြောသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်များဦးဆောင်ကာ စစ်မှုထမ်း အမှတ်စဉ် (၁၂) အတွက် ရတနာဘုမ္မိ ၊စိန်ပန်း ၊ပတ္တာ ၊ပတ္တမြားတော ၊ညောင်ကွဲနှင့် သမန်းကုန်း စသည့်ရပ်ကွက်များတွင် ဆော်ဩနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ရပ်ကွက်ကတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ညကြီးလာတယ်။ စစ်မှုထမ်းမယ့် အသက်အရွယ်‌တွေမေးပြီး စာရင်းကောက်တာခံလိုက်ရတယ်။ အသက် ၂၀နဲ့၂၅နှစ်အရွယ် သားနှစ်ဦးလုံးပါတယ်။မဲနှိုက်ရမယ်ပြောတယ်။ ရှောင်လို့ မရဘူး။ထွက်မပြေးရဘူး‌လို့ ပြောသွားတယ်။ အခု မဲနှိုက်ရမယ်ဆိုပြီးစက်နဲ့ လာအော်‌ေနပြီ။…

    March 23, 2025
  • ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို

    ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို ရန်ကုန်၊ မတ် ၂၃ ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာလမ်းနှင့် ၂၈ လမ်းကြားရှိ တိတ် ရှိန် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများပါသွားကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ ယနေ့မတ်လ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာ လမ်း နှင့် ၂၈ လမ်းကြား အမှတ် ၅၀၇/၅၀၉ အခန်း ၇ တွင်ဖွင့်လှစ်ထားသော တိတ်ရှိန်ရွှေဆိုင်ကို လူအချို့က ဝင်ရောက်ဓားပြတိုက်ရာ ရွှေထည်အချို့ပါသွားပြီး ယင်းအမှုနှင့်ပတ်သက်၍ ရဲနှင့်စစ်တပ်က စစ်ဆေးနေကြောင်း သိရသည်။ “ဓားပြတိုက်ခံရတာမှန်ပါတယ်။ ရွှေထည်အချို့ပါသွားတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့…

    March 23, 2025
  • လုပ်ငန်းရှင်သူဌေးများက နိုင်ငံခြားသား အလုပ်သမားများအတွက် ၂% EPF အလှူငွေ တစ်နှစ်ရွှေ့ဆိုင်းပေးရန် တောင်းဆို

    လုပ်ငန်းရှင်သူဌေးများက နိုင်ငံခြားသား အလုပ်သမားများအတွက် ၂% EPF အလှူငွေ တစ်နှစ်ရွှေ့ဆိုင်းပေးရန် တောင်းဆို

    လုပ်ငန်းရှင်သူဌေးများက နိုင်ငံခြားသား အလုပ်သမားများအတွက် ၂% EPF အလှူငွေ တစ်နှစ်ရွှေ့ဆိုင်းပေးရန် တောင်းဆို ၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက် ကွာလာလမ်ပူ – ကုန်ထုတ်လုပ်မှု ကဏ္ဍသည် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ကုန်ကျစရိတ် မြင့်တက်မှုများစွာ ကြောင့် နိုင်ငံခြားသား အလုပ်သမားများအတွက် စီစဉ်ထားသည့် ၂ ရာခိုင်နှုန်း ဝန်ထမ်းများ စုဆောင်းငွေ ရန်ပုံငွေ (EPF) အလှူငွေကို တစ်နှစ် ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားသည်။ မလေးရှား ထုတ်လုပ်သူများ အဖွဲ့ချုပ် (FMM) ၏ ဥက္ကဋ္ဌ တန် ဆရီ ဆို သီယန် လိုင်က၊ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်သည့် စည်းမျဉ်းကာလ ၄ (RP4) အရ လျှပ်စစ်မီတာ အခြေခံနှုန်းထားများ…

    March 23, 2025
  • အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

    အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

    အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည် မတ် ၂၃၊ ၂၀၂၅ စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ NSPNC ၊ EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄…

    March 23, 2025
  • ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော

    ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော

    ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောင်နေစဉ် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုကြောင့် တိုင်းပြည် တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင်ပြော မတ် ၂၃၊ ၂၀၂၅ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေက ပြည်ပရဲ့ ဖိအားပေးမှုတွေကြောင့် ဆက်ပြီးရှိနေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီပဋိပက္ခတွေကြောင့် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသလို စည်းလုံးမှုမရှိရင် ဘယ်နိုင်ငံရေးစနစ်ကမှ စိတ်ချမ်းသာမှု ပေးနိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဗဟုဝင်ရိုးခေတ်ကြီးမှာ ပါဝါအရွေ့တွေ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာတဲ့အတွက် ပြည်တွင်းတည်ငြိမ်ရေးဟာ အဓိကကျပြီး သတင်းတု…

    March 23, 2025
  • ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

    ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

    ဂန့်ဂေါ၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး ရန်ကုန်၊ မတ် ၂၃ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်း ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁…

    March 23, 2025
  • ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ

    ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ

    ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ မတ်-၂၀၊၂၀၂၅။ကဖေး/People’s Spring အာရက္ခတပ်​တော် (AA) ကစစ်တွေနှင့်ကျောက် ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက် လက်ထိုးစစ်ဆင်​တိုက်လိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီး စစ်​ကောင်စီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်း၊ လက်နက် ကြီး နှင့် ဒရုန်းအသုံးပြု၍တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ AAက စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိစစ်တပ်စခန်းများ၊တပ် ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်​နေရာ မတ်လ ၂၂ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေ သည်။ “စစ်တွေမှာဆိုAA မြို့အနားကပ်မလာနိုင်အောင် စစ်ကောင်စီက မြို့ပတ်ချာလည်ကို ပစ်ခတ်နေတဲ့အနေအထားပါ။ AAကလည်း လက်နက်ကြီးတွေ အားသုံးပြီး ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူး။ AAတက်မလာအောင်ကာပစ်နေရတဲ့အနေအထားပါ” ဟုစစ်ရေးသတင်းရင်း မြစ်ကပြောသည်။ တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နှင့်ဆက်စပ်နေသော ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ်…

    March 23, 2025
←Previous Page
1 … 108 109 110 111 112 … 203
Next Page→

MYIA MM

Proudly powered by WordPress