ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာရှိ ပြည်သူ့ကျန်းမာရေး ဆေးခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၊ဆရာဝန်နှင့်ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံး

Photo News
ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာရှိ ပြည်သူ့ကျန်းမာရေး ဆေးခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၊ဆရာဝန်နှင့်ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံး
မတ်လ ၂၂ ရက်။

ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ် နေတဲ့ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာကို မတ်လ၂၂ နံနက် ၉နာရီခန့်အချိန်မှာ စစ်ကောင်စီကလေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် နှင်းခါးရွာက ပြည်သူ့ကျန်းမာရေးအတွက် ဖွင့်လှစ်ထားတဲ့ ဆေးခန်း အ ပေါ်ကို ဗုံးများကျရောက်ခဲ့ကာ ဆရာဝန်နဲ့ဆေးဝါးကုသမှုခံယူလျက်ရှိတဲ့ ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာဖြစ်တဲ့ Yaw Media မှ ဖော်ပြထားပါတယ်။
Photo By Yaw Media

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး
မတ် ၂၂ ၊ ၂၀၂၅
မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၄ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးပြီး အရပ်သား ၂ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးအပြင် မီးလောင်ဗုံးလို ဗုံးပါ ကြဲချသွားတယ်လို့ ဒေသခံတွေ ပြောဆိုနေပေမယ့် သီးခြားအတည်မပြုနိုင်သေးသလို လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်ကလည်း ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်ရင်းက အနီးရှိ ပျားရွာ၊ အောင်မြင်ရွာ၊ အနောက်ဂန့်ဂေါရွာ၊ ရှုံးရှီရွာတို့ကို စစ်ကြောင်းထိုးကာ အရပ်သားတွေကို ဖမ်းဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။