မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်
-ရှိန်း/People’s Spring
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တလကျော်အကြာအထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ကလေယာဉ်ပစ်ကူသုံးပြီးထိုးစစ်ဆင် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကပြောပါတယ်။
မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာအနီး ကျေးရွာတွေကိုလည်းပြန်လည်ရယူဖို့စစ်တပ်ဘက်ကထိုးစစ်ဆင်တာတွေပြုလုပ်နေသလို တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ် နေတယ်လို့သိရပါတယ်။
မတ်လ ၂ ရက်နေ့ညပိုင်းကလည်းထန်းပင်ကုန်းရွာနဲ့ကျပ်ပြင်ရွာ တွေဘက်ကနေ ပစ်ခတ်သံတချို့ကြားရပြီး မတ်လ ၃ ရက် မနက်၁၁နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့သုံးကြိမ်ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုမှာထိခိုက်မှုအခြေ
အနေကို တော့မသိရ သေးပါဘူး။
“အဲဒီမှာ ပွိုင့်ကုန်းတွေရှိတယ်။အဲဒီကနေ သူ့ဘက်
ကိုယ့်ဘက် ခဏခဏဖြစ် နေတာပဲ။အခုရက်ပိုင်းစစ်တပ်က ပိုပြီးထိုးစစ်ဆင်လာတာတွေ့ရတယ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲတွေရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။တိုက်ပွဲတွေဖြစ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က လေယာဉ်ပစ်ကူလာသလို၊ဒရုန်း၊လက်နက်ကြီးပစ်ကူ တွေလည်းပေး လေ့ရှိတယ်လို့သူကဆက် ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပြည်သူ့ကာကွယ်ရေး
တပ်မတော်(မန္တလေး)MDY-PDFက ဦး ဆောင်သိမ်းယူထားပါတယ် ။ မန္တလေး-PDF က၂၀၂၄ ဇွန်လမှာစတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်း (ခေါ်) ရှမ်းမန်းစစ်ဆင်ရေးမှာ မတ္တရာမြို့နယ် အရှေ့ခြမ်းက
လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ၊မတ္တရာ ဆည်တော်ကြီး စခန်း ၊ Alpha ဖိလပ်မြေစက်ရုံစောင်တပ် ၊ ဖယောင်း တောင် ရွှေလုပ်ကွက် စခန်းအပါအဝင် စစ်စခန်းပေါင်း( ၄၀ ) ခန့်ကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကိုပိုင်
ဆိုင်တဲ့ ဖယောင်း တောင် ရွှေလုပ်ကွက်ကိုPDF တွေက သိမ်းပိုက်ထိန်းချုပ်ထားတာမို့ ဦးမောင်ကို
ဟာ ရွှေလုပ်ကွက်ပြန်လည်ရယူဖို့အတွက် လေ
ယာဉ်ဆီကုန်ကျစရိတ်ကိုဟာ စစ်ကောင်စီကို စိုက်ထုတ် ပေး နေတယ်လို့ စုံစမ်းသိရပါတယ်။
