မန္တလေးမြို့တွင် စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်ဖြင့်လိုက်လံ နှိုးဆော်

by

in

မန္တလေးမြို့တွင် စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်ဖြင့်လိုက်လံ နှိုးဆော်
နွေဦးအောင်

(မဇ္ဈိမ)။ ။ စစ်မှုထမ်းဥပဒေဖြင့် အကျုံးဝင်သည့် အမျိုးသားများ စစ်မှုထမ်း မဲနှိုက်ရွေးချယ်သည့်‌ေနရာသို့ လာရောက်ရန် ယနေ့ (မတ် ၂၃ ရက်) နံနက် ၈နာရီခန့်မှစတင်၍ မန္တလေးမြို့တွင်းရှိ ရပ်ကွက်အချို့တွင် အသံချဲ့စက်ဖြင့် နှိုးဆော်နေကြောင်း မြို့ခံများကပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်များဦးဆောင်ကာ စစ်မှုထမ်း အမှတ်စဉ် (၁၂) အတွက် ရတနာဘုမ္မိ ၊စိန်ပန်း ၊ပတ္တာ ၊ပတ္တမြားတော ၊ညောင်ကွဲနှင့် သမန်းကုန်း စသည့်ရပ်ကွက်များတွင် ဆော်ဩနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရပ်ကွက်ကတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ညကြီးလာတယ်။ စစ်မှုထမ်းမယ့် အသက်အရွယ်‌တွေမေးပြီး စာရင်းကောက်တာခံလိုက်ရတယ်။ အသက် ၂၀နဲ့၂၅နှစ်အရွယ် သားနှစ်ဦးလုံးပါတယ်။မဲနှိုက်ရမယ်ပြောတယ်။ ရှောင်လို့ မရဘူး။ထွက်မပြေးရဘူး‌လို့ ပြောသွားတယ်။ အခု မဲနှိုက်ရမယ်ဆိုပြီးစက်နဲ့ လာအော်‌ေနပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာမသိ‌ေသးဘူး။”ဟု မြို့ခံတဦးက ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေဖြင့် အကြုံးဝင်နေသူများ၏ မိသားစုများမှာ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
“မဲနှိုက်ပေါက်ရင် သင်တန်းတက်ဖို့ တခါတည်းခေါ်မယ်လို့လည်းကြားတယ်။ အခုက ပေါ်တင်ကို ခေါ်နေတာဗျာ။ ရဲတင်းလွန်းတယ်။ အုပ်ကြီးတွေရဲ့ လုပ်ရပ်က အနိုင်ကျင့်ရာကြတယ်။”ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။
မန္တလေးမြို့တွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းစစ်သည်ဟုဆိုကာ လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းများလည်း ပြုလုပ်လျက်ရှိ‌ေကြာင်း ဒေသခံများက ဆိုသည်။ ယခင်က စစ်မှုထမ်းစာရင်းပါဝင်သူများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ငွေကြေးယူကာ လူစားထိုးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
တည်းဖြတ် ။ ။အောင်ကျော်ဖြိုး
ရုပ်သံအညွှန်း- အမှတ်စဉ်(၁၂)အတွက် စစ်မှုထမ်း မဲနှိုက်ရန် မတ်လ၂၃ ရက် နံနက်ပိုင်း၌ မန္တလေးမြို့ ရတနာဘုမ္မိအရှေ့ရပ်ကွက်အတွင်း ရပ်ကျေးအုပ်ကြီးနှင့်အဖွဲ့မှ လှည့်လည် နှိုးဆော်နေစဉ်(ရုပ်သံ- CJ)
​​
#MizzimaBurmeseNews