-
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်ဖြစ် -ရှိန်း/People’s Spring မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တလကျော်အကြာအထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ကလေယာဉ်ပစ်ကူသုံးပြီးထိုးစစ်ဆင် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကပြောပါတယ်။ မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာအနီး ကျေးရွာတွေကိုလည်းပြန်လည်ရယူဖို့စစ်တပ်ဘက်ကထိုးစစ်ဆင်တာတွေပြုလုပ်နေသလို တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ် နေတယ်လို့သိရပါတယ်။ မတ်လ ၂ ရက်နေ့ညပိုင်းကလည်းထန်းပင်ကုန်းရွာနဲ့ကျပ်ပြင်ရွာ တွေဘက်ကနေ ပစ်ခတ်သံတချို့ကြားရပြီး မတ်လ ၃ ရက် မနက်၁၁နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့သုံးကြိမ်ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာထိခိုက်မှုအခြေ အနေကို တော့မသိရ သေးပါဘူး။ “အဲဒီမှာ ပွိုင့်ကုန်းတွေရှိတယ်။အဲဒီကနေ သူ့ဘက် ကိုယ့်ဘက် ခဏခဏဖြစ် နေတာပဲ။အခုရက်ပိုင်းစစ်တပ်က ပိုပြီးထိုးစစ်ဆင်လာတာတွေ့ရတယ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲတွေရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။တိုက်ပွဲတွေဖြစ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က လေယာဉ်ပစ်ကူလာသလို၊ဒရုန်း၊လက်နက်ကြီးပစ်ကူ တွေလည်းပေး လေ့ရှိတယ်လို့သူကဆက် ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)MDY-PDFက ဦး ဆောင်သိမ်းယူထားပါတယ် ။ မန္တလေး-PDF က၂၀၂၄ ဇွန်လမှာစတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်း (ခေါ်)…
-
Breaking News- မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
Breaking News- မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ ရန်ကုန်၊ မတ် ၃ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မတ်လ ၃ ရက် နံနက် အစောပိုင်း ၁ နာရီမှ ၂ နာရီအထိ မြိုင်မြို့နယ်၊ ဆိပ်ချေးကျေးရွာအနီး၌ Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဂျုတ်ကုန်းကျေးရွာအနီး Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဘောင့်ဘင်ရွာကို Y12…
-
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ဓားပြတိုက်သွားမှု ရွှေ့ပြောင်း မြန်မာအများစု၏လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ဓားပြတိုက်သွားမှု ရွှေ့ပြောင်း မြန်မာအများစု၏လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ ရန်ကုန်၊မတ် ၃ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ Lotus ကုန်တိုက်တွင် ဖွင့်လှစ်ထားသော ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ယမန် နေ့ ညပိုင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဓားပြတိုက်မှု၏ တရားခံမှာ လွတ်မြောက်သွားသဖြင့် ရွှေ့ ပြောင်း မြန်မာအများစု၏ လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း မဲဆောက်ရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Lotus ကုန်တိုက်မှ ဩရွဇာရွှေဆိုင် ၅…
-
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့ ရန်ကုန်၊ မတ် ၃ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွ့်တွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံခဲ့ရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီးမှာ ယမန်နေ့ ညနေပိုင်းတွင် ဒုတိယမြောက်အဖြစ် ထပ်မံ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မီးရှို့ခံခဲ့ရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးသေဆုံးခဲ့ပြီး ၄ ရက်အကြာ ယမန်နေ့ မတ် လ ၂ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ဒဏ်ရာကိုဆေးရုံတွင် ကုသနေစဉ် ပိုးဝင်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မီးရှို့ခံခဲ့ရတဲ့ ၃…
-
တိုက်ပွဲပြင်းထန်းနေသောကျောက်ဖြူသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ
တိုက်ပွဲပြင်းထန်းနေသောကျောက်ဖြူသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ အိမ်သွင်/People’s Spring ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူလေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြော သည်။ “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံ ရေးရဲတွေပါ။စီမံကိန်းတွေဆီ တန်းသွားပါတယ်” ဟုမြို့ခံသတင်းရင်းမြစ်က People’s Spring ပြောသည်။ ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA)ကဖေဖော်ဝါရီလ၂၁ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ် သည်ဟု ဒေသခံများကပြောသည်။ တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)…
-
ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး
ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး ဧရာဝတီတိုင်းမ် မတ် ၂ ရက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေ တပ်ဌာနချုပ်၏ ကာကင်းစခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် ယမန်နေ့ မတ် ၁ ရက်နေ့က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ “ကျောက်ဖြူမြို့နယ်အစပ် ရေတပ်ရှိရာရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်ဖြူမြို့ထဲတော့ လေယာဉ်ကင်းပတ်တာတွေ ရှိတယ်။ ကျေးရွာတွေ ဘက်ကို ဗုံးကြဲတော့ မြို့ပေါ်မှာလည်း လေယာဉ်တောက်လျှောက်ပျံနေတာ မြင်နေရတယ်။ ရှောက်ချောင်းဘက်မှာ တိုက်ပွဲ ကဖြစ်နေတုန်းပဲလို့” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် ရေတပ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းများကို AA က…
-
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် ယနေ့ မတ်လ ၃ ရက်နေ့ စတင်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်ရောက်မည်၊ ရုရှားခရီးစဉ် လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများကို မသုံးဘဲ စစ်အရာရှိများက ဦးဆောင်
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် ယနေ့ မတ်လ ၃ ရက်နေ့ စတင်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်ရောက်မည်၊ ရုရှားခရီးစဉ် လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများကို မသုံးဘဲ စစ်အရာရှိများက ဦးဆောင် ရန်ကုန်၊ မတ် ၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင် လိုက်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နေပြည် တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ယူကရိန်းကို ကျူးကျော်သူ အကြမ်းဖက် ရုရှား ခေါင်း ဆောင် ဗလာဒီမာပူတင်နှင့် မတ်လ ၄…
-
လွန်ခဲ့တဲ့ ၃ ရက်က ပျောက်နေသူကို ကားဂိတ်မှာ ပြန်တွေ့၊ စိတ်မူမမှန်ဖြစ်နေ
လွန်ခဲ့တဲ့ ၃ ရက်က ပျောက်နေသူကို ကားဂိတ်မှာ ပြန်တွေ့၊ စိတ်မူမမှန်ဖြစ်နေ အသက် ၁၇ နှစ် အရွယ် မဟန်နီဦးမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီကျော်အချိန်က နေအိမ်မှ အလှကုန်ပစ္စည်းများ ဝယ်ရန်အတွက် ထွက်ခွါသွားပြီးနောက် ပျောက်ဆုံးနေတာခဲ့ဖြစ်ပြီး မတ်လ ၁ ရက်နေ့ ညပိုင်းက အောင်မဂ်လာ ကားဂိတ်မှာ ပြန်လည်ရှာတွေ့ခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ မဟန်နီဦးသည် ပုဇွန်တောင်မီးရထားဝန်းအတွင်း နေထိုင်သူဖြစ်ပြီး နေအိမ်မှ ၁၀၇ လမ်း သစ္စာလမ်းအတိုင်း ထွက်လာပြီးနောက် ဂမုန်းပွင့်ကုန်တိုက်ရှေ့အထိ တယောက်ထဲသွားနေတာကို နောက်ဆုံး စီစီတီဗီမှတ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။ ည ၇ နာရီလောက်က ပြန်ရှာတွေ့တာပါ။ သူ့ကိုမေးတော့ မန္တလေးဘက်ရောက်သွာတယ်လည်း ပြောတယ်။ မူဆယ်ဘက်နဲ့ မြဝတီဘက်က ပြန်လာတယ်လည်း…
-
ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်
ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန် မတ် ၂၊ ၂၀၂၅ တရုတ်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပတဲ့ မြန်မာ-တရုတ် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်ရဲ့(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဦးစိုးသိန်းက တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာ ဆိုးရွားစွာလျှပ်စစ်ပြတ်တောက်နေမှုကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကုန်တိုင်းအစိုးရ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်တာပါ။ “အစိုးရအနေနဲ့လည်း နိုင်ငံအတွင်းမှာလျှပ်စစ်မီးရရှိရေးအတွက် အားပေးဆောင်ရွက်နေတာဖြစ်တာကြောင့်လျှပ်စစ်မီးရရှိရေးအတွက်ရင်းနှီးမြုပ်နှံမှုတွေကိုကြိုဆိုပြီး လက်တွေ့ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့တရုတ်ကုန်သည်တွေကို တိုက်တွန်းပြောကြားလိုပါတယ် “လို့ ဦးစိုးသိန်းကဆိုပါတယ်။ ရန်ကုန်ကို လျှပ်စစ်မီးဖြန့်ဝေနေတဲ့ ပြည်ပဓာတ်အားပေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မှာ လျှပ်စ်မီးဖြန့်ဝေဖို့ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြည့်၀စွာ…
-
ကျားဖြန့်နှင့်ပတ်သက်၍ တရုတ်၏ သတင်းပေးတိုင်ကြားမှုကြောင့် တန့်ယန်းရှိ ရမခတိုင်းမှူးအပါအဝင် တိုင်းဦးစီးချုပ်များ၊ စစ်ထောက်ဗိုလ်မှူးကြီးများ၊ စစ်ဗျူဟာမှူးများ အဖွဲ့လိုက် ဖမ်းဆီးခံရ
ကျားဖြန့်နှင့်ပတ်သက်၍ တရုတ်၏ သတင်းပေးတိုင်ကြားမှုကြောင့် တန့်ယန်းရှိ ရမခတိုင်းမှူးအပါအဝင် တိုင်းဦးစီးချုပ်များ၊ စစ်ထောက်ဗိုလ်မှူးကြီးများ၊ စစ်ဗျူဟာမှူးများ အဖွဲ့လိုက် ဖမ်းဆီးခံရ ဧရာဝတီတိုင်းမ် မတ် ၂ ရက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ၏ ယာယီတိုင်းမှူး ဗိုလ်ချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် စစ်အရာရှိ ကြီးများအဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ရမခတိုင်းမှူးဗိုလ်ချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် စစ်ဗိုလ်ချုပ် ငါးဦးကို ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ လာဘ်စားမှုများရှိသည်ဟုဆိုကာ ဖမ်းဆီးလိုက် ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “တိုင်းမှူးနဲ့အဖွဲ့ကို ကျားဖြန့်နဲ့ ပတ်သက်ပြီးဖမ်းသွားတာ ဟုတ်တယ်။ သူတို့ကိုယ်တိုင် ဖွင့်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေရှိသလို လာဘ်ငွေယူပြီးပါမစ်ပေးထားတဲ့ ကျားဖြန့်ရုံတွေလည်းရှိတယ်။ မိုင်းရယ်နဲ့ တန့်ယန်းမှာ လပိုင်းအတွင်းကို ကျားဖြန့်ရုံတွေ တိုးလာတယ်။ အခုက…