ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ ■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ

by

in

ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ
■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ
မတ်-၂၀၊၂၀၂၅။ကဖေး/People’s Spring
အာရက္ခတပ်​တော် (AA) ကစစ်တွေနှင့်ကျောက်
ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက်
လက်ထိုးစစ်ဆင်​တိုက်လိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီး စစ်​ကောင်စီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်း၊ လက်နက်
ကြီး နှင့် ဒရုန်းအသုံးပြု၍တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ AAက စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိစစ်တပ်စခန်းများ၊တပ်
ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်​နေရာ မတ်လ ၂၂ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေ
သည်။
“စစ်တွေမှာဆိုAA မြို့အနားကပ်မလာနိုင်အောင် စစ်ကောင်စီက မြို့ပတ်ချာလည်ကို ပစ်ခတ်နေတဲ့အနေအထားပါ။ AAကလည်း လက်နက်ကြီးတွေ အားသုံးပြီး ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူး။ AAတက်မလာအောင်ကာပစ်နေရတဲ့အနေအထားပါ” ဟုစစ်ရေးသတင်းရင်း
မြစ်ကပြောသည်။
တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နှင့်ဆက်စပ်နေသော ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ် သဲခုံရွာတို့ကို စစ်ကောင်စီကမတ်လ ၂၂ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်
အအုံအချို့ပျက်စီးခဲ့သည်။
“စစ်တပ်ဘက်ကလေးဘက်လေးတန်က‌နေအပိတ်
ခံထားရတယ်လို့ ယူဆပြီး ရမ်းပစ်တာ။ AAက ပင်လယ်ဘက်ကပဲ တက်လာမလား၊ ကုန်းပေါ်ကနေပဲ ဝင်လာမလားလို့ သူတို့ စိုးရိမ်နေကြတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တွေ နှင့် ပုဏ္ဏားကျွန်းမြို့ကြား ဝါဘိုကျေးရွာ၌ အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားနေပြီး၊စစ်
တပ်က​လေ​ကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်​နေ​သည်ဟု AA ‌ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက People’s Spring သတင်းဌာနအား မတ်၂၀ ရက်​နေ့တွင် ပြောကြားထားသည်။
ကျောက်ဖြူမြို့နယ်တွင်လည်း ဓညဝတီရေတပ်စခန်းဆက်စပ်​သော ​ကျေးရွာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်း AA ​ပြော​​ရေးဆိုခွင့်ရှိသူက ဆက်​လက်ပြောသည်။
​ကျောက်ဖြူမြို့နယ်မှ ​ဒေသခံ တစ်ဦးကလည်း
ဓညဝတီရေတပ်စခန်းနှင့် ရဲတပ်ရင်း(၃၂)ကို ဦး
တည်သည့် AA၏ထိုးစစ်သည် ဆက်လက်ပြင်း
ထန်နေပြီး စစ်တွေတိုက်ပွဲကဲ့သို့ပင် စစ်ကောင်စီက ဒရုန်းနှင့် လက်နက်ကြီးများဖြင့်ခုခံတိုက်ခိုက်နေ
သည်ဟု ကပြောသည်။
ကျောက်ဖြူမြို့တွင်တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့်မြန်မာအကောင်အထည်ဖော်
နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိပြီး ယင်းနေရာများတွင် တရုတ်လုံခြုံ
ရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း ​ဒေသခံအချို့ကကပြောသည်။တိုက်ပွဲပြင်းထန်‌နေစဉ်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှထပ်မံရောက်ရှိလာသည်။
စစ်တွေမြို့တွင်လည်း အိန္ဒိယအစိုးရက ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။
AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်မှလွဲ၍ ကျန်မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင် မာန်အောင်မြို့ကို စစ်ရေးမဖော်ဆောင်သေးဘဲ ကျောက်ဖြူနှင့်စစ်တွေမြို့ကိုသာ ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်တွေနှင့်ကျောက်ဖြူမြို့မှ စစ်ကောင်စီစခန်များ
ကိုAAမတိုက်ခိုက်မီ လက်နက်ချကြရန် AAကဖမ်း
ဆီးထားသည့် အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ်
(နပခ)တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း
က၂၀၂၄ ဒီဇင်ဘာလတွင်တိုက်တွန်းခဲ့သည်။